Pages

Sunday, May 12, 2013

အညာက အဘဆီသို့ (ပေးစာ)

သို့ ... အညာက အဘ

သားကြီး အရေးတကြီး စာရေးလိုက်သည်။

ရွာဦးကျောင်း ဆရာတော်၊ သူကြီး ဘစီ၊ ကပ်ပိယ ချက်ကြီး၊ ကာလသား ခေါင်းဆောင် ကိုသာပေါ်၊ ဆရာလေး ကိုလူအေး၊ အိမ်က နွားနီ နွာညို တို့နှင့်တကွ တရွာလုံး ... အဲ ... အောက်နက် ပါမကျန် ကျမ္မာချမ်းသာကြပါစေလို့ သားကြီး ရှင်တော်ဘုရားထံ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် အဘ။
ရွာဦးကျောင်ကို ဥပုသ်စောင့် သွားတဲ့အခါ ဘုန်းဘုန်းကြီးကို လျှောက်လိုက်ပါ၊ အရင်လို တပါးထဲ မကျိမ်းပါနဲ့ ကပ်ပိယကြီးနဲ့ ကာလသားတွေ အနီးအနားမှာ ခေါ်ထားပြီး ကျိမ်းပါလို့ နောက်ပြီး ကျောင်းသားကိုရင်တွေကို စာသင်တဲ့ အခါမှာလည်း ရှေးယခင်ကလို သင်ပုန်းကြီး ပရိတ်ကြီး အောင်ခြင်းရှစ်ပါး သာမက အမျိုးသားရေး၊ လူမှူ့ရေး၊ စီးပွားရေးတွေပါ ထည့်သင်ပေးပါလို့… အခြေအနေလဲ ကြည့်လျှောက်အုံး ... တော်ကြာ ဘုန်းကြီးက စာချ လုပ်တယ် ဆိုပြီး ကြမ်လုံးနဲ့ စော်နေမယ်။

ပြီးတော့လဲ ဂျီးဒေါ်မနှင်းဥ နဲ့ ပုစူးမကို ဟိုဟိုဒီဒီ မသွားစေနဲ့ ... အိုဗျာ အမေ့ကိုတောင် ဝေးဝေးလံလံ မသွားစေနဲ့ အမေက အရွယ်တင်သေးတယ် မဟုတ်လားအဘ ... ကျုပ်စိုးရိမ်တာ တခြားမဟုတ်ဘူး အဘရေ …

ရွာထဲကို လူစိမ်းတွေ ဝင်နေသတဲ့ဗျ။ သူတို့က ရွာကလူတွေနဲ့ မတူဘူးတဲ့ အဘရေ ...

သူကြီးဘစီကိုလဲ အိမ်ကို ရေးနွေးကြမ်း လာသောက်တဲ့ အခါ ပြောလိုက်ပါအုံး။ လူစိမ်းတွေကို ရွာထဲ မ၀င်စေပါနဲ့ မှတ်ပုံတင်တွေ ဘာတွေ သေချာစစ်ပါ ခေါင်းရွက် ဈေးသည်က စလို့သေချာစစ်ပါ။

ပြောလို့သာပြောရတယ် ဘကြီးစီက သနားတတ်တယ် ၊ တရွာထဲသား အချင်းချင်းသာ ဟိန်းဟောက်နေတာ သူများတစိမ်းဆို အမတန် အားနာတယ်၊ တော်ကြာ ခဏလောက် နေနားခိုပါရစေလို့ …… သနားစရာ လေသံလေးနဲ့ဆိုလက္ခံထားမှာ။

ညညရောက်ရင် ရွာခြံစည်းရုံးကို လုံအောင်စောင့်ပါ … ဖဲသမားကြွက်နီတို့ တသိုက်ကို သေချာမှာပါ … ဒီေ
ကာင်တွေက အရက်ဖိုး ထန်းရေဖိုး ရရင် ဘာမဆို လုပ်တဲ့ကောင်တွေ။

ခုရောက်နေတဲ့ လူတွေကလဲ သူတို့ဘဲ သနားတယ်ဆိုပြီး ခေါ်လာခဲ့တာ မဟုတ်လား …

ဘာဖြစ်ဖြစ်လေ ... သူတို့အုပ်စုကို သူကြီးအမိန့်ထုတ်ရမှာပါ ... ဒီအကြောင်းတွေကို ဘကြီးစီလည်း သိလောက်

ပါပြီ။ သူအိမ်မှာ သစ်ပုံး HITACHI ရေဒီယိုကြီး ရှိတယ်မဟုတ်လား။

BBC , RFA တို့က သတင်းတွေ ကြားမှာပါ။ မယုတ်မလွန်ပြောတော့ပြောလိုက်ပေါ့ ရွာမကောင်း သူကြီး

ခေါင်း မဟုတ်လား။

ကာလသားခေါင်း သာကျော်ကိုလဲ ပြောစရာတွေ ရှိတယ် အဘ

ခုလို နွေရာသီဆို ကာလသားတသိုက်နဲ့ ရွာထိပ်က ကုက္ကိုယ်ပင်ကြီးအောက်မှာ ၀ိုင်းဖွဲ့နေကြမှာပေါ။

သူကလဲ မခေဘူးဆိုဘဲ အဘ၊ ရွာနီးချုပ်စပ်မှာ ပေါက်ပေါက်ရောက်ရောက် ရှိသတဲ့ ၊ ဘာတဲ့ human right. Humanitarianism ဆိုလား သူပြောပြောနေတာ ….

ဒီအတွက် ကျုပ်ဂုဏ်ယူပါတယ်လို့ ပြောပေးပါ အဘ …

ဒီတရားတွေက လူလောကကောင်းကျိုးနဲ့ ညီမျှမူ ရှိဖို့ အတော် လိုအပ်ပါတယ်။

ဒါကြောင့်လည်း ကျုပ်တို့ ဘုရားက ဒါတွေ အထပ်ထပ်အခါခါ ဟောခဲ့တာ မဟုတ်လား။

သူကိုယ်တိုင်လဲ စံနမူနာပြခဲ့တယ် မဟုတ်လား အဘ။

မှတ်မိသလောက် ပြောရအုံးမယ် မိကျောင်းမင်း ရေကင်းပြ ဖြစ်နေမလား မသိဘူး။

ပြည့်တန်ဆာခေါ်တဲ့ မိန်းမပျက်တွေကို သူ့သာသနာထဲ ခေါ်တာလေ၊ ပြီးတော့ သူတောင်းစားကို သင်္ကန်း

ဝတ်ပေးပြီး ကယ်တင်တာလေ၊ ကျုပ်တို့ ငယ်ငယ် ရောင်ပေစူးအရွယ်ကရွာဦးကျောင်းဘုန်းဘုန်းကြီး ဟော
တာ မှတ်ဘူးတယ် … ဘုရား … ဘုရား …. ကျုပ်ပြောရင်း ကျောထဲကတောင် စိမ့်လာတယ် အဘရေ။

ကျုပ်တို့ ဘုရား ၊ ကျူပ်တို့ ဘာသာလောက် လူ့အခွင့်အရေး ရတာ ရှိပါအုံးမလား။

ကျုပ်တို့ ရွာသားတွေဟာ အမေ့ ဗိုက်က ထွက်လာကထဲက ... ဘုရား ၊ တရား ၊ သံဃာ ၊ ပါဏာတိပါတာ ဝေ

ရမဏိ၊ စသဖြင့်ဆိုပြီး မွေးလာတာ မဟုတ်လား။

ဒီ အဆုံးအမတွေကြောင့်လဲ အေးအေးချမ်းချမ်း နေချင်ကြတာ ဖြစ်မယ်။ လူ့ယဉ်ကျေးမူ့ဆိုတာ ဘာသာ

တရားနဲ့ တိုက်ရိုက် ပတ်သက်တယ် မဟုတ်လား အဘ။

သာကျော်ကို ပြောစရာတွေ အများသား အဘ ...

စိတ်ရှည်ရှည်နဲ့ ပြောပြပါ အဘ ၊ သာကျော်က ရွာမှာ ရောက်နေတဲ့ လူစိမ်းတွေနဲ့ ရောရောနှောနှော နေ

သတဲ့ ၊ သူကြီးဘစီ စစ်ဆေး မေးမြန်းတာကို သူက သဘောမကျဘူး ဆိုလားပဲ။

လူ့ဂုဏ်သိက္ခာ ၊ လူကျင့်ဝတ်ဆိုတာ ကျုပ်တို့ ရွာသားတွေ နားလည်ကြပါတယ် အဘ ၊ ဧည့်သည်က ဧည့်

သည်ပေါ့ အိမ်ရှင်နဲ့ တူမလား အဘရယ်။

ကျုပ်တို့ ရွာသားတွေ စည်းကမ်းဖောက်လို့ ကျွန်သပေါက် ဖြစ်ခဲ့ရပြီး မဟုတ်လား။

ဒီတခါ စည်းကမ်းဖောက်ရင်ဖြင့်ကျုပ်နှမအဘမြေးမလေးတွေက ပေါက်မည့်သားကအ၀ှာရုပ်ပေါက်လို့ ကျုပ်

တို့ ဘာသာလဲ ပျေက်တော့မှာပေါ့။

ဒါတွင်မက ယဉ်ကျေးမူ့ကလဲ ၊ အမွှေအနှောက် ခံရအုံးမယ်။

အဘရေ စာကတော့ ရှည်နေပြီ ... ပြောစရာ မှာစရာတွေက များသဗျ။

ဆရာလေး ကိုလူအေးကို အထူးမှာချင်တယ်၊ တရွာလုံးမှာ ပညာတတ် လူငယ်ဆိုလို့ သူဘဲရှိတာမဟုတ်လား

 ... မျိုးဆက်သစ်လေးတွေ အတွက် အနစ်နာခံတဲ့ သူ့လို ကျောင်းဆရာတွေကို ကျုပ်စိတ်ထဲက ကြည်ညို
လေးစားနေတာ။

ဒီလောက်နဲ့လဲ မပြီးသေးဘူး အဘရေ ခောတ်ပညာတတ်ပြီး ဘာသာရေး အဆုံးအမတွေကို မသိရင် ပညာ

တတ် လူရိုင်းတွေ ဖြစ်ကုန်မှာပေါ့။

ရွာဦးကျောင်းဆရာတော်နဲ့ ပူပေါင်းပြီး ကျောင်းအားရက်မှာ ယဉ်ကျေးလိမ္မာ သင်တန်းလိုဟာမျိုး သင်စေ

ချင်တယ်။

ဒါမှလဲ ကလေးသူငယ်တွေ မိမိဘာသာ မိမိသာသနာ အပေါ် သံယောဇဉ် ဖြစ်မှာပေါ့။

နောက်အရေးကြီးတာ တခုရှိသေးတယ် အဘ ... ကျုပ်တို့ရွာသားတချို့မှာxenophobia တစိမ်းကြောက် ရော

ဂါဆိုလား ... ဖြစ်နေသတဲ့ (extreme dislike or fear of people from other counters) (ကိုယ်နဲ့ ဘာသာမတူ၊
 နှိင်ငံမတူတဲ့ လူတွေကို မနှစ်သက်တဲ့ရောဂါ)

ဟိုတခါ ရွာထဲမှာ ပြဿနာတက်တော့ BBC သတင်းမှာ ပြောတာ ကြားလိုက်ရတယ်။ ဟုတ်ချင်လဲ ဟုတ်

မှာပေါ့ ကျုပ်တို့ရွာက အမှောင်ခော်ထဲမှာ အတော်ကြာကြာ နေခဲ့ရ မဟုတ်လား အဘ။

ဒါလဲ မကြာခင်မှာ ပျောက်သွားပါလိမ့်မယ်။ မျိုးဆက်သစ်တွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရွာရေးရပ်

ရေး၊ အမျိုးသားရေး၊ ဘာသာရေးတွေမှာ ဦးဆောင် ဖြေရှင်းနှိင်အောင် သင်ကြားပေးဘို့အတွက် အဘနှင့်
တကွ ရွာက လူကြီးတွေ အပေါ်မှာ တာဝန်ရှိတယ် မဟုတ်လား အဘ။

တရားနည်းလမ်းတကျ ကာကွယ်ခွင့်ရှိတယ်။ တက်ညီလက်ညီ ကျိုးစားကြရင် အချိန်မှီတယ်လို့ ကျုပ်ယုံ

ကြည်တယ် အဘ။


( အဘ သားကြီး )

Credit : တက္ကသိုလ် ဘုန်းတေဇာ

Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment