Pages

Sunday, May 12, 2013

ဆန္ဒထုတ်ဖော်ခြင်း အပါအ၀င် အခြားအကြောင်း အရာများကြောင့် အလုပ်သမားများ အလုပ်ထုတ်ပယ်ခံရမှုများ ဆက်တိုက်ဖြစ်ပွား

ဆန္ဒထုတ်ဖော်ခြင်း အပါအ၀င် အခြားအကြောင်း အရာများကြောင့် အလုပ်သမားများ အလုပ်ထုတ်ပယ်ခံရမှုများ ဆက်တိုက်ဖြစ်ပွား 

မေလ ၁၂ ရက် ၂၀၁၃ 

စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများကို အလုပ်ရှင်များက လုပ်ငန်းခွင်မှ အလုပ်ထုတ်ပယ်မှုများ ၂၀၁၃ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

လက်ရှိတွင် စည်တော်ကြီးစက်ရုံ၊ ဖိနပ်စက်ရုံ၊ ထိပ်တန်းမြန်မာစက်ရုံ၊ ဟုတ်စိန်စက်ရုံ၊ ဘဘိုဆန်းစက်ရုံ၊ စံကောင်း ပီနံအိတ်စက်ရုံ၊ ချိုချိုဖြူ အထည်ချုပ်စက်ရုံ၊ ခွန်ခိုင်စက်ရုံ၊ အရုဏ်ဦးစက်ရုံတို့မှ အလုပ်သမား ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများတွင် ဖွဲ့စည်းခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေမှုများအပေါ် ဆန္ဒထုတ်ဖော်ခြင်း စုပေါင်းတောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်မှုများ ရှိခဲ့ခြင်း ဖြစ်သည်။

"မနေ့က Esquare ဖိနပ်စက်ရုံမှာ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး အပါအ၀င် အလုပ်သမား ငါးဦးကို အလုပ်ထုတ် ပါတယ်။ အကြောင်းရင်းက အလုပ်သမား ၀န်ကြီးဌာနကနေ လွှတ်တော်မှာ တင်ပြဖို့ဆိုပြီး အလုပ်သမားတွေကို မေးခွန်း တွေ ဖြေခိုင်းတယ်။ ဖြေပြီးသွားလို့ အလုပ်သမား ကိုယ်စားလှယ်က သွားပေးတာကို အလုပ်ရှင်က ခွင့်မပြုလို့ မြို့နယ် အလုပ်သမားရုံးကနေ ဖုန်းဆက်ပြီး ပြောပေးတယ်။ ဒါကို ဖြေကြားပေးတဲ့ အလုပ်သမား ကိုယ်စားလှယ် အပါအ၀င် အဖွဲ့ဝင် တွေကို အလုပ်ထုတ်တယ်" ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ စံကောင်း ပီနံအိတ်စက်ရုံတွင် ဧပြီ ၂၇ ရက်က အလုပ်သမား ကိုယ်စားလှယ် လေးဦးအပါအ၀င် အလုပ်သမား ၄၉ ဦးကို စက်ရုံနှင့် စက်ရုံရှေ့ ၀န်းကျင်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှုများ ပြုလုပ်ခြင်း၊ စက်ရုံအတွင်း ဆူပူမှု ဖြစ်စေရန်နှင့် စက်ရုံလုပ်ငန်းများကို ပျက်ပြားစေရန်ဟူသော အကြောင်းပြချက်ဖြင့် လုပ်ငန်းခွင်မှ ထုတ်ပယ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း၌ အောင်ငွေဦး (ပလတ်စတစ်စက်ရုံ)၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ Globle Electric လျှပ်စစ်ပစ္စည်းစက်ရုံ၊ Esquare ဖိနပ်ချုပ်စက်ရုံ၊ New-way အထည်ချုပ်စက်ရုံ၊ Gallant Ocean အအေးခန်းစက်ရုံ၊ Snergy အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံ၊ Bright Jaune အထည်ချုပ် စက်ရုံတို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven

မေလ ၁၂ ရက် ၂၀၁၃
စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများကို အလုပ်ရှင်များက လုပ်ငန်းခွင်မှ အလုပ်ထုတ်ပယ်မှုများ ၂၀၁၃ ခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း အလုပ်သမား ကိုယ်စားလှယ်များနှင့် အလုပ်သမားအရေး
 ဆောင်ရွက်သူများက ပြောသည်။ လက်ရှိတွင် စည်တော်ကြီးစက်ရုံ၊ ဖိနပ်စက်ရုံ၊ ထိပ်တန်းမြန်မာစက်ရုံ၊ ဟုတ်စိန်စက်ရုံ၊ ဘဘိုဆန်းစက်ရုံ၊ စံ
ကောင်း ပီနံအိတ်စက်ရုံ၊ ချိုချိုဖြူ အထည်ချုပ်စက်ရုံ၊ ခွန်ခိုင်စက်ရုံ၊ အရုဏ်ဦးစက်ရုံတို့မှ အလုပ်သမား ကိုယ်
စားလှယ်များ၊ အဖွဲ့အစည်းများတွင် ဖွဲ့စည်းခြင်း၊ ပါဝင်ပတ်သက်ခြင်း၊ လုပ်ငန်းခွင် အဆင်မပြေမှုများအပေါ် ဆန္ဒထုတ်ဖော်ခြင်း စုပေါင်းတောင်းဆိုမှုများ ပြုလုပ်ခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်မှုများ ရှိခဲ့ခြင်း ဖြစ်
သည်။

"မနေ့က Esquare ဖိနပ်စက်ရုံမှာ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး အပါအ၀င် အလုပ်သမား ငါးဦးကို အ
လုပ်ထုတ် ပါတယ်။ အကြောင်းရင်းက အလုပ်သမား ၀န်ကြီးဌာနကနေ လွှတ်တော်မှာ တင်ပြဖို့ဆိုပြီး အလုပ်
သမားတွေကို မေးခွန်း တွေ ဖြေခိုင်းတယ်။ ဖြေပြီးသွားလို့ အလုပ်သမားကိုယ်စားလှယ်ကသွားပေးတာကို အ
လုပ်ရှင်က ခွင့်မပြုလို့ မြို့နယ် အလုပ်သမားရုံးကနေ ဖုန်းဆက်ပြီး ပြောပေးတယ်။ ဒါကို ဖြေကြားပေးတဲ့ အ
လုပ်သမား ကိုယ်စားလှယ် အပါအ၀င် အဖွဲ့ဝင် တွေကို အလုပ်ထုတ်တယ်" ဟု အလုပ်သမားအရေး ဆောင်
ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ စံကောင်း ပီနံအိတ်စက်ရုံတွင် ဧပြီ ၂၇ ရက်က အလုပ်သမား ကိုယ်စားလှယ် လေးဦး
အပါအ၀င်အလုပ်သမား၄၉ ဦးကို စက်ရုံနှင့်စက်ရုံရှေ့ဝန်းကျင်တွင် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သည့် စုဝေး
မှုများ ပြုလုပ်ခြင်း၊ စက်ရုံအတွင်း ဆူပူမှု ဖြစ်စေရန်နှင့် စက်ရုံလုပ်ငန်းများကို ပျက်ပြားစေရန်ဟူသော အ
ကြောင်းပြချက်ဖြင့် လုပ်ငန်းခွင်မှ ထုတ်ပယ်ခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း၌ အောင်ငွေဦး (ပလတ်စတစ်စက်ရုံ)၊ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံ၊ Globle Electric လျှပ်စစ်ပစ္စည်းစက်ရုံ၊ Esquare ဖိနပ်ချုပ်စက်ရုံ၊ New-way အထည်ချုပ်စက်ရုံ၊ Gallant Ocean အအေး
ခန်းစက်ရုံ၊ Snergy အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံ၊ မြန်မာစိုးစံဝင်း ဖိနပ်စက်ရုံ၊ Bright Jaune အထည်ချုပ် စက်ရုံတို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Eleven Media , Rangonnewsdaily
RND:  :12.5.2013

0 comments:

Post a Comment