Pages

Saturday, April 6, 2013

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။ ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချပေးမည့် CDMA 800 MHz ဖုန်းများတွင် အင်တာနက်လိုင်းပါဝင်မည် မဟုတ်ဘဲသီးခြားလျှောက်ထားရမည် ဖြစ်ပြီး လျှောက်ထားရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် တလောတွင် အရမ်းကျဆင်းတာမျိုးမဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။မိုဘိုင်းဖုန်းသုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက်အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင်အသုံးပြုခွင့်ပြုထားရာ လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆများစွာမြင့်တက်လာကြောင်း သတင်းရရှိသည်။

SkyNet TV Browser, Rangonnewsdaily
RND:6.4.2013

0 comments:

Post a Comment