Pages

Saturday, April 6, 2013

(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာသတင်း

BREAKING NEWS,,,(၆-၄-၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ ဒုက္ခသည်များအား စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့် ခေါ်ဆောင်သွားခဲ့ခြင်း(၆-၄-၂၀၁၃)ရက်နေ့ မိတ္ထီလာခရိုင်အားကစားကွင်းအတွင်းမှ အစွန်းရောက်ဗုဒ္ဓဘာသာအကြမ်းဖက်များ၏ လုယက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီး ခိုးဝှက်မှုကြောင့် ဒုက္ခရောက်ခဲ့ကြရသော မွတ်စ်လင်မ်ဒုက္ခသည်များအား မိမိတို့နေအိမ်များသို့ လက်ကျန်ပစ္စည်းများကောက်ယူ သိမ်းဆည်းရန်ဟု ပြောပြီး စစ်ကားကြီးများဖြင့် တစ်အိမ်ထောင်လျှင် (၂)ယောက်နှုန်းဖြင့် ခေါ်ဆောင်သွားခဲ့ပါသည်။

အဆိုပါခေါ်ဆောင်သွားသူများသည်သီရိမင်္ဂလာရပ်ကွက်တွင်နေထိုင်ကြသူများဖြစ်ပြီး အချို့ဒုက္ခသည်များ
၏နေအိမ်များမှာမီးလောင်ခြင်း၊ပျက်စီးခြင်းများရှိခဲ့ပြီးအချို့သောအိမ်များမှာ အနည်းငယ်မျှသာပျက်စီးခဲ့ပါ
သည်။

ထိုသို့ကျန်သောပစ္စည်းအကြွင်းအကျန်များကိုကောက်ယူသိမ်းဆည်းရာတွင်မည်သည့် ပစ္စည်းတစ်စုံတစ်ရာ
မျှ ကျန်ရှိတော့ခြင်းမရှိဘဲ။ မီးလောင်ကျွမ်းပျက်စီးမှုကြောင့် ကျန်ရှိသော သံတိုသံစပစ္စည်းများပင်လျှင် ကျန်ရှိတော့ခြင်းမရှိပါ။ အနည်းငယ်မျှသာ ပျက်စီးသော အိမ်များကို ဖွင့်ကြည့်ကြရာတွင်လည်း အိမ်တွင်းပစ္စည်းများမှာ အကုန်လုံးနီးပါး ပျောက်ဆုံးနေခြင်းကိုသာတွေ့ရပါသည်။

ပစ္စည်းများကောက်ယူစရာမရှိတော့သဖြင့် ပြန်တော့မည်ဟု ပြောဆိုရာ “ခဏနေပါအုံး ခယက၊ မယက များလာရန်ရှိသောကြောင့်ခဏစောင့်ဆိုင်းပေးရန်”ပြောဆိုပြီးအဆိုပါ မကျန်ရှိတော့သောပစ္စည်းများအား
ကောက်ယူနေဟန်များကိုမှတ်တမ်းတင်ဗီဒီယိုများ၊ဓါတ်ပုံများရိုက်ကူး၍မီဒီယာတွင် မည်ကဲ့သို့ ပြောဆိုမည်
ကို မသိရသေးပါ။
 
အလင်းမျက်ဝန်း , ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်- ၆.၄.၂၀၁၃
 
 

0 comments:

Post a Comment