Pages

Saturday, April 6, 2013

နိုင်ငံတ၀န်း ဖြစ်ပွားခဲ့တဲ့ ၉၆၉ တရားပွဲများမှ စွပ်စွဲချက်များ ပြန်လည်ဖြေရှင်းချက်

ယနေ့နိုင်ငံတစ်ဝန်းမှာဖြစ်ပေါ်နေတဲ့၉၆၉ တရားပွဲများတွင်တရားဟောဆရာတော်များစွပ်စွဲပြောဆို နေကြ
တာနဲ့ပတ်သတ်ပြီးဖြေရှင်းချက်များလည်းရှိနေပါတယ်။ ကိုဟင်းဒရစ်ရဲ့အဖြေစကားများကို ဖော်ပြပေးလိုက်
ပါတယ်။
၁..မြန်မာပြည်မှာနေပီး မြန်မာတွေ မသိအောင် ဗလီထဲမှာ လူမှုရေး စီးပွားရေး လူမျိုးရေးစတဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေလုပ်တာ...
ဖြေ ၁ ။ ။ အရှင်ဘုရား ... မုစ်လင်မ်တွေရဲ့ ဗလီဆိုတာ ၀တ်ပြုဖို့ပါ၊ ဗလီထဲမှာ စီးပွားရေး လူမှုရေး၊ လူမျိုးရေး လုံးဝ (လုံးဝ) လုပ်ခွင့်မရှိတဲ့ နေရာပါ ဘုရား။ ၂...ဗလီဆောက်ပီး အဲဒီဧရိယာတ၀ိုက် မှာ သူတို့ ဘာသာဝင်တွေသာကို အုပ်စုဖွဲ့ပီး စီးပွားရေးလုပ်ခွင့်ပေးတာ...

ဖြေ ၂ ။ ။ အရှင်ဘုရားရေ ... မန္တလေးမှာသော်လည်းကောင်း၊ ရန်ကုန် မြို့လည်ခေါင် မှာသော်လည်း ကောင်း ဗလီ ဘေးပတ်ဝန်းကျင်မှာ အခြား ဘာသာဝင်များကို စီးပွားရေး လုပ်ခွင့်ပေးထားပါတယ်ဘုရား၊ ဗလီအနားမှာ မို့လို့ ဘာသာခြား တော်တော်များများ အရောင်းအ၀ယ် လာမလုပ်တာဘဲ ရှိမယ်၊ ဘာသာခြားကို လုံးဝ မငှားမရမ်း၊ စီးပွားရေး လုပ်ခွင့်မပေးဖို့ အစ္စလာမ် သာသနာက မိန့်မထားပါဘူး ဘုရား .... ။

၃..မြန်မာပြည်မှာနေပီး မြန်မာအမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ရရင် သူတို့ဘာသာဝင်အဖြစ် နည်းမျိုမျိုးနဲ့ မတရားသိမ်းသွင်းတာ....

ဖြေ ၃ ။ ။ အရှင်ဘုရားရေ .... အစ္စလာမ် အမျိုးသမီးတွေ ဗုဒ္ဓဘာသာနဲ့ လက်ထပ်ယူသွားပြီး အစ္စလာမ် ဘာသာကနေ အခြား ဘာသာကို ကူးပြောင်းသွားတာ အများကြီးပါဘုရား၊ နောက်ပြီး အစ္စလာမ် သာသနာရဲ့လမ်းညွှန်ချက်မှာ ဘာသာတူအချင်းချင်းပဲ ပေါင်းသင်း လက်ထပ်ယူဖို့ ပညတ်ထားပါတယ်ဘုရား။ အရှင်ဘုရား အစ္စလာမ်သာသနာအကြောင်း ထဲထဲ ၀င်ဝင် လေ့လာရင် သိနိုင်ပါတယ်ဘုရား ။

၎.. စီးပွားရေးကို အချင်းချင်း ဆက်ဆံရေးအသွင်နဲ့ ( ဥပမာ.သံထည် အိမ်ဆောက်ပစ္စည်းမျိုးတွေကို တဖြည်းဖြည်း လက်ဝါးကြီးအုပ်လုပ်လာနေတာ....

ဖြေ ၄ ။ ။ အရှင်ဘုရားရယ် စီးပွားရေးလုပ်တာ လည်သူစားစတမ်းပါ၊ အခုလို ခေတ်ကြီးမှာ စီးပွားရေး လက်ဝါးကြီးအုပ်တယ်လို့ ပြောနေကြတာဟာ ပြောတဲ့သူ အရည်အချင်းမရှိလို့ပါဘုရား၊ ဈေးကွက်စီးပွားရေးအတွက် ဘယ်သူမဆို ဘယ်သူ့ကိုမဆို စိန်ခေါ်နိုင်စွမ်းရှိပြီး အထက်တန်းကျကျ ယှဉ်ပြိုင်နိုင်စွမ်း ရှိရပါ့မယ် ဘုရား ..... ။

၅...မြန်မာပြည်မှနေပီး အခြား အစ္စလာမ်နိုင်ငံတွေက အကူအညီတွေနဲ့ လူမျိုး၊ ဘာသာ၊ စီးပွား ပြန့်ပွားရေးတွေဆောင်ရွက်နေတာ..

ဖြေ ၅ ။ ။ အရှင်ဘုရားရယ် .... ဘယ်အစ္စလာမ်နိုင်ငံကလူတွေ မြန်မာပြည်ထဲက မုစ်လင်မ်တွေကို အကူအညီပေးပြီး လူမျိုး၊ ဘာသာ၊ စီးပွားရေး ပြန့်ပွားအောင် ဆောင်ရွက်နေတယ်ဆိုတာ ဦးဇင်း တပ်အပ်ပြောနိုင်လားဘုရား၊ သက်သေမပြနိုင်ဘဲ စွပ်စွဲ၇င် အပြစ်ထိုက်ပါတယ် ဘုရား ။ အဲဒီလိုမျိုး သူများနိုင်ငံတွေက ထောက်ပံ့နေရင် မြန်မာပြည်ထဲမှာ ဆင်းရဲတဲ့ အစ္စလာမ် ဘာသာဝင်တွေဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူးဘုရား ..... ။

၆.. ဘာသာရေးကို ဘာသာရေးနဲ့တူအောင်မလုပ်ဘဲ မြန်မာတွေ မမြင်သာအောင် အဆောက်အဦးတွေကို လျှို့ဝှက်ပုံစံတွေနဲ့ ဆောက်ထားတာ...

ဖြေ ၆ ။ ။ လျှို့ဝှက်ပုံစံဆိုတာ ဘယ်လိုမျိုးလဲဘုရား၊ ဗလီထဲမှာ ဘာသာရေးပဲ လုပ်ခွင့်ရှိတယ်ဆိုတာ တပည့်တော် အထက်က နံပတ် ၁ အဖြေမှာ ဖြေကြားပြီးသားပါဘုရား၊ အ၇ှင်ဘုရား မိန့်တဲ့ လျှို့ဝှက်ပုံစံဆိုတာ ဘယ်လိုမျိုးဆိုတာ သိပါရစေ။ သေချာတာ က တော့ ဗလီတွေမှာ ဌာပနာတိုက်ဆိုတာမျိုး မရှိပါခင်ဗျား။

၇...ပြဿနာတစ်ခုဖြစ်တာနဲ့ နိုင်ငံခြားသတင်းဌာနတွေစီ အရင်ဆုံး မမှန်မကန်သတင်းတွေပို့တာ..

ဖြေ ၇ ။ ။ နိုင်ငံခြား သတင်းဌာနတွေဆိုတာ မမှန်မကန် သတင်းတွေကို လက်မခံပါဘူးဘုရား၊ မမှန်မကန် ၀ါဒဖြန့်ပြီး အဓိကရုန်းဖြစ်အောင် မြှောက်ထိုး ပင့်ကော်လုပ်နေတဲ့ ပြည်တွင်းက မီဒီယာတွေကို ဦးဇင်း ဘယ်လို သတ်မှတ်လဲ ဘုရား။

၈...ဒေသတစ်ခုကို စုပေါင်းခြေကုတ်ယူပီး အင်းအားကောင်းလာအောင်လုပ်တာ..

ဖြေ ၈ ။ ။ ခြေကုတ်ယူတာတို့ အင်အားကောင်းလာအောင် လုပ်တာတို့ကို ဘယ်မြို့တွေမှာ လုပ်နေတယ်လို့ ဦးဇင်း တပ်အပ်ပြောနိုင်လည်းဘုရား၊ တရုတ်က မန်းတလေးကို သိမ်းထားတာကိုရော ဦးဇင်း ဘယ်လိုမြင်လဲ ဘုရား။

၉...မြန်မာပြည်တွင်းကို တရားမ၀င်ကုလားများဝင်လာနိုင်အောင် အကူအညီပေးတာ..

ဖြေ ၉ ။ ။ တရားမ၀င် လူတွေ ၀င်လာအောင် လုပ်တယ်ဆိုတာ တော်ရုံတန်ရုံ လုပ်လို့မရဘူး အရှင်ဘုရား၊ မြန်မာပြည်က စီးပွားရေး အရမ်းကောင်းလွန်းလို့ ပြည်ပက တရားမ၀င်လူတွေကို ပြည်တွင်းကမုစ်လင်မ်တွေက တင်သွင်းတယ်လို့ ဦးဇင်းက မြင်နေတာလားဘုရား ။။။။

၁၀..အင်းအားစုမိတဲ့ နေရာတိုင်းမှာ ပတ်ဝန်းကျင်ကို အလေးမထားပဲ မြန်မာတိုင်းရင်း သားများ အလေးထားတဲ့ နွားတွေကို လည်လှီပီး ရက်စက်တဲ့ သတ်ဖြတ်မှုတွေလုပ်တာ..

ဖြေ ၁၀ ။ ။ ဦးဇင်းရေ ... အစ္စလာမ် သာသနာရဲ့ ပညတ်ချက်က စားပိုင်ခွင့်ရှိတဲ့ သတ္တ၀ါတွေကို လည်လှီးပြီး စားသုံးမှ ခွင့်ပြုထားတာပါ။ လည်လှီးပြီး သတ်ဖြတ်ခံရတဲ့ သတ္တ၀ါကို စားသုံးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လည်းဆိုတာကို အရှင်ဘုရားအနေနဲ့ ဆေးပညာ ကျမ်းတွေကို ရှာဖွေ ဖတ်ရှုနိုင်ပါတယ်ဘုရား၊ နောက်ပြီးတော့ သတ္တ၀ါတစ်ကောင်ကို စားသုံးတော့မယ်ဆိုရင် အဲဒီသတ္တ၀ါ အသက်ပျောက်မှ စားသုံးခွင့်ရှိတာ မဟုတ်ဘူးလားဘုရား၊ 
 
လည်ပင်းလှီးသတ်ခံရ ခံရ၊ ရဲတင်းနဲ့ ခုတ်ထစ်ပြီး အသတ်ခံရ ခံရ၊ ဒါးနဲ့ နံကြားကို ထိုးပြီး အသတ်ခံရ ခံရ အဲဒီသတ္တ၀ါ သေဆုံးသွားမှ စားသုံးလို့ရတာမဟုတ်လားဘုရား၊ 
 
အစ္စလာမ်ဘာသာဝင်တွေနွားသတ်တယ်ဆိုတာလုံခြုံတဲ့နေရာမှာပဲ သတ်တာပါဘုရား၊ နောက်တစ်ချက်က
နွားတွေကိုပဲ သနားတော့မှာလားဘုရား၊ 
 
ကျန်တဲ့ သတ္တ၀ါတွေ -- (၀က်၊ ကြက်၊ သိုး၊ ဆိတ်) အဲဒါတွေကို နေ့စဉ် သတ်ဖြတ်နေတာတွေကိုရော ဦးဇင်း ဘယ်လိုမြင်လဲဘုရား။ အရွယ်ကောင်းကောင်း နွားတစ်ကောင် (အသက်တစ်ချောင်း) က လူပေါင်း ၂၀၀၀ အတွက် တစ်နပ်စာ အာဟာရဖြစ်စေပါတယ်။ 
 
ပုစွန်ခြောက် ၊ ငါးပိ တစ်ကျပ်သားမှာ အသက်ပေါင်းများစွာ ပါဝင်ပေမယ့်
လူတစ်ယောက် တစ်နပ်စာကို တောင် အာဟာရမဖြစ်စေပါဘုရား။ အသိဥာဏ်ရှိသူတွေ က ဘယ်အစားအစာ
က ပိုအပြစ်ကင်းကြောင်းတွေးယူနိုင်ပါတယ် အရှင်ဘုရား

၁၁...ဗလီတွေ စာသင်ကျောင်းတွေကို လျှို့ဝှက် နည်းအမျိုးမျိုးနဲ့ ရအောင်ဆောက်ပီး ခြေကုပ်ယူတာ..

ဖြေ ၁၁ ။ ။ စစ်အစိုးရလက်ထက်မှာရော၊ အခု အစိုးရလက်ထက်မှာပါ အသစ်ဆောက်ခွင့်ရှိတဲ့ ဗလီ ရှိရင် ပြောပြပါ့လားဘုရား၊ စာသင်ကျောင်းကတော့ ကိုယ့်ဘာသာဝင်ထဲက ကလေးသူငယ်တွေ လိမ္မာ ယဉ်ကျေးအောင် ဗလီရဲ့ နေရာတစ်ခုမှ သင်ကြားပေးနေတဲ့နေရာတစ်ခုလို လုပ်ပြီး သင်ကြားပေးနေတာပါ။ ဘုန်းကြီးကျောင်းတွေ မှာရော ကလေးတွေ ကို စောင့်ရှောက်ပြီးစာပေမသင်ကြားလို့လား ဘုရား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာကျောင်းတွေကရော တရားဝင်လား ဘုရား။

၁၂..အစိုးရ စီမံကိန်းနဲ့ မလွတ်လို့ ပြောင်းရွှေ့ခိုင်းရင် ဘုန်းကြီးကျောင်းတောင် ပြောင်းရွှေ့ပေးရပေမဲ့ ဗလီကို တလက်မအရွေ့မခံတာ...

ဖြေ ၁၂ ။ ။ အစိုးရ စီမံကိန်းနဲ့ မလွတ်တဲ့ ဗလီ တစ်လုံးတစ်လေ ရှိရင် ပြောပြပေးပါ့လား ဘုရား၊ တစ်လုံးမှမရှိရင် စွပ်စွဲသလိုဖြစ်ပြီး အပြစ်ထိုက်ပါတယ် ဘုရား။

၁၃...ဗလီဧရိယာမှန်သမျှ မြန်မာနိုင်ငံ အစိုးရပိုင်အဖြစ် မသတ်မှတ်ဘဲ တကမ္ဘာလုံးက အစ္စလာမ်ဘာသာဝင်တွေနဲ့သာဆိုင်တဲ့ နေရာအဖြစ်သတ်မှတ်တာ...

ဖြေ ၁၃ ။ ။ ဦးဇင်းအဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထား ပြနိုင်လားဘုရား၊ ဗလီဝတ်ကျောင်းတော်ဆိုတာ အစ္စလာမ် ဘာသာဝင် အားလုံးအတွက် ၀တ်ပြုဖို့နေရာပါဘုရား၊ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေကရော ဗုဒ္ဓဘာသာဝင် အားလုံးနဲ့ မဆိုင်ဘူးလား ဘုရား။

၁၄...နိုင်ငံခြားအစ္စလာမ္မစ်နိုင်ငံတွေမှာအခြားသာသာဝင်တွေရဲ့စီပွားလုပ်ကိုင်ခွင့် ပိုင်ဆိုင်ခွင့်..ဘာသာရေး
လုပ်ခွင့်တွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ...ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်..

ဖြေ ၁၄ ။ ။ အရှင်ဘုရား ခင်ဗျား .... အာရဗ်နိုင်ငံတွေမှာ စီးပွားရေး လုပ်ကိုင်နေတာ တရုတ်လူမျိုးတွေ များပါတယ်ဘုရား၊ အီဂျစ်လို နေရာမျိုးမှာတောင် တရုတ်က စက်ရုံတွေ တည်ပြီး Quality ပစ္စည်း ထုတ်နေတာပါဘုရား၊ အဲဒီ အီဂျစ်တွေက ဗုဒ္ဓဘာသာတွေပါဘုရား၊ 
 
အစ္စလာမ်ဘာသာဝင် ပန်းသေးတွေ မဟုတ်ပါဘူးဘုရား၊ အခြားသော အာရဗ်နိုင်ငံတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ၊ အဆိုပါ တိုင်းပြည်တွေ တိုးတက်ဖို့ မည်သည့်နိုင်ငံက မည်သည့်ဘာသာဝင်မဆို လွတ်လပ်စွာ စီးပွားရေး လုပ်ခွင့်ပေးထားပါတယ်ဘုရား၊ မလေးရှားကိုကြည့်ရင်လည်း ထိုနည်းအတိုင်းပါဘဲ ဘုရား၊ ဘာသာရေးနဲ့ ပတ်သက်ပြီးလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပါတယ်ဘုရား၊ 
 
ပါကစ္စတန် လို Islamic နိုင်ငံ၊ အင်ဒိုနီးရှားလို မွတ်စလင် အများစုကြီးနိုင်ငံအာရပ်နိုင်ငံအချို့ မှာ ခရစ်ယျာန် Chruch ကျောင်းတွေရှိပါတယ်ဘုရား၊ အရှင်ဘုရားတို့လည်း သာသနာပြုသွားလို့ရပါတယ်ဘုရား။ တပည့်တော် တင်ပေးမယ့် လင့်က်ကတော့ အာရပ်နိုင်ငံတစ်ခုမှာ ခရစ်ယျာန်တွေ ဘုရားပွဲလုပ်နေတဲ့ Video Clips ပါဘုရား။

http://www.youtube.com/watch?v=LOL_CBc_PPY
undefined

အရှင်ဘုရားမေးထားတဲ့ မေးခွန်း ၁၄ ခုကို တပည့်တော် ဖြေပြီးပါပြီ၊ အဲဒါတွေကို အရှင်ဘုရား တိတိကျကျ ဖြေကြားပေးနိုင်ရင် အရှင်ဘုရားပြောကြားတဲ့ ပြုပြင်ရမယ့် အချက်တွေကို ပြင်ဖို့ တပည့်တော်တို့ ကြိုးစားပါ့မယ်ဘုရား။
 
Credit by: ဟင်းဒရစ်
ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်- ၆.၄.၂၀၁၃

0 comments:

Post a Comment