Pages

Saturday, April 6, 2013

အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းဒေသခံတွေ စစ်ဘေး လွတ်ရာထွက်ပြေး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA- North တပ်တွေရှိတဲ့ တန့်ယန်းမြို့နယ် အတွင်းက သံလွင်မြစ်တလျှောက်နေရာတွေ ကို အစိုးရတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တန့်ယန်းမြို့နယ် ဒေသခံ ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသား တစ်ထောင်နီးပါး ရွှေ့ပြောင်းနေရတယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်း လူ့အခွင့်အရေး အဖွဲ့က ဧပြီလ ၅ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကတည်းက မြန်မာစစ်တပ်ဟာ အဲဒီ တန့်ယမ်းမြို့နယ်အတွင်းမှာ အင်အားတိုးချဲ့ ချထားလိုက်ပြီး ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့ခြေကုတ်ယူထားတဲ့ နေရာတွေကနေ ဆုတ်ခွာပေးအောင် တောင်းဆိုထားတာရှိသလို အခုနောက်ပိုင်း စစ်ရေးအရ ဖိအားပေးနေတာလို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒေသခံ ကျေးရွာသားတွေဟာ နေအိမ်တွေစွန့်ပြေးရပြီး တန့်ယန်းမြို့က ဘုန်းကြီးကျောင်း တချို့နဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာလည်း ဒေသခံရွာသားတစ်ချို့ဟာ အစိုးရတပ်တွေရဲ့ တပ်စခန်းတွေမှာ နေ့ည လုပ်အားပေးနေရတာတွေ ရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟာ အစိုးရနဲ့ ၁၉၈၉ ခုနှစ်ကတည်းက တရားဝင် အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လလောက်ကစပြီး စစ်ရေး အခြေအနေ ပြန်လည်တင်းမာခဲ့တာလို့ သိရပါတယ်
 
RFA Burmese, Rangonnewsdaily
RND:6.4.2013

0 comments:

Post a Comment