Pages

Saturday, April 6, 2013

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို စွမ်းအင်ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ်မည်

လမ်းမတော် မြို့နယ်ရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ ရောဂါကု ဌာနများ ဖြစ်သော ဆီး နှင့် ကျောက်ကပ် အထူးကု ဌာန ၊ ရင်ခေါင်း ဆေးကု အထူးကုဌာန ၊ ရင်ခေါင်း ခွဲစိတ် အထူးကု ဌာန ၊ အသည်းဆေးကု အထူးကု ဌာန ၊ အသည်း ခွဲစိတ် အထူးကု ဌာန ၊ အဆစ်အမြစ် ဆေးကု ဌာနများ အပါအ၀င် ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ် ကြီးရှိ ဆီး နှင့် ကျောက်ကပ် ခွဲစိတ် အထူးကု ဌာန များကို မင်းရဲ ကျော်စွာလမ်း ရှိ စွမ်းအင် ရုံဟောင်း နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ် မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ပြောင်းရွှေ့ ဖွင့်လှစ် နိုင်ရန် အတွက် အဆောက်အဦး သစ် ဆောက်လုပ်ခြင်း ၊ ပြုပြင် မွမ်းမံခြင်း များကို ရွှေတောင် ဆောက်လုပ်ရေး ၊ Original Group ဆောက်လုပ်ရေး ၊ အေ၀မ်း ဆောက်လုပ်ရေး နှင့် Golden Flower ဆောက်လုပ်ရေး လုပ်ငန်းများက ကူညီ ပံ့ပိုး ပေးလျက် ရှိကြောင်း ၊ မွမ်းမံမှု ပြီးဆုံး မှသာ ရန်ကုန် ပြည်သူ့ ဆေးရုံသစ်ကြိး ဖွင့်လှစ် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
Myawady News, Rangonnewsdaily
RND:6.4.2013

0 comments:

Post a Comment