Pages

Saturday, April 6, 2013

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား

အမေရိကန် နိုင်ငံက ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယားတွင် ဖြန့်ကြက် ချထား


မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။

အမေရိကန် အမှတ် (၂၃) ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်အင်အား ၂၅ဝ ခန့်သည် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြောက်ပိုင်း ယီဂျောင်ဗြူ အရပ်ရှိ စတန်လေ စခန်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များအား အသုံးပြု ခဲ့သည့်အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ ထို့အပြင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အတွက် အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်းအားမြင့် ပဲ့ထိန်းဒုံး စနစ်ကို ဂူအမ်ကျွန်း၌ ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း မတ် ၂၇ ရက်က ကြေညာခဲ့သည်။ ၎င်း ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုတွင် ဒုံး ကျည် ပစ်စင်ပါ ထရပ်ကား၊ ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်များ၊ ရေဒါစနစ် တစ်ခုနှင့်  ပစ်မိန့်ပေး စနစ်တို့ ပါဝင်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံသည် ၎င်းတို့၏ ခြိမ်းခြောက်မှု များကြောင့် မြောက်ကိုရီးယား နိုင်ငံ၏ နည်းပညာ မြင့်မား၍ သေးငယ် ပေါ့ပါးသော နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း ကိုရီးယား ပြည်သူ့ တပ်မတော်၏ ဦးစီးအရာရှိ တစ်ဦးက မတ်၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေ ညာချက် တစ်စောင်၌ ခြိမ်းခြောက် ပြောကြား ထားခဲ့သည်။

 
http://www.myawady.net.mm/allnews/global/item/10956-2013-04-06-08-50-04



မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှု ပေါ်ထွက် လာပြီးနောက် အမေရိကန် နိုင်ငံသည် နျူကလီး ယား လက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်မှု ပေးနိုင်သည့် ဝတ်စုံများ ပါဝင်သော ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်များအား တောင်ကိုရီးယား နိုင်ငံတွင် ဖြန့်ကြက် ချထားကြောင်း သိရသည်။


အမေရိကန်အမှတ်(၂၃) ဓာတုလက်နက် ကာကွယ်ရေး တပ်ရင်းမှ စစ်သည်အင်အား ၂၅ဝ ခန့်သည် တောင်
ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ မြောက်ပိုင်း ယီဂျောင်ဗြူ အရပ်ရှိစတန်လေစခန်းတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း
သိရသည်။


အမေရိကန် နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံနှင့် ပူးပေါင်း စစ်ရေး လေ့ကျင့်ရာတွင် နျူကလီးယား တင်
ဆောင်နိုင်သော B-52 ဗုံးကြဲ လေယာဉ်များနှင့် B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်များအား အသုံးပြု ခဲ့သည့်
အတွက် အမေရိကန် နိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့ အကြား အခြေအနေ များသည် ပိုမို တင်းမာလျက် ရှိကြောင်း သိရသည်။ 
ထို့အပြင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား တုံ့ပြန်ရန် အတွက် အမေရိကန် နိုင်ငံသည် ၎င်း၏ စွမ်း
အားမြင့် ပဲ့ထိန်းဒုံး စနစ်ကို ဂူအမ်ကျွန်း၌ ဖြန့်ကြက်ချထား သွားမည် ဖြစ်ကြောင်း မတ် ၂၇ ရက်က ကြေညာခဲ့
သည်။ ၎င်း ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခုတွင် ဒုံး ကျည် ပစ်စင်ပါ ထရပ်ကား၊ ကြားဖြတ် တိုက်ခိုက်ရေး ဒုံးကျည်များ၊ ရေဒါစနစ် တစ်ခုနှင့် ပစ်မိန့်ပေး စနစ်တို့ ပါဝင်ကြောင်း သိရသည်။


အမေရိကန် နိုင်ငံသည် ၎င်းတို့၏ ခြိမ်းခြောက်မှု များကြောင့် မြောက်ကိုရီးယား နိုင်ငံ၏ နည်းပညာ မြင့်မား
၍ သေးငယ် ပေါ့ပါးသော နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလိမ့်မည် ဖြစ်ကြောင်း ကိုရီးယား
 ပြည်သူ့ တပ်မတော်၏ ဦးစီးအရာရှိ တစ်ဦးက မတ်၂၈ ရက်တွင် ထုတ်ပြန်သည့် ကြေ ညာချက် တစ်စောင်၌ ခြိမ်းခြောက် ပြောကြား ထားခဲ့သည်။
မြ၀တီသတင်း, Rangonnewsdaily
RND:6.4.2013


0 comments:

Post a Comment