Pages

Saturday, April 6, 2013

ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြန်မာတပ်မှာ ခမရ ၄၃၂ မှ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ထိုင်းနယ်စပ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမြန်မာ့တပ်မတော်မှ ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းလုံခြုံရေးဆိုင်ရာအား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာ အစိုးရတပ်များ နယ်စပ် ကင်းလှည့်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ကတိုက်ခိုက်ခဲ့သည်ကိုမူအတည်ပြု၍မရနိုင်သေးပေ။ ကင်းလှည့် မြန်မာတပ်မှာ ခမရ ၄၃၂ မှဖြစ်ကြောင်းကော့သောင်း ဒေသခံများက ခန့်မှန်းပြောဆိုသည်။ ၎င်းလက်နက်ကိုင်များ ထွက်ပြေး လွတ်မြောက်မသွားစေရန် ထိုင်းစစ်တပ်အား ပူးပေါင်း ဆောင်ရွက်မှု
ပြုပါ
ရန် မြန်မာဘက်မှ အကူအညီ တောင်းထားသည်။

ထိုင်း ကြည်းတပ် ဦးစီးချုပ် Gen Prayuth Chan-ocha ကလည်း နယ်စပ်ကို အနီးကပ် စောင့်ကြည့်ရန် အထူးတပ်ဖွဲ့တဖွဲ့ကို ရနောင်းခရိုင်သို့ စေလွှတ်လိုက်ထားကြောင်း ထိုင်း လုံခြုံရေးဆိုင်ရာ သတင်းရပ်ကွက်အား ကိုးကား၍ ဘန်ကောက်ပို့စ်က ရေးသားထားသည်။

ထိုဒေသမှာ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် တရားမဝင် ခိုးဝင်ကာ မူးယစ်မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာတပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည့် ဒေသဖြစ်သည်။

၎င်းတို့အနက် ၈၃ ဦးကို စက်တင်ဘာ ၁၇ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီး ကျန် ကိုးဦးမှာ
ထောင်ဒဏ်များ အသီးသီး ကျခံနေရဆဲဖြစ်သည်။
နယူးဒေလီ (မဇ္ဈိမ), Rangonnewsdaily
RND:6.4.2013
 

0 comments:

Post a Comment