Pages

Sunday, April 14, 2013

သင်္ကြန်တွင်း ယာဉ်ထိန်းအင်အား ၅၀၀ ခန့် တာဝန်ချထားမည်

ယခုနှစ်သင်္ကြန်ကာလတွင်ယာဉ်မတော်တဆမှုများနှင့်အရေးပေါ် ပြဿနာများ ဖြေရှင်းနိုင်ရန် နှစ်စဉ်ထက်
ယာဉ်ထိန်းတပ်ဖွဲ့အင်အား နှစ်ဆကျော်တိုးချဲ့တာဝန်ချထားမည်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း
တပ်ဖွဲ့မှူးရုံးမှရဲမှူးက ပြောသည်။နှစ်စဉ်လမ်းဆုံလမ်းပွိုင့်များတွင်အရေးပေါ်ယာဉ်နှင့် လှည့်ကင်းယာဉ်များ
ချထားသည်များရှိသော်လည်းတပ်ဖွဲ့အင်အားအရေအတွက်မှာ၂၀၀ ၀န်းကျင်သာချထားလေ့ရှိသည်။
ယခုနှစ်တွင် သင်္ကြန်တွင်း ကာလ၌ ယာဉ်ထိန်းတပ်ဖွဲ့အင်အား ၅၀၀ နီးပါး တာဝန်ချထားမည်ဖြစ်ရာ မီးပွိုင့်
လမ်းဆုံလမ်းမများနှင့်လူအများနားနေရာပန်းခြံများအနီးတွင်အရေးပေါ်သူနာပြုယာဉ် နှစ်စီးထားရှိမည်ဖြစ်
ကြောင်း သိရသည်။

ထို့အပြင် နှစ်စဉ်တွင် တာဝန်ချထားခြင်းမရှိခဲ့သော မြို့နယ်တစ်ခုချင်းစီ၏ တပ်ဖွဲ့စုအလိုက်လည်း တစ်မြို့
နယ်လျှင် ခြောက်ယောက်နှုန်းဖြင့် ၃၁ မြို့နယ်လုံးအတွက် တပ်ဖွဲ့အင်အား ချထားမည့်အပြင် လှည့်ကင်း
ယာဉ်များနှင့် မီးတန်း ရှည်ယာဉ်စုစုပေါင်း ၂၂ စီးလည်း လှည့်လည်မည်ဖြစ်ရာ စုစုပေါင်း ယာဉ်ထိန်းအင်အား ၅၀၀ နီးပါး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ယခုနှစ် မဟာသင်္ကြန်ကျင်းပမည့် ကာလအတွင်း၌ ရန်ကုန်မြို့တော်တွင် တစ်လမ်းမောင်း လမ်းမသုံးခု ထားရှိမည်ဖြစ်ကြောင်းလည်း ရဲမှူးက ဆက်လက်ပြောသည်။

ယင်းလမ်းများမှာ ဆရာစံလမ်းတစ်လျှောက်ဖြစ်သော ကမ္ဘာအေး-ဟာမစ်တစ်-စက်မှု(၁) နှင့် ရန်ကင်းစင်
တာ တစ်လျှောက်ကို အနောက်မှ အရှေ့သို့သွားသော လမ်းအဖြစ်တစ်လမ်းသွားသတ်မှတ်ပြီးစက်မှု(၁)လမ်း
ကိုလည်း ဆရာစံလမ်းဆုံ-ရန်ကင်း စင်တာ-ကမ္ဘာအေးဘုရားလမ်းအတိုင်း အရှေ့မှအနောက်သို့ တစ်လမ်း
မောင်း သတ်မှတ်မည် ဖြစ်သည်။

ထို့အပြင် ယခုနှစ် သင်္ကြန်တွင် မဏ္ဍပ်များပြီး စည်ကားရာ နေရာတစ်ခုဖြစ်မည့် ကန်တော်ကြီးပတ်လမ်းကို
လည်း တစ်လမ်းသွားအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ယင်းလမ်းကို ဗဟန်းအ၀ိုင်း တိရိစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းအတိုင်း အ၀င်လမ်းသတ်မှတ်ပြီး နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးလမ်းဆုံဘက်ကို အထွက်လမ်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

7days News, Rangonnewsdaily
RND:14.4.2013 

0 comments:

Post a Comment