Pages

Sunday, April 14, 2013

၇၈၆ ဆိုတာဘာကိုပြောတာလဲ ?

(၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်တွင် ပါရှိသည့် ဂဏန်း(၃)လုံးကို (၇+၈+၆)ပေါင်းပြီး (၂၁)ရရှိသည်။ (၂၁)ရာစုတွင် မွတ်စ်လင်မ်များ မြန်မာနိုင်ငံကို သိမ်းပိုက်မည်။ ဘာလုပ်မည်။ ဘာလုပ်မည် စသဖြင့် မဟုတ်မမှန်၊ ယုတ္တိမတန် ဝါဒဖြန့်ကြသည်။
                     စိုးရိမ်းစရာမလိုပါ  (၇၈၆) ၏ အဓိပါယ်သည် မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော ( allah ) အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏ ။တဲ့ ဘယ်လောက်ငြိမ်းချမ်းလဲ ( ၉၆၉) နှင့်ကွာပါ့နော် 
*************************************************


“၇၈၆ ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသည်”
(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ကုရ်အာန်ကျမ်းမြတ် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)
၇၈၆ “ခုနစ်ရာရှစ်ဆယ့်ခြောက်” ကိန်းဂဏန်းအက္ခရာသုံးလုံးကို မြန်မာ၊ အင်္ဂလိပ်၊ အရဗီ၊ အူရဒူ ကိန်းဂဏန်းအက္ခရာ (၇၈၆၊ 786) များဖြင့် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသား မြန်မာမွတ်စ်လင်မ် ပသီလူမျိုးအချို့၏ အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ စားသောက်ဆိုင်များနှင့် စာရွက်စာတမ်း၊ မင်္ဂလာဖိတ်စာ၊ ကြော်ငြာ၊ ဆိုင်းဘုတ်များ၏ ထိပ်နဖူးစီးများတွင် (အချို့ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်များ) ရေးသားအသုံးပြုနေကြသည်ကို ကြိုကြား ကြိုကြား တွေ့မြင်နေကြရပေသည်။
(၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသော ကိန်းဂဏန်းအက္ခရာသည် မည်သို့သောအကြောင်းခံပေါ်တွင် အခြေခံ၍ ပေါ်ပေါက် အသုံးပြုလာခဲ့ကြသည်ကို ရေးသားအသုံးပြုနေကြသူများ ကိုယ်တိုင်ပင် မသိရှိသူက များပါသည်။
သိရှိသူများကလည်း ဤ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်သည် လွန်ခဲ့သော နှစ်ပေါင်း(၁၅ဝဝ)ခန့်က လောကခပ်သိမ်းအတွက် အန္တိမ နိဂုံးချုပ်အဖြစ် ပွင့်ပေါ်တော်မူခဲ့သော လမ်းမှန်အလင်းပြပုဂ္ဂိုလ် ကမ္ဘာ့ငြိမ်းချမ်းရေးတမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)သခင်ထံသို့ အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့သည့် ကျမ်းမြတ်ကုရ်အာန်၏ အဖွင့်ကဏ္ဍ မုက္ခပါဌ်တော်(၁)နှင့်အညီ အနန္တကရုဏာတော်ရှင်၏ နာမတော်နှင့်အစပြုပြီး မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းမှု မင်္ဂလာခံယူသည့် သဘောဆန္ဒဖြင့် အသုံးပြုခြင်းဖြစ်သည်ဟုခံယူပြီး ရေးသားအသုံးပြုခြင်းဖြစ်သည်ဟုသာ သိရှိကြသူများပါသည်။
မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများတွင် အရဗီစာပေစကားပြောတတ်သူ ရေးတတ်သူ အရေအတွက်အားဖြင့် အလွန်အင်မတန်နည်းပါးပါသည်။ ထို့အတွက်ကြောင့် (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)ကို အရဗီလိုရေးသားအသုံးပြုရန် အခက်အခဲရှိခဲ့ကြသည်။ တစ်ဖန် စက္ကူတံဆိပ်များတွင် ရိုက်နှိပ်အသုံးပြုပါက ၄င်းမုက္ခပါဌ်တော်သည် မသန့်ရှင်း မစင်ကြယ်၊ မသင့်တော် မလျော်ကန်သော နေရာများသို့ ရောက်ရှိပါက ငရဲကြီးမှာကြောက်သည့်အတွက် ၄င်းအရဗီအက္ခရာများ၏ ကိန်းဂဏန်းများကို ပေါင်း၍ ရရှိသည့် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို တရားကျမ်းလာ မုက္ခပါဌ်တော်အစား လွယ်ကူစွာ အသုံးပြုခဲ့ကြခြင်း ဖြစ်နိုင်ပါသည်။
မည်သို့သော အကြောင်းခံပေါ်တွင် အခြေခံ၍ ရေးသားအသုံးပြုခဲ့ကြသည်ဖြစ်ပါစေ (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်ကို ရေးသားအသုံးပြုကြသူတို့သည် ကျမ်းမြတ်ကုရ်အာန်လာ ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)ဖြစ်သော - “(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏ဟု အဓိပ္ပာယ်ထွက်ရှိသော အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ကို ကိုယ် နှုတ် နှလုံး သုံးပါးဖြင့် ယုံကြည်မြတ်နိုးစွာ ရေးသားအသုံးပြုကြခြင်းသာဖြစ်ပါသည်။ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို ရှင်းပြပါဟု သိရှိလိုသူက မေးမြန်းပါက ဂဃနဏ ရှင်းပြနိုင်သူ အလွန်နည်းပါးပါသည်။
ဤသို့ရှင်းမပြနိုင်သည်မှာလည်း အံ့သြဖွယ်ရာ ပြစ်တင်ဖွယ်ရာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက် ဖြစ်ပေါ်လာပုံနှင့် တွက်ချက်နည်းကို အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တိုင်း တတ်သိနားလည်ကြရမည်ဟူ၍လည်းကောင်း၊ (၇၈၆)ကို အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ ဈေးဆိုင်၊ စားသောက်ဆိုင်များနှင့် ကြော်ညာဆိုင်းဘုတ်၊ ဖိတ်စာများတွင် ရေးသားအသုံးပြုရမည်ဟု ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ သြဝါဒတော်များတွင် တစ်စုံတစ်ရာ မိန့်ကြားခိုင်းစေ လမ်းညွှန်ထားခြင်း လုံးဝမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မွတ်စ်လင်မ်နိုင်ငံ (၅၇)နိုင်ငံတွင်လည်းကောင်း၊ မွတ်စ်လင်မ်အများစုရှိသောနိုင်ငံများတွင်လည်းကောင်း (၇၈၆)ကို ရေးသားအသုံးပြုမှု မရှိပါ။ အစ္စလာမ်ဘာသာ စတင်ထွန်းကားရာ အရဗ်နိုင်ငံများတွင် လုံးဝလက်ခံသုံးစွဲခြင်းမရှိသည့်အပြင် ပညာရှင်အများစုက ဤသို့ ကျမ်းမြတ်ကုရ်အာန်၏ မုက္ခပါဌ်တော်များကို ကိန်းဂဏန်းဖြင့် ရေးသားဖော်ပြမှုကို လက်မခံကြပါ။ အနည်းငယ်သောနိုင်ငံများတွင် မပြောပလောက်သော မွတ်စ်လင်မ်တချို့က အသုံးပြုနေခြင်းသာဖြစ်ပါသည်။
မည်သို့ပင်ရှိစေကာမူ မိမိတို့ရေးသားအသုံးပြုနေသည့် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်၏ အဓိပ္ပာယ်ဖြစ်စဉ် အကြောင်းအရာကိုတော့ သိရှိနားလည် ဖြေရှင်းပြတတ်ရမည်။ မေးမြန်းလာပါက ရှင်းပြနိုင်ရမည်။
မြန်မာစာပေစကားကိုသာ တတ်ကျွမ်းပြောဆိုနေကြသူများ အလွယ်တကူ လေ့လာနှိုင်းယှဉ်မှတ်သားနိုင်စေရန်အတွက် တင်ပြလိုသည်မှာ အရဗီစာပေစကားတွင် ဗျည်းအက္ခရာ(၂၈)လုံးရှိပါသည်။ မြန်မာစာပေစကားတွင် ဗျည်းအက္ခရာ (၃၃)လုံးရှိပါသည်။ မြန်မာဗျည်းအက္ခရာ (၃၃)လုံးတွင် နံသင့်အက္ခရာ နံသင့်ဂဏန်းများရှိပါသည်။ (မြန်မာစာအဖွဲ့ဦးစီးဌာနက မြန်မာအဘိဓာန်တွင် ဖော်ပြထားသည့် နံသင့် ဂဏန်းပြဇယားကို ပုံ ၁ တွင်ကြည့်ပါ။)
ထိုနည်းတူ မုံရွေးဆရာတော်က မင်းဆက်ရာဇဝင် သံပေါက်တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပါသည်။
နံသင့်အက္ခရာယူပုံကို ဤသို့မှတ်သားရာ၏။
တနင်္ဂနွေနံ အက္ခရာကို - ၁၊
တနင်္လာနံ အက္ခရာကို - ၂၊
အင်္ဂါနံ အက္ခရာကို - ၃၊
ဗုဒ္ဓဟူးနံ အက္ခရာ (လ)နှင့်(ဝ)ကို - ၄၊
ကြာသပတေးနံ အက္ခရာကို - ၅၊
သောကြာနံ အက္ခရာကို - ၆၊
စနေနံ အက္ခရာကို - ၇၊
ရာဟုနံ (ယ)နှင့် (ရ)ကို - ၈၊
(နော)နှင့် (ကိုး)ပါလျှင် - ၉၊
(န)သက်သက်ကို သုညယူဟု ဖော်ပြထားသည်။
မြန်မာတို့သည်လည်း မိမိတို့မှတ်သားလိုသည့် ခုနှစ် အရေအတွက်များကို လွယ်ကူစွာ မှတ်သားမှုပြုခဲ့ကြသည့် သာဓကများရှိပါသည်။ ဥပမာ - ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်းမည်မျှရှိသည်ကို “လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”ဟု မှတ်ခဲ့ကြသည်။ (လှည်း= ၄၊ ဝင်= ၄၊ ရိုး= ၄၊ သံ= ၆၊ တ= ၇၊ ညံ= ၃၊ ညံ= ၃) ဘုရားပေါင်း ၄၄၄၆၇၃၃ ဆူရှိသည်ဟု သိနိုင်သည်။ မင်းကွန်းခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်ပေါင်းကို “မင်းဖြူမှန်မှန်ပြော”ဟု မှတ်ခဲ့ကြသည်။ (မင်း= ၅၊ ဖြူ= ၅၊ မှန်= ၅၊ မှန်= ၅၊ ပြော= ၅) ကြေးပိဿာချိန် ၅၅၅၅၅ ရှိကြောင်း သိနိုင်သည်။
အလောင်းမင်းတရားသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည်သည့်နှစ်ကို “ဥသြအော်မြည်၊ ကုန်းဘောင်တည်” (ဥ= ၁၊ သြ= ၁၊ အော်= ၁၊ မြည်= ၅) သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် တည်သည်ဟု အလွယ်တကူသိနိုင်သည်။ မင်းတုန်းမင်းတရားကြီးသည် မန္တလေးရတနာပုံနေပြည်တော် တည်သည့်နှစ်ကို “အုတ်ကျစ်ကျော်အေး၊ မန္တလေး”ဟူ၍ အဆိုရှိသည်။ (အုတ်= ၁၊ ကျစ်= ၂၊ ကျော်= ၂၊ အေး= ၁) သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်သည်ဟု အလွယ်တကူသိနိုင်သည်။ (မြန်မာဆိုရိုးစကား၊ မြန်မာစာအဖွဲ့ဦးစီးဌာန)
မြန်မာဗျည်းအက္ခရာများတွင် နံသင့် အက္ခရာ၊ နံသင့် ဂဏန်းများရှိသကဲ့သို့ အရဗီဗျည်းအက္ခရာ(၂၈)လုံးတွင်လည်း ကိန်းဂဏန်းသတ်မှတ်ချက်များ ရှိပါသည်။ (ပုံ ၂ တွင်ကြည့်ပါ။)
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁) (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)တွင် ပါရှိသည့် အရဗီဗျည်းအက္ခရာတစ်လုံးစီ၏ ကိန်းဂဏန်းများကိုချ၍ ပေါင်းလျှင် စုစုပေါင်း (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်ရရှိမည်ဖြစ်ပါသည်။ ၄င်းရရှိသောအဖြေကို ဒုတိယအကြိမ် ထပ်ပေါင်း၍ မရပါ။ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်း၍ ရရှိသော ကိန်းဂဏန်းသည် လုံးဝအဓိပ္ပာယ်ရှိမည်လည်း မဟုတ်ပါ။ ဤသို့ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်းသော အယူအဆ အတွေးအခေါ်သည် အစ္စလာမ်ဘာသာဝင်များ၏ အယူအဆ အတွေးအခေါ်လည်း မဟုတ်ပါ။
စိတ်နေသဘော မရိုးဖြောင့်၊ မဖြူစင်၊ ကောက်ကျစ်စဉ်းလဲသောသူများက (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်တွင် ပါရှိသည့် ဂဏန်း(၃)လုံးကို (၇+၈+၆)ပေါင်းပြီး (၂၁)ရရှိသည်။ (၂၁)ရာစုတွင် မွတ်စ်လင်မ်များ မြန်မာနိုင်ငံကို သိမ်းပိုက်မည်။ ဘာလုပ်မည်။ ဘာလုပ်မည် စသဖြင့် မဟုတ်မမှန်၊ ယုတ္တိမတန် ဝါဒဖြန့်ကြသည်။ ဟောပြောတင်ပြကြသည်။ စာရွက်စာတမ်းများ၊ စာအုပ်စာပေများ ပုံနှိပ်ထုတ်ဝေဖြန့်ချိကြပြီး မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် မုန်းတီးစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေကြသည်များကို အဟန့်အတားပြုမည့်သူမရှိ၊ တားဆီးခြင်းမရှိသည်ကို အလွန်အံ့သြမိပါသည်။
(၇၈၆)“ခုနစ်ရာရှစ်ဆယ့်ခြောက်”ကို အကြောင်းပြု၍ မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများအပေါ်တွင် အကောက်ကြံသူများ၊ သွေးထိုးလှုံ့ဆော်သူများ၏ ပယောဂကြောင့် အထင်မှားသူများက အထင်မှား၊ အမြင်မှားသူများက အမြင်မှား၊ အပူပွားသူများက အပူပွား ဖြစ်နေကြရသည့်သူများအတွက် အမြင်ကြည်ဆေးအဖြစ်လည်းကောင်း၊ အပူငြိမ်းဆေးအဖြစ်လည်းကောင်း၊ ဖြေဆေးအဖြစ်လည်းကောင်း ရေးသားတင်ပြလိုက်ရပါသည်။
“တရားအလင်းကို အမြင်ရှင်းစွာ သိမြင်ကျင့်သုံးနိုင်ကြပါစေသတည်း။”
အလ်ဟာဂ်ျရှိုက်ခ်အုမရ်မြင့်နိုင် (မဒနီ-ရင်းတော်၊ အလ်အဇ်ဟရ်-ကိုင်ရို၊ အီဂျစ်)
(အစ္စလာမ့်ဓမ္မသတ်မှူး)
သာသနာ့ပညာရှင်များရေးရာဌာနမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
(၃၁.၃.၂ဝ၁၃)

“၇၈၆ ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသည်”(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲသနားကြင်နာတော်
မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ကုရ်
အာန်ကျမ်းမြတ် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)၇၈၆ “ခုနစ်ရာရှစ်ဆယ့်ခြောက်” ကိန်းဂဏန်းအက္ခရာသုံးလုံးကို
မြန်မာ၊ အင်္ဂလိပ်၊ အရဗီ၊ အူရဒူ ကိန်းဂဏန်းအက္ခရာ(၇၈၆၊ 786) များဖြင့်အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား
၊ နိုင်ငံသား မြန်မာမွတ်စ်လင်မ်ပသီလူမျိုးအချို့၏ အိုးအိမ်၊တိုက်တာ၊ အဆောက်အဦ၊ စားသောက်ဆိုင်များ
နှင့် စာရွက်စာတမ်း၊ မင်္ဂလာဖိတ်စာ၊ ကြော်ငြာ၊ ဆိုင်းဘုတ်များ၏ ထိပ်နဖူးစီးများတွင် (အချို့ အစ္စလာမ်ဘာ
သာဝင် မွတ်စ်လင်မ်များ) ရေးသားအသုံးပြုနေကြသည်ကို ကြိုကြား ကြိုကြား တွေ့မြင်နေကြရပေသည်။ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသောကိန်းဂဏန်းအက္ခရာသည်မည်သို့သောအကြောင်းခံပေါ်တွင်အခြေ
ခံ၍ ပေါ်ပေါက် အသုံးပြုလာခဲ့ကြသည်ကို ရေးသားအသုံးပြုနေကြသူများ ကိုယ်တိုင်ပင် မသိရှိသူက များပါ
သည်။

သိရှိသူများကလည်း ဤ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်သည် လွန်ခဲ့သော နှစ်ပေါင်း(၁၅ဝဝ)ခန့်က လော
ကခပ်သိမ်းအတွက်အန္တိမ နိဂုံးချုပ်အဖြစ် ပွင့်ပေါ်တော်မူခဲ့သော လမ်းမှန်အလင်းပြပုဂ္ဂိုလ် ကမ္ဘာ့ငြိမ်းချမ်းရေး
တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)သခင်ထံသို့ အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့သည့် ကျမ်းမြတ်ကုရ်အာန်၏ အဖွင့်ကဏ္ဍ မုက္ခပါဌ်တော်(၁)နှင့်အညီ အနန္တကရုဏာတော်ရှင်၏ နာမတော်နှင့်အ
စပြုပြီး မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းမှု မင်္ဂလာခံယူသည့် သဘောဆန္ဒဖြင့် အသုံးပြုခြင်းဖြစ်သည်ဟုခံယူပြီး ရေးသားအသုံးပြုခြင်းဖြစ်သည်ဟုသာ သိရှိကြသူများပါသည်။

မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများတွင် အရဗီစာပေစကားပြောတတ်သူ ရေးတတ်သူ အရေအတွက်အားဖြင့် အလွန်အင်မတန်နည်းပါးပါသည်။ ထို့အတွက်ကြောင့် (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)ကို အရဗီလိုရေး
သားအသုံးပြုရန် အခက်အခဲရှိခဲ့ကြသည်။ 
 
တစ်ဖန် စက္ကူတံဆိပ်များတွင် ရိုက်နှိပ်အသုံးပြုပါက ၄င်းမုက္ခပါဌ်တော်သည် မသန့်ရှင်း မစင်ကြယ်၊ မသင့်
တော် မလျော်ကန်သော နေရာများသို့ ရောက်ရှိပါက ငရဲကြီးမှာကြောက်သည့်အတွက် ၄င်းအရဗီအက္ခရာ
များ၏ ကိန်းဂဏန်းများကို ပေါင်း၍ ရရှိသည့် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို တရားကျမ်းလာ မုက္ခပါဌ်
တော်အစား လွယ်ကူစွာ အသုံးပြုခဲ့ကြခြင်း ဖြစ်နိုင်ပါသည်။

မည်သို့သော အကြောင်းခံပေါ်တွင်အခြေခံ၍ ရေးသားအသုံးပြုခဲ့ကြသည်ဖြစ်ပါစေ(၇၈၆)ခုနစ်ရာရှစ်ဆယ့်
ခြောက်ကို ရေးသားအသုံးပြုကြသူတို့သည် ကျမ်းမြတ်ကုရ်အာန်လာ ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)ဖြစ်သော - “(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်
တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏ဟု အဓိပ္ပာယ်ထွက်ရှိသော အလ္လာဟ်အ
ရှင်မြတ်၏ မုက္ခပါဌ်တော်ကိုကိုယ် နှုတ် နှလုံးသုံးပါးဖြင့် ယုံကြည်မြတ်နိုးစွာ ရေးသားအသုံးပြုကြခြင်းသာဖြစ်
ပါသည်။ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို ရှင်းပြပါဟု သိရှိလိုသူက မေးမြန်းပါက ဂဃနဏ ရှင်းပြနိုင်သူ အလွန်နည်းပါးပါသည်။

ဤသို့ရှင်းမပြနိုင်သည်မှာလည်း အံ့သြဖွယ်ရာ ပြစ်တင်ဖွယ်ရာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက် ဖြစ်ပေါ်လာပုံနှင့် တွက်ချက်နည်းကို အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တိုင်း တတ်
သိနားလည်ကြရမည်ဟူ၍လည်းကောင်း၊(၇၈၆)ကို အိုးအိမ်၊တိုက်တာ၊အဆောက်အဦ၊ ဈေးဆိုင်၊စားသောက်
ဆိုင်များနှင့် ကြော်ညာဆိုင်းဘုတ်၊ ဖိတ်စာများတွင် ရေးသားအသုံးပြုရမည်ဟု ကုရ်အာန်ကျမ်းမြတ်နှင့် တ
မန်တော်မြတ်၏ သြဝါဒတော်များတွင်တစ်စုံတစ်ရာမိန့်ကြားခိုင်းစေလမ်းညွှန်ထားခြင်းလုံးဝမရှိသောကြောင့်
 ဖြစ်ပါသည်။ 
 
ထို့ကြောင့် မွတ်စ်လင်မ်နိုင်ငံ (၅၇)နိုင်ငံတွင်လည်းကောင်း၊ မွတ်စ်လင်မ်အများစုရှိသောနိုင်ငံများတွင်လည်း
ကောင်း (၇၈၆)ကို ရေးသားအသုံးပြုမှု မရှိပါ။ အစ္စလာမ်ဘာသာ စတင်ထွန်းကားရာ အရဗ်နိုင်ငံများတွင် လုံး
ဝလက်ခံသုံးစွဲခြင်းမရှိသည့်အပြင် ပညာရှင်အများစုက ဤသို့ ကျမ်းမြတ်ကုရ်အာန်၏ မုက္ခပါဌ်တော်များကို ကိန်းဂဏန်းဖြင့် ရေးသားဖော်ပြမှုကို လက်မခံကြပါ။ 
 
အနည်းငယ်သောနိုင်ငံများတွင် မပြောပလောက်သော မွတ်စ်လင်မ်တချို့က အသုံးပြုနေခြင်းသာဖြစ်ပါ
သည်။မည်သို့ပင်ရှိစေကာမူမိမိတို့ရေးသားအသုံးပြုနေသည့်(၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်၏အဓိပ္ပာယ်
ဖြစ်စဉ် အကြောင်းအရာကိုတော့ သိရှိနားလည် ဖြေရှင်းပြတတ်ရမည်။
 
 မေးမြန်းလာပါက ရှင်းပြနိုင်ရမည်။မြန်မာစာပေစကားကိုသာ တတ်ကျွမ်းပြောဆိုနေကြသူများအလွယ်တ
ကူ လေ့လာနှိုင်းယှဉ်မှတ်သားနိုင်စေရန်အတွက် တင်ပြလိုသည်မှာ အရဗီစာပေစကားတွင် ဗျည်းအက္ခရာ
(၂၈)လုံးရှိပါသည်။ မြန်မာစာပေစကားတွင် ဗျည်းအက္ခရာ (၃၃)လုံးရှိပါသည်။ မြန်မာဗျည်းအက္ခရာ (၃၃)
လုံးတွင် နံသင့်အက္ခရာ နံသင့်ဂဏန်းများရှိပါသည်။(မြန်မာစာအဖွဲ့ဦးစီးဌာနက မြန်မာအဘိဓာန်တွင် ဖော်ပြ
ထားသည့် နံသင့် ဂဏန်းပြဇယားကို ပုံ ၁ တွင်ကြည့်ပါ။)ထိုနည်းတူ မုံရွေးဆရာတော်က မင်းဆက်ရာဇဝင်
သံပေါက်တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပါသည်။နံသင့်အက္ခရာယူပုံကို ဤသို့မှတ်သားရာ၏။

တနင်္ဂနွေနံ အက္ခရာကို - ၁၊
တနင်္လာနံ အက္ခရာကို - ၂၊
အင်္ဂါနံ အက္ခရာကို - ၃၊
ဗုဒ္ဓဟူးနံ အက္ခရာ (လ)နှင့်(ဝ)ကို - ၄၊
ကြာသပတေးနံ အက္ခရာကို - ၅၊
သောကြာနံ အက္ခရာကို - ၆၊
စနေနံ အက္ခရာကို - ၇၊
ရာဟုနံ (ယ)နှင့် (ရ)ကို - ၈၊
(နော)နှင့် (ကိုး)ပါလျှင် - ၉၊
(န)သက်သက်ကို သုညယူဟု ဖော်ပြထားသည်။

မြန်မာတို့သည်လည်း မိမိတို့မှတ်သားလိုသည့် ခုနှစ် အရေအတွက်များကို လွယ်ကူစွာ မှတ်သားမှုပြုခဲ့ကြ
သည့် သာဓကများရှိပါသည်။ ဥပမာ - ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်းမည်မျှရှိသည်ကို “လှည်း
ဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”ဟု မှတ်ခဲ့ကြသည်။ (လှည်း= ၄၊ ဝင်= ၄၊ ရိုး= ၄၊ သံ= ၆၊ တ= ၇၊ ညံ= ၃၊ ညံ= ၃) ဘုရားပေါင်း ၄၄၄၆၇၃၃ ဆူရှိသည်ဟု သိနိုင်သည်။ မင်းကွန်းခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်
ပေါင်းကို “မင်းဖြူမှန်မှန်ပြော”ဟု မှတ်ခဲ့ကြသည်။ (မင်း= ၅၊ ဖြူ= ၅၊ မှန်= ၅၊ မှန်= ၅၊ ပြော= ၅) ကြေးပိဿာ
ချိန် ၅၅၅၅၅ ရှိကြောင်း သိနိုင်သည်။

အလောင်းမင်းတရားသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည်သည့်နှစ်ကို “ဥသြအော်မြည်၊ ကုန်းဘောင်
တည်” (ဥ= ၁၊ သြ= ၁၊ အော်= ၁၊ မြည်= ၅) သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် တည်သည်ဟု အလွယ်တကူသိ
နိုင်သည်။ မင်းတုန်းမင်းတရားကြီးသည် မန္တလေးရတနာပုံနေပြည်တော် တည်သည့်နှစ်ကို “အုတ်ကျစ်
ကျော်အေး၊ မန္တလေး”ဟူ၍ အဆိုရှိသည်။ (အုတ်= ၁၊ ကျစ်= ၂၊ ကျော်= ၂၊ အေး= ၁) သက္ကရာဇ် ၁၂၂၁ ခုနှစ်
တွင် တည်သည်ဟု အလွယ်တကူသိနိုင်သည်။ (မြန်မာဆိုရိုးစကား၊ မြန်မာစာအဖွဲ့ဦးစီးဌာန)

မြန်မာဗျည်းအက္ခရာများတွင် နံသင့် အက္ခရာ၊ နံသင့် ဂဏန်းများရှိသကဲ့သို့ အရဗီဗျည်းအက္ခရာ(၂၈)လုံး
တွင်လည်း ကိန်းဂဏန်းသတ်မှတ်ချက်များ ရှိပါသည်။(ပုံ ၂ တွင်ကြည့်ပါ။)ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်
ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁) (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)တွင် ပါရှိသည့် အရဗီဗျည်းအက္ခရာတစ်လုံး
စီ၏ ကိန်းဂဏန်းများကိုချ၍ ပေါင်းလျှင် စုစုပေါင်း (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်ရရှိမည်ဖြစ်ပါသည်။ 
 
၎င်းရရှိသောအဖြေကို ဒုတိယအကြိမ် ထပ်ပေါင်း၍ မရပါ။ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်း၍ ရရှိသော ကိန်း
ဂဏန်းသည် လုံးဝအဓိပ္ပာယ်ရှိမည်လည်း မဟုတ်ပါ။ ဤသို့ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်းသော အယူအဆ အတွေးအခေါ်သည် အစ္စလာမ်ဘာသာဝင်များ၏ အယူအဆ အတွေးအခေါ်လည်း မဟုတ်ပါ။

စိတ်နေသဘော မရိုးဖြောင့်၊ မဖြူစင်၊ ကောက်ကျစ်စဉ်းလဲသောသူများက (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်
တွင် ပါရှိသည့် ဂဏန်း(၃)လုံးကို (၇+၈+၆)ပေါင်းပြီး(၂၁)ရရှိသည်။(၂၁)ရာစုတွင်မွတ်စ်လင်မ်များ မြန်မာနိုင်
ငံကို သိမ်းပိုက်မည်။ ဘာလုပ်မည်။ ဘာလုပ်မည် စသဖြင့်မဟုတ်မမှန်၊ယုတ္တိမတန် ဝါဒဖြန့်ကြသည်။ ဟော
ပြောတင်ပြကြသည်။ 
 
စာရွက်စာတမ်းများ၊ စာအုပ်စာပေများ ပုံနှိပ်ထုတ်ဝေဖြန့်ချိကြပြီး မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲ
မှားစေရန်နှင့် မုန်းတီးစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေကြသည်များကို အ
ဟန့်အတားပြုမည့်သူမရှိ၊ တားဆီးခြင်းမရှိသည်ကို အလွန်အံ့သြမိပါသည်။

(၇၈၆)“ခုနစ်ရာရှစ်ဆယ့်ခြောက်”ကို အကြောင်းပြု၍ မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများအပေါ်တွင် အ
ကောက်ကြံသူများ၊ သွေးထိုးလှုံ့ဆော်သူများ၏ ပယောဂကြောင့် အထင်မှားသူများက အထင်မှား၊ အမြင်မှား
သူများက အမြင်မှား၊ အပူပွားသူများက အပူပွား ဖြစ်နေကြရသည့်သူများအတွက် အမြင်ကြည်ဆေးအဖြစ်
လည်းကောင်း၊ အပူငြိမ်းဆေးအဖြစ်လည်းကောင်း၊ ဖြေဆေးအဖြစ်လည်းကောင်း ရေးသားတင်ပြလိုက်ရ
ပါသည်။

“တရားအလင်းကို အမြင်ရှင်းစွာ သိမြင်ကျင့်သုံးနိုင်ကြပါစေ
အလ်ဟာဂ်ျရှိုက်ခ်အုမရ်မြင့်နိုင
် (မဒနီ-ရင်းတော်၊ အလ်အဇ်ဟရ်-ကိုင်ရို၊ အီဂျစ်)
(အစ္စလာမ့်ဓမ္မသတ်မှူး)
သာသနာ့ပညာရှင်များရေးရာဌာနမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချု
ပ်

0 comments:

Post a Comment