Pages

Sunday, April 14, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ ၁၄

၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၅၅အချိန်ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ညောင်ပင်စုရပ်ကွက်၊ စက်ကြီး
ရပ၊် ဇလွန်-ရန်ကုန်ကားလမ်းဘေးရှိ အလျား ၈၀ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၅ ပေရှိ သစ်သားတိုင်၊ ထရံကာ
၊သွပ်မိုး၊ပျဉ်ခင်းကုန်သွယ်လယ်ယာဂိုထောင်ဟောင်း (၃)လုံးအနက်ဂိုထောင်(၁)လုံး အားမီးလောင်ကျွမ်းသ
ဖြင့်ဇလွန်မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့်မြို့နယ်မီးသတ်ဌာနမှတပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်ခဲ့
ရာ ၂၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၂၃၅၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ်(၁၅၀)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိ ကြောင်း၊ မီး
လောင်ကျွမ်းရခြင်းမှာခွင့်ပြုချက်မရှိဘဲဂိုထောင်ပေါ်တက်ရောက် နေထိုင်သူညောင်ပင်ဈေးရပ်ကွက်နေမြစိုး
(ခ)ဗျော့ကြီး(၃၈)နှစ်၏ ပေါ့ဆမှုကြောင့်မီးလောင်မှုဖြစ်ပွားကြောင်းစုံစမ်းသိရသဖြင့်ဇလွန်ရဲစခန်း(ပ)၅၂
/၂၀၁၃၊ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ၆(၁)ဖြင့်အမှုဖွင့်အရေး ယူထားကြောင်း
 သတင်းရရှိသည်။

ရဲဇာနည်, Rangonnewsdaily
RND:14.4.2013

0 comments:

Post a Comment