Pages

Sunday, April 14, 2013

မင်္ဂလာတောင်ညန့်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီနေတယ်ဆိုပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုတစ်ခု ပြုလုပ်နေ (ကောလဟာလများမယုံကြပါနှင့်)

အားလုံးနဲ့ဆိုင်တဲ့ ရန်ကုန်မြို့တော်လုံခြုံရေး

ဒီနေ့...
မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်ခုမှာ
ရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်မှုတစ်ခု
ပြုသွားတယ်ကြားပါတယ်။
     အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။
မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက "ဘာလာကြောင်တာလဲ"
ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။
xxx
    တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ...
စေတီတော်ပုံစံပိတ်စတွေကိစ္စက အခုမှမဟုတ်ပဲ ၊ ကျွန်တော်သိထားတဲ့ကိစ္စ ၊ ကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ကိစ္စ
ဖြစ်နေလို့ သူတို့ကိုရှင်းပြနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက အင်ဒိုနီးရှားဘက်ကလို့သိရတဲ့
ဘာသာရေးအစွန်းရောက်အုပ်စုတွေက ဒီတိုက်ကွက်ကိုသုံးပြီး ရခိုင်ကို Target ထားလို့ဘာသာရေး အဓိကရုဏ်းတစ်ခုဖြစ်ဖို့
ဖန်တီးလှုံ့ဆော်ခဲ့ဖူးတာပါ။ အဲဒီတုန်းက သတင်းအရ စစ်တွေပင်လယ်ဝကိုဝင်လာတဲ့ အဲလိုပိတ်စမျိုး ပိတ်အုပ် ၇၀၀၀ကျော်
ရှာဖွေတားဆီးနိုင်ခဲ့ဖူးလို့ပါ။ 
      အခု...
ရခိုင်ကလှုပ်လှုပ် ၊ ပဲခူးရိုးမအနောက်ခြမ်းကရုတ်ရုတ် ဖြစ်လာချိန်မှာ....သူတို့...ကျားသေအသက်သွင်းဖို့
အားထုတ်လာကြပြန်ပြီ။ သတိသာထားကြပေတော့။
    တကယ်တော့ မနေ့ကလောင်တဲ့ မန္တလေးမီးကလည်းရှို့မီးမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအဆိုအရ
ကြေးသွန်းလုပ်ငန်းရဲ့ ထုံးစံအတိုင်းလွန်လွန်ကဲကဲမြင့်မားလွန်းတဲ့ ကြေးသွန်းလုပ်တဲ့အပူဒဏ်ကိုမခံနိုင်လို့
မီးစွဲလောင်ခဲ့တာလို့သိရပါတယ်။
တကယ်လို့များ ဒီညနေမှာစည်းရုံးခံရသူတွေက အုတ်အော်သောင်းနင်းလုပ်လိုက်ရင် ပွဲပျက်ဖို့အင်မတန်
လွယ်ကူသွားပါပြီ။ မတ်လနောက်ဆုံးပတ်အတွင်းက မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုတည်းကခဏကလေးဖြစ်ခဲ့တဲ့
အုတ်အော်သောင်းနင်းကြောင့် ည ၉နာရီမှာ တစ်စပြင်လို့ဖြစ်သွားတဲ့ ရန်ကုန်ညကိုသတိရကြမယ်ထင်ပါရဲ့။
xxx
     ရန်ကုန်တိုင်းကိုမေးကြည့်တော့ တိုင်းရဲတပ်ဖွဲ့မှူးက ပိတ်စတွေအကုန်သိမ်းဆည်းခဲ့ပြီးရောင်းချခွင့်ပါပိတ်လိုက်ပြီလို့
ရှင်းပြပါတယ်။ သူလဲအိမ်မပြန်ရတာကြာပြီ။ မဟာရန်ကုန်လုံခြုံရေးအတွက် ရုံးအိပ်ရုံးစားအဖြစ်နဲ့ အချိန်ပြည့်ကွပ်ကဲ
နေရတာတွေ့ခဲ့တယ်။ 
     သူ့ခမျာ...မနက်ကပဲ ရန်ကုန်မြို့လယ် ဟိုတယ်ပေါ်ကလူသတ်မှုတစ်ခုကို ဖော်ထုတ်ပြီးစပဲရှိသေးတယ်။
ဒီလူသတ်မှူမှာ အခန်းတွင်းအသတ်ခံရရှာတဲ့အမျိုးသမီးရဲ့အမည်ကိုတောင် မသိပဲတည်းခိုခွင့်ပြုခဲ့တဲ့ဟိုတယ်ရဲ့
စည်းကမ်းမဲ့တဲ့အားနည်းချက်တွေကိုတွေ့ရတယ်လို့ သူကပြောပါတယ်။ ဘာစာရင်းဇယားမှတောင်းခံခြင်းမရှိပဲ
တည်းခွင့်ပြုထားတဲ့ ဧည့်သည်တွေလဲအများကြီးတွေ့ခဲ့ရတယ်။ အဲလိုပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေမှာ
အသတ်ခံရသူအမျိုးသမီး ဘယ်သူလဲဆိုတာကိုတောင်အတော်ကြာဖော်ထုတ်ခဲ့ရပြီး နောက်ဆုံး ၊ တိုင်းရဲတပ်ဖွဲ့မှူအစီအစဉ်နဲ့
အင်တာနက်ကတစ်ဆင့် လူအမည်ဖော်ထုတ်ရရှိပြီး လူသတ်တရားခံကို ကွင်းဆက်ရှာ ဆွဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။
xxx
     ဖြစ်စဉ်ဖြစ်ရပ်တွေ ဒုစရိုက်မှုတွေက အဆင့်မြင့်မြင့်လာတယ်။
အဆင့်မြင့်လာလေလေ အဖြစ်စိပ်လာလေလေ...။
လျင်မြန်မှုနဲ့ဖော်ထုတ်ချေမှုန်းသွားနိုင်ဖို့လိုလာလေလေပါ။ မသမာသူတစ်စုက ရှေ့ကိုတိုးတိုးလာပြီး
ရန်ကုန်ကိုလှုပ်ဖို့ ကြိုးစားလာနေတယ်။ 
    ၄၈လမ်းမီးတုန်းကလဲ ဘာသာရေးမှိုင်းနဲ့ ဆွဲထုတ်ဖောက်ခွဲလုလုမှာ ရဲကလျင်ပေလို့ ၊ ဝန်ကြီးချုပ်ကအကြိမ်ကြိမ်ရှေ့ထွက်
ရှင်းလင်းချပြနိုင်ခဲ့လို့ ၊ သင်ခန်းစာရပြီးဖြစ်တဲ့လူထုကလည်း လျင်လျင်မြန်မြန်ပူးပေါင်းပါဝင်ခဲ့ကြလို့ ရန်ကုန်မြို့ကြီး
ရေတိမ်မနစ်တာပါ။ 
    တာဝန်ရှိသူတွေဘယ်လောက်လုပ်ပေးနေပါစေ ၊ သက်ဆိုင်ရာလူထုမပါဝင်လို့ကတော့ ရာနှုန်းပြည့်လုံခြုံဖို့
မလွယ်လှပါဘူး။ အခုရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀၀ကျော်နဲ့ မြို့တော်ကိုလုံခြုံရေးလုပ်ပေးထားတယ်။
ဒါဟာ နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားအများဆုံး သုံးထားတဲ့သင်္ကြန်လို့သိရပါတယ်။
    ခုနတုန်းကလှုံ့ဆော်လာသလို ကိစ္စမျိုးမှာ ခုနကလို Ignore မတုန့်ပြန်နိုင်ခဲ့ရင် အခြေအနေကစိုးရိမ်စရာပါ။

မိတ်ဆွေတို့နားကပ်နေသူ...
မိတ်ဆွေတို့နားကပ်လာသူတွေထဲမှာ...
ရန်ကုန်ကိုမီးဟုန်းဟုန်းတောက်အောင် လုပ်လိုသူတချို့ရှိနေတယ်ဆိုတာ အားလုံးသဘောပေါက်ထားရင်တော့
လုံခြုံရေးကျိုးပေါက်မှုဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။

ကွပ်ကဲမှုခက်ခဲလှတဲ့ 
အကျ ၊ အကြတ် ၊ အတက်... ဒီသုံးရက်သာ... တင်းခံနိုင်ပါစေ...။
ရန်ကုန်ဘယ်တော့မှ ရေတိမ်မနစ်တော့ပါ။

                               မောင်မောင် (ရန်ကုန်တက္ကသိုလ်)

ဒီနေ့...မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်
ခုမှာရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်
မှုတစ်ခုပြုလုပ်သွားတာကိုတွေ့ရတယ်အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေ
ဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။ မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက
 "ဘာလာကြောင်တာလဲ" ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ...စေတီတော်ပုံစံပိတ်စတွေကိစ္စကအခုမှမဟုတ်ပဲ ၊ ကျွန်တော်သိထားတဲ့
ကိစ္စ၊ကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ကိစ္စဖြစ်နေလို့သူတို့ကိုရှင်းပြနိုင်ခဲ့တယ်။လွန်ခဲ့တဲ့ ၉နှစ်လောက်က
တည်းက အင်ဒိုနီးရှားဘက်ကလို့သိရတဲ့ ဘာသာရေးအစွန်းရောက်အုပ်စုတွေက ဒီတိုက်ကွက်ကိုသုံးပြီး ရခိုင်ကိုTargetထားလို့ဘာသာရေးအဓိကရုဏ်းတစ်ခုဖြစ်ဖိုဖန်တီးလှုံ့ဆော်ခဲ့ဖူးတာပါ။အဲဒီတုန်းက သတင်း
အရ စစ်တွေပင်လယ်ဝကိုဝင်လာတဲ့ အဲလိုပိတ်စမျိုး ပိတ်အုပ် ၇၀၀၀ကျော် ရှာဖွေတားဆီးနိုင်ခဲ့ဖူးလို့ပါ။

အခု...ရခိုင်ကလှုပ်လှုပ်၊ပဲခူးရိုးမအနောက်ခြမ်းကရုတ်ရုတ်ဖြစ်လာချိန်မှာ....သူတို့...ကျားသေအသက်သွင်း
ဖို့ အားထုတ်လာကြပြန်ပြီ။ သတိသာထားကြပေတော့။ တကယ်တော့ မနေ့ကလောင်တဲ့ မန္တလေးမီးက
လည်းရှို့မီးမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအဆိုအရ ကြေးသွန်းလုပ်ငန်းရဲ့ ထုံးစံအတိုင်းလွန်လွန်ကဲကဲမြင့် 
မားလွန်းတဲ့ ကြေးသွန်းလုပ်တဲ့အပူဒဏ်ကိုမခံနိုင်လို့ မီးစွဲလောင်ခဲ့တာလို့သိရပါတယ်။

တကယ်လို့များ ဒီညနေမှာစည်းရုံးခံရသူတွေက အုတ်အော်သောင်းနင်းလုပ်လိုက်ရင် ပွဲပျက်ဖို့အင်မတန်
လွယ်ကူသွားပါပြီ။မတ်လနောက်ဆုံးပတ်အတွင်းကမြို့နယ်တစ်ခု ရပ်ကွက်တစ်ခုတည်းကခဏကလေးဖြစ်
ခဲ့တဲ့အုတ်အော်သောင်းနင်းကြောင့်ည၉နာရီမှာတစ်စပြင်လို့ဖြစ်သွားတဲ့ ရန်ကုန်ညကိုသတိရကြမယ်ထင်
ပါရဲ့။

ရန်ကုန်တိုင်းကိုမေးကြည့်တော့တိုင်းရဲတပ်ဖွဲ့မှူးကပိတ်စတွေအကုန်သိမ်းဆည်းခဲ့ပြီးရောင်းချခွင့်ပါပိတ်
လိုက်ပြီလို့ရှင်းပြပါတယ်။သူလဲအိမ်မပြန်ရတာကြာပြီ။ မဟာရန်ကုန်လုံခြုံရေးအတွက် ရုံးအိပ်ရုံးစားအဖြစ်နဲ့ အချိန်ပြည့်ကွပ်ကဲနေရတာတွေ့ခဲ့တယ်။သူ့ခမျာ...မနက်ကပဲရန်ကုန်မြို့လယ် ဟိုတယ်ပေါ်ကလူသတ်မှု
တစ်ခုကို ဖော်ထုတ်ပြီးစပဲရှိသေးတယ်။

ဒီလူသတ်မှူမှာ အခန်းတွင်းအသတ်ခံရရှာတဲ့အမျိုးသမီးရဲ့အမည်ကိုတောင် မသိပဲတည်းခိုခွင့်ပြုခဲ့တဲ့ဟိုတယ်ရဲ့စည်းကမ်းမဲ့တဲ့အားနည်းချက်တွေကိုတွေ့ရတယ်လို့သူကပြောပါတယ်။ ဘာစာရင်းဇယားမှတောင်း
ခံခြင်းမရှိပဲတည်းခွင့်ပြုထားတဲ့ဧည့်သည်တွေလဲအများကြီးတွေ့ခဲ့ရတယ်။ အဲလိုပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေမှာ အသတ်ခံရသူအမျိုးသမီး ဘယ်သူလဲဆိုတာကိုတောင်အတော်ကြာဖော်ထုတ်ခဲ့ရပြီး နောက်ဆုံး ၊ တိုင်းရဲတပ်ဖွဲ့မှူအစီအစဉ်နဲ့အင်တာနက်ကတစ်ဆင့် လူအမည်ဖော်ထုတ်ရရှိပြီး လူသတ်တရားခံကို ကွင်းဆက်ရှာ ဆွဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်

ဖြစ်စဉ်ဖြစ်ရပ်တွေဒုစရိုက်မှုတွေကအဆင့်မြင့်မြင့်လာတယ်။အဆင့်မြင့်လာလေလေ အဖြစ်စိပ်လာလေလေ
...။ လျင်မြန်မှုနဲ့ဖော်ထုတ်ချေမှုန်းသွားနိုင်ဖို့လိုလာလေလေပါ။မသမာသူတစ်စုက ရှေ့ကိုတိုးတိုးလာပြီး ရန်
ကုန်ကိုလှုပ်ဖို့ ကြိုးစားလာနေတယ်။

၄၈လမ်းမီးတုန်းကလဲဘာသာရေးမှိုင်းနဲ့ဆွဲထုတ်ဖောက်ခွဲလုလုမှာရဲကလျင်ပေလို့ ၊ ဝန်ကြီးချုပ်ကအကြိမ်
ကြိမ်ရှေ့ထွက်ရှင်းလင်းချပြနိုင်ခဲ့လို့ ၊ သင်ခန်းစာရပြီးဖြစ်တဲ့လူထုကလည်း လျင်လျင်မြန်မြန်ပူးပေါင်းပါဝင်ခဲ့ကြလို့ ရန်ကုန်မြို့ကြီး ရေတိမ်မနစ်တာပါ။

တာဝန်ရှိသူတွေဘယ်လောက်လုပ်ပေးနေပါစေ၊ သက်ဆိုင်ရာလူထုမပါဝင်လို့ကတော့ ရာနှုန်းပြည့်လုံခြုံဖို့
မလွယ်လှပါဘူး။အခုရန်ကုန်မှာရဲတပ်ဖွဲ့ဝင်အင်အား၃၀၀၀ကျော်နဲ့မြို့တော်ကိုလုံခြုံရေးလုပ်ပေးထားတယ်။
ဒါဟာစ်ဆယ့်ငါးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားအများဆုံး သုံးထားတဲ့သင်္ကြန်လို့သိရပါတယ်။
ခုနတုန်းကလှုံ့ဆော်လာသလို ကိစ္စမျိုးမှာ ခုနကလို Ignore မတုန့်ပြန်နိုင်ခဲ့ရင် အခြေအနေကစိုးရိမ်စရာပါ။

မိတ်ဆွေတို့နားကပ်နေသူ..မိတ်ဆွေတို့နားကပ်လာသူတွေထဲမှာ... ရန်ကုန်ကိုမီးဟုန်းဟုန်းတောက်အောင်
လုပ်လိုသူတချို့ရှိနေတယ်ဆိုတာအားလုံးသဘောပေါက်ထားရင်တော့ လုံခြုံရေးကျိုးပေါက်မှုဆိုတာ ဘယ်
တော့မှရှိမှာမဟုတ်ပါဘူး။

ကွပ်ကဲမှုခက်ခဲလှတဲ့ အကျ ၊ အကြတ် ၊ အတက်... ဒီသုံးရက်သာ... တင်းခံနိုင်ပါစေ...။ ရန်ကုန်ဘယ်တော့
မှ ရေတိမ်မနစ်တော့ပါ။

မောင်မောင် (ရန်ကုန်တက္ကသိုလ်)

Rangonnewsdaily
RND:14.4.2013

0 comments:

Post a Comment