Pages

Sunday, April 14, 2013

မဟာသင်္ကြန်ကာလ အချို့နေရာများ၌ ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

သင်္ကြန်တွင်းတွင် တချို့နေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ပြည်သူတရပ်လုံးပျော်ရွှင်စွာဆင်နွဲကြရှာသော သင်္ကြန်အခါတော်အချိန်အတွင်း၌ တချို့နေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း တပ်မတော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မိမိတို့အနေဖြင့် လွပ်လွပ်လပ်လပ်ကခုန်သည်ကို အရာရှိတစ်ဦးက မကြိုက်ဘူးဟုဆိုကာ ညီညီညာညာကခုန်ခိုင်းကြောင်း၊မိမိတို့ကသည့်အကမှာ မည်သူမှ မမြင်ဖူးသည့် ၊မိမိတို့ကိုယ်တိုင်တောင် ကြိုတွေးလို့မရသည့် “ကချင်သလိုက၊ခုန်ချင်သလိုခုန်”အကဖြစသည့်အတွက် မည်သို့မှ ညီညာမှုမရှိနိုင်သည်ကို အထက်အရာရှိများမှ နားလည်မှုပေးသင့်ကြောင်း အရာခံဗိုလ်ကြီးတစ်ဦးက အတင်းထောက်သို့ပြောသည်။

“ကျွန်တော်တို့ ပျောက်ရတဲ့စစ်သင်္ကြန်ဆိုတာ  ရေပက်တဲ့လူကလည်း ယောကျာ်း၊အားပေးတဲ့လူကလည်းယောကျာ်း၊လက်ခုပ်တီးပေးတဲ့လူကလည်းယောကျာ်း၊ယုတ်စွအဆုံး ဓာတ်ပုံရိုက်တဲ့လူကလည်း ယောကျာ်းဆိုတော့ စိတ်ညစ်တာပေါ့ဗျာ။မိန်းကလေးမှ မမြင်ရတာကိုး။အဲဒါကို ပေါက်ကွဲတဲ့အနေနဲ့ လွပ်လွပ်လပ်လပ်ကတာကို လူကြိးတွေက ညီညီညာညာကရမယ်ဆိုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ”ဟု မျက်ရည်များဘူးသီးလုံးလောက် ကျမတက်ပြောရှာသည်။

ထို့ကြောင့် ထိုကဲ့သို့အမိန့်ပေးသည့် အရာရှိအား ဆက်သွယ်မေးမြန်းကြည့်ရာ ယင်းအရာရှိက မိမိအနေဖြင့် လက်အောက်ငယ်သားများ၏ လူ့အခွင့်အရေုးကို ချိုးနှိမ်ခြင်းမဟုတ်ပါကြောင်း၊မိမိတို့တပ်မတော်အနေဖြင့် စည်းကမ်းရှိရန်မရှိမဖြစ်လိုအပ်သဖြင့် ယခုကဲ့သို့ ညီညီညာညာကစေရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသည်။

“သူတို့မပြောနဲ့၊ကျွန်တော်တို့တပ်က မွေးထားတဲ့ကြက်မတွေတောင် ဥ ဥတော့ဟေ့လို့ အမိန့်ပေးမှ ဥရတယ်။ အခုသင်္ကြန်တွင်း ဆွမ်းလောင်းချင်တော့ ကြက်မတွေကို အိုဗာတိုင်ဆင်းခိုင်းထားတယ်ဗျ။”ဟု မျက်နှာထားတည်တည်နှင့်ပြောသည်။

ပြည်သူတရပ်လုံးပျော်ရွှင်စွာဆင်နွဲကြရှာသော သင်္ကြန်အခါတော်အချိန်အတွင်း၌ တချို့နေရာများ၌ လူ့အ
ခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း တပ်မတော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
မိမိတို့အနေဖြင့်လွပ်လွပ်လပ်လပ်ကခုန်သည်ကိုအရာရှိတစ်ဦးကမကြိုက်ဘူးဟုဆိုကာ ညီညီညာညာကခုန်
ခိုင်းကြောင်း၊မိမိတို့ကသည့်အကမှာ မည်သူမှ မမြင်ဖူးသည့် ၊မိမိတို့ကိုယ်တိုင်တောင် ကြိုတွေးလို့မရသည့် “ကချင်သလိုက၊ခုန်ချင်သလိုခုန်”အကဖြစသည့်အတွက်မည်သို့မှညီညာမှုမရှိနိုင်သည်ကို အထက်အရာရှိ
များမှ နားလည်မှုပေးသင့်ကြောင်း အရာခံဗိုလ်ကြီးတစ်ဦးက အတင်းထောက်သို့ပြောသည်။

“ကျွန်တော်တို့ ပျောက်ရတဲ့စစ်သင်္ကြန်ဆိုတာ ရေပက်တဲ့လူကလည်း ယောကျာ်း၊အားပေးတဲ့လူကလည်းယောကျာ်း၊လက်ခုပ်တီးပေးတဲ့လူကလည်းယောကျာ်း၊ယုတ်စွအဆုံး ဓာတ်ပုံရိုက်တဲ့လူကလည်း ယောကျာ်းဆိုတော့ စိတ်ညစ်တာပေါ့ဗျာ။မိန်းကလေးမှ မမြင်ရတာကိုး။အဲဒါကို ပေါက်ကွဲတဲ့အနေနဲ့ လွပ်လွပ်လပ်လပ်ကတာကို လူကြိးတွေက ညီညီညာညာကရမယ်ဆိုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ”ဟု မျက်ရည်များဘူးသီးလုံးလောက် ကျမတက်ပြောရှာသည်။

ထို့ကြောင့် ထိုကဲ့သို့အမိန့်ပေးသည့် အရာရှိအား ဆက်သွယ်မေးမြန်းကြည့်ရာ ယင်းအရာရှိက မိမိအနေဖြင့် လက်အောက်ငယ်သားများ၏ လူ့အခွင့်အရေုးကို ချိုးနှိမ်ခြင်းမဟုတ်ပါကြောင်း၊မိမိတို့တပ်မတော်အနေဖြင့် စည်းကမ်းရှိရန်မရှိမဖြစ်လိုအပ်သဖြင့်ယခုကဲ့သို့ညီညီညာညာကစေရန်ညွှန်ကြားရခြင်းဖြစ်ကြောင်း ပြန်
လည်ဖြေရှင်းသည်။

“သူတို့မပြောနဲ့၊ကျွန်တော်တို့တပ်က မွေးထားတဲ့ကြက်မတွေတောင် ဥ ဥတော့ဟေ့လို့ အမိန့်ပေးမှ ဥရတယ်။ အခုသင်္ကြန်တွင်း ဆွမ်းလောင်းချင်တော့ ကြက်မတွေကို အိုဗာတိုင်ဆင်းခိုင်းထားတယ်ဗျ။”ဟု မျက်နှာထားတည်တည်နှင့်ပြောသည်။
ဟာသဖြစ်ပါတယ် တကယ်မထင်ကျပါနဲ့ အဟဲဟဲ
အလွတ်သတင်းထောက်( အညာသားလေး)

0 comments:

Post a Comment