Pages

Sunday, April 14, 2013

လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် စေတီတော်တိမ်းစောင်း၍ နေအိမ်များပျက်စီး

နေပြည်တော်၊ ဧပြီ ၁၃

၁၃-၄-၂၀၁၃ ရက်နေ့ ၀၆၃၅ အချိန် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊ စည်ပင်ဈေးအနီးရှိ ဆုတောင်းပြည့်စေတီ၏ ထီးတော်သည် အနောက်ဘက်သို့ ၅ ဒီကရီခန့် တိမ်းစောင်းသွားခဲ့သည်။ ထို့ပြင် ထိုနေ့ ထိုအချိန်တွင်ပင် ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံးပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွားခဲ့သည်။ အလားတူ ထိုနေ့ ထိုအချိန်၌ပင် ကျူံဒိုးမြို့အမှတ်(၂)ရပ်ကွက်နေ ဦးမြတ်သိန်း (၆၃)နှစ်၏ ထရံကာ/ပျဉ်ခင်း /သွပ်မိုး နေအိမ်နှင့် ဦးဝင်းသိန်း (၄၈)နှစ်၏ ထရံကာ/ပျဉ်ခင်း/သွပ်မိုး နေအိမ်နှစ်လုံးကြားရှိ လုံးပတ် ၃ ပေခွဲခန့်ရှိသော ဂွေးပင်လဲကျ၍ ၎င်းင်းနေအိမ်နှစ်လုံးယိုင်နဲ့သွားခဲ့သည်။
ထို့ပြင်လေပြင်းတိုက်ခတ်မှုကြောင့် ကျူံဒိုးမြို့အမှတ်(၃)ရပ်ကွက်ရှိ ဦးစံသိန်း (၇၇)နှစ်၏ ထရံကာ/ ပျဉ်ခင်း/သွပ်မိုး နေအိမ်၊ ဦးခင်မောင်အေး (၃၁)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ်၊ ကိုကိုလွင် (၂၆)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ်၊ သန်းထိုက်ဦး (၂၄)နှစ်၏ ဖက်မိုး/ဖက်ကာ/၀ါးခင်းနေအိမ် ၄ လုံးမှာလည်း ပြိုလဲသွားခဲ့ကြောင်းသတင်းရရှိသည်။

ရဲဇာနည် , Rangonnewsdaily
RND:14.4.2013

0 comments:

Post a Comment