Pages

Sunday, April 14, 2013

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုး ကျေးရွာအနီး ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်

၁၃-၄-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုး ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၁၀/၂-၃)တွင် မတ္တရာမှ မန္တလေးသို့ အမျိုးသား တစ်ဦးစီးနင်းလာသည့် ဆိုင် ကယ်နှင့်မန္တလေး မှမတ္တရာသို့မတ္တရာမြို့နယ်၊သနပ်ကုန်းရွာနေမောင်စိုး (၃၀)နှစ် စီးနင်းလာသည့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည် ထိုသို့တိုက်မိမှုကြောင့် မတ္တရာမှမန္တလေးသို့ မောင်းနှင်လာသည့်ဆိုင်ကယ်မှ အမျိုးသားတွင် ဦးခေါင်းနောက်စေ့ဖူးရောင်၊ ပါးစပ်သွေးထွက်ဒဏ်ရာများ ရရှိပြီးမောင်စိုးတွင်ဝဲလက်/ဒူးပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့်မတ္တရာဆေးရုံသို့တင်ပို့ကုသကာမောင်စိုးပါ(၂)ဦး အား မတ္တရာရဲစခန်းယာဉ်(ပ)၉/၂၀ ၁၃၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် , Rangonnewsdaily
RND:14.4.2013

0 comments:

Post a Comment