Pages

Sunday, April 14, 2013

တမူထူးခြား ဘုန်းကြီးတစ်ပါး

တမူထူးခြား ဘုန်းကြီးတစ်ပါး

ဧပြီ ၈၊ ၂၀၁၃။ (ရိုက်တာ)

မြန်မာ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ၀ီရသူဟာ သာမန်သံဃာတွေ ရဟန်းတွေရဲ့ ၀ိနည်းတွေထက် ကျော်လွန်ပြီး ကျင့်သုံးနေထိုင်သူဖြစ်တယ်။

သူ့မှာ iPhone တစ်လုံးရှိပြီး ဖုန်း ring tone ကိုတော့ ၁၉၉၂ ခုနှစ်လောက်ပေါ်ခဲ့တဲ့ ဗြိတိသျှသီချင်း(Nightcrawlers ရဲ့ "Push the Feeling"သီချင်း)တီးလုံးကို ထည့်သွင်းထားတာ တွေ့ရတယ်။ သူ့ဘယ်ဘက်လက်မောင်းမှာတော့ တက်တူးတွေနဲ့။ “ကျုပ်က လူငယ်တစ်ယောက်လို နည်းနည်းတော့ ကြမ်းတယ်ဗျ”လို့ သူက ရှင်းပြတယ်။ သူ့ရဲ့ အခန်းကျဉ်းလေးထဲမှာ ဖလတ်တီဗီ၊ ဒီဗီဒီ စက်နဲ့ ကွန်ပျူတာ ၂ လုံးရှိနေတယ်။

သူ့ရဲ့ ရုံးခန်းအပြင်ဘက်မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှ မွတ်စလင်သူပုန်တွေက ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်ထားတဲ့ မြင်မကောင်းရှုမကောင်းတဲ့ ဓါတ်ပုံပိုစတာတွေကို ချိတ်ဆွဲထားတယ်။ သူက မွတ်စလင်တွေနဲ့ လက်မထပ်ဖို့၊ ကုလား(နှိမ့်ချခေါ်ဝေါ်သည့် အသုံးအနှုံး)တွေရဲ့ ဘာသာရေးအန္တရာယ်တွေကို သတိပေးထားတဲ့ စာအုပ်တွေ၊ ဒီဗီဒီခွေတွေကို ရောင်းချပါတယ်။

ထူးခြားတာက နံရံတစ်ခုမှာ အမေရိကန်သမ္မတ ဘားရတ်ဟူစိန်အိုဘားမားရဲ့ ပုံကိုလည်း ချိတ်ဆွဲထားပြန်တယ်။ ဒါပေမယ့် သူက ဂျော့ဘုရှ်ကို ကြိုက်တယ်၊ “ဘုရှ်က ကြမ်းတယ်၊ အိုဘားမားက အရမ်းပျော့လွန်းတယ်” လို့ သူက ဆိုတယ်။

မြန်မာပြည်က ဘုန်းကြီးကျောင်းတွေရဲ့ ၀င်ငွေတွေဟာ များသောအားဖြင့် ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဦးဝီရသူရဲ့ ဒကာတွေထဲမှာလည်း ဒီလိုပါပဲ။ သူကတော့ သူ့ကို လှူဒါန်းတဲ့ ဒကာတွေဟာ အခြေခံလူတန်းစားနဲ့ အလယ်အလတ် ငွေကြေးချမ်းသာသူတွေထဲကပါလို့ ဆိုပြန်တယ်။

ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးလုပ်နေစဉ်မှာပဲ သူ့ဒကာတစ်ယောက်က ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး ဒါဇင်နဲ့ချီတဲ့ ဓါတ်ပုံတွေ ရိုက်တယ်။

ဦးဝီရသူရဲ့ အဆိုကတော့ “ဒါတွေကို ဖေ့စ်ဘုတ်မှာ တင်ဖို့ပါ”တဲ့။

SAI- Reuters

http://in.mobile.reuters.com/article/idINDEE93708H20130408?irpc=932

ဧပြီ ၈၊ ၂၀၁၃။ (ရိုက်တာ)

မြန်မာ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ၀ီရသူဟာ သာမန်သံဃာတွေ ရဟန်းတွေရဲ့ ၀ိနည်းတွေ
ထက် ကျော်လွန်ပြီး ကျင့်သုံးနေထိုင်သူဖြစ်တယ်။သူ့မှာ iPhone တစ်လုံးရှိပြီး ဖုန်း ring tone ကိုတော့ ၁၉၉၂ 
ခုနှစ်လောက်ပေါ်ခဲ့တဲ့ ဗြိတိသျှသီချင်း(Nightcrawlers ရဲ့ "Push the Feeling"သီချင်း)တီးလုံးကိုထည့်သွင်း
ထားတာ တွေ့ရတယ်။ သူ့ဘယ်ဘက်လက်မောင်းမှာတော့ တက်တူးတွေနဲ့။ “ကျုပ်က လူငယ်တစ်ယောက်လို နည်းနည်းတော့ ကြမ်းတယ်ဗျ”လို့ သူက ရှင်းပြတယ်။ သူ့ရဲ့ အခန်းကျဉ်းလေးထဲမှာ ဖလတ်တီဗီ၊ ဒီဗီဒီ စက်နဲ့ ကွန်ပျူတာ ၂ လုံးရှိနေတယ်။

သူ့ရဲ့ ရုံးခန်းအပြင်ဘက်မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှ မွတ်စလင်သူပုန်တွေက ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်ထားတဲ့ မြင်မကောင်းရှုမကောင်းတဲ့ ဓါတ်ပုံပိုစတာတွေကို ချိတ်ဆွဲထားတယ်။ သူက မွတ်စလင်
တွေနဲ့ လက်မထပ်ဖို့၊ ကုလား(နှိမ့်ချခေါ်ဝေါ်သည့် အသုံးအနှုံး)တွေရဲ့ ဘာသာရေးအန္တရာယ်တွေကို သတိ
ပေးထားတဲ့ စာအုပ်တွေ၊ ဒီဗီဒီခွေတွေကို ရောင်းချပါတယ်။
 
ထူးခြားတာက နံရံတစ်ခုမှာ အမေရိကန်သမ္မတ ဘားရတ်ဟူစိန်အိုဘားမားရဲ့ ပုံကိုလည်း ချိတ်ဆွဲထားပြန်
တယ်။ ဒါပေမယ့် သူက ဂျော့ဘုရှ်ကို ကြိုက်တယ်၊ “ဘုရှ်က ကြမ်းတယ်၊ အိုဘားမားက အရမ်းပျော့လွန်းတယ်
”လို့ သူကဆိုတယ်။မြန်မာပြည်ကဘုန်းကြီးကျောင်းတွေရဲ့ဝင်ငွေတွေဟာများသောအားဖြင့်ပွင့် လင်းမြင်သာ
မှုမရှိပါဘူး။ ဦးဝီရသူရဲ့ ဒကာတွေထဲမှာလည်း ဒီလိုပါပဲ။ သူကတော့ သူ့ကို လှူဒါန်းတဲ့ ဒကာတွေဟာ အခြေ
ခံလူတန်းစားနဲ့ အလယ်အလတ် ငွေကြေးချမ်းသာသူတွေထဲကပါလို့ ဆိုပြန်တယ်။

ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးလုပ်နေစဉ်မှာပဲ သူ့ဒကာတစ်ယောက်က ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး ဒါဇင်နဲ့ချီတဲ့ ဓါတ်ပုံတွေ ရိုက်တယ်။ဦးဝီရသူရဲ့ အဆိုကတော့ “ဒါတွေကို ဖေ့စ်ဘုတ်မှာ တင်ဖို့ပါ”တဲ့။


SAI- Reuters


Myanmar Muslim.Net , Rangonnewsdaily
RND:14.4.2013

0 comments:

Post a Comment