Pages

Sunday, March 24, 2013

ကွင်းလယ် ဒိုင်လူကြီးနှင့် ပြိုင်ဘက် အသင်းတို့ ပေါင်းပြီး အနိုင်ယူခဲ့ဟု ရန်ကုန် နည်းပြ ဝေဖန်

ကွင်းလယ် ဒိုင်လူကြီးနှင့် ပြိုင်ဘက် အသင်းတို့ ပေါင်းပြီး အနိုင်ယူခဲ့ဟု ရန်ကုန် နည်းပြ ဝေဖန်
 
   ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က ယနေ့ပွဲတွင် ဒိုင်လူကြီး ဦးဝင်းချိုနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ပေါင်းပြီး အနိုင်ပွဲ ရယူခဲ့သည်ဟု ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ဧရာဝတီ အသင်းသည် နန္ဒလင်းကျော်ချစ် နှင့် နေလင်းထွန်းတို့၏ သွင်းဂိုးများ ဖြင့် ရန်ကုန် အသင်းကို အနိုင်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် အသင်းအတွက် ချေပဂိုးကို ဆီဇာက သွင်းယူခဲ့သည်။

ဧရာဝတီ ၃-၁ ရန်ကုန် ပွဲစဉ် အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြချုပ် ကိုလက်ဗ်က “ဒီနေ့ပွဲ အဖြေဟာ လက်ခံ နိုင်စရာ လုံးဝ မရှိပါဘူး။ ကွင်းလယ် ဒိုင်လူကြီးနဲ့ ဧရာဝတီ အသင်းတို့ ပေါင်းပြီး နိုင်ပွဲ ရယူခဲ့ တယ်လို့ ဆိုချင်တယ်။ ဒုတိယပိုင်း မှာ ဧရာဝတီ အသင်းရဲ့ ကစားသမားတွေ ဟန်ဆောင် လှဲချတာ အရမ်းများ တယ်လို့လည်း ပြောချင်တယ်။ ဒီအခြေအနေကို ကွင်းလယ် ဒိုင်လူကြီးက ဘာလို့ မထိန်းသိမ်း တာလဲ။ အရမ်း အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော့် အသင်း အမှားများ ခဲ့တယ် ဆိုတာလည်း မှန်ပါတယ်”ဟု ဆိုသည်။

ရန်ကုန် အသင်းသည် ဧရာဝတီ အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ဖိကစား နိုင်သော်လည်း ဧရာဝတီ အသင်း၏ မကြာခဏ ဒဏ်ရာရမှု များက ပွဲအရှိန်ကို ကျဆင်း စေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီးလည်း ကိုလက်ဗ်က ယခုလို ဆိုသည်။

“ဧရာဝတီ ကစားသမားတွေဟာ နည်းဗျူဟာ မြောက်လောက်အောင် ပွဲအရှိန်ကို ထိန်းနိုင်ခဲ့ သူတွေပါ။ သူတို့ တွေရဲ့ မကြာခဏ ပွဲရပ်နားမှုက ကျွန်တော့် ကစားသမား တွေကို အာရုံ ပျံ့လွင့် စေပါတယ်။ ဒီပွဲမှာ ကျွန်တော် တို့အသင်းက ဘောလုံးကို ပုံမှန် အတိုင်း ကစားခဲ့ပြီး ဧရာဝတီ ကတော့ ပုံစံ မျိုးစုံနဲ့ ကစားခဲ့ပါတယ်။ ပင်နယ်တီ ဧရိယာထဲမှာ ရာဇာဝင်းသိန်း နဲ့ ကျော်ကိုကို တို့ကို ဥပဒေပ ကစားခဲ့ပေမယ့် ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့် အတွက်ကတော့ အဲဒီ ပြစ်ဒဏ်ဘောဟာ ၁၀၀ ရာခိုင်နှုန်း သေချာတာ မဟုတ်ပါဘူး။ ၁၀၀၀ (တစ်ထောင် ရာခိုင်နှုန်း) သေချာတာပါ”ဟု ကိုလက်ဗ်က ဝေဖန်လိုက်သည်။ ထူးခြားချက်မှာ ရန်ကုန် အသင်းသည် ယခုနှစ် နေရှင်နယ်လိဂ်တွင် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချို ကိုင်တွယ် ခဲ့သည့် နှစ်ပွဲစလုံး (ဇေယျာရွှေမြေ ၁-၀ ရန်ကုန် ယူနိုက်တက် ၂၆-၁-၂၀၁၃၊ ဧရာဝတီ ယူနိုက်တက် ၃-၁ ရန်ကုန် ယူနိုက်တက် ၂၃-၃-၂၀၁၃) ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

လာမည့် နေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ကမ္ဘောဇ အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင် ရန် ပြင်ဆင်မည် ဖြစ်ကြောင်း၊ ပွဲတိုင်းမှာ အရေးကြီးပြီး ပြိုင်ဘက် များက ရန်ကုန် အသင်းကို အမြဲ အနိုင်ယူရန် ကြိုးစားနေ သည်ကို သဘောပေါက်ကြောင်း ပြောကြားသည်။ ယနေ့ပွဲတွင် ဒဏ်ရာ ရသောကြောင့် ပထမပိုင်း (၃)မိနစ်မှာပင် လူစားလဲ ခံခဲ့ရသော ရန်ကုန် ဘယ်နောက်ခံလူ ပြည့်ဖြိုးအောင်သည် ဘယ်ဘက် ခြေသလုံးရိုး တွင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး ရက်သတ္တပတ် (၃)ပတ် အနားယူရမည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်း နည်းပြချုပ် အီဗန်ကိုလက်ဗ်က ယနေ့ပွဲတွင် ဒိုင်လူကြီး ဦးဝင်းချိုနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ပေါင်းပြီး အနိုင်ပွဲ ရယူခဲ့သည်ဟု ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ဧရာဝတီ အသင်းသည် နန္ဒလင်းကျော်ချစ် နှင့် နေလင်းထွန်းတို့၏ သွင်းဂိုးများ ဖြင့် ရန်ကုန် အသင်းကို အနိုင်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် အသင်းအတွက် ချေပဂိုးကို ဆီဇာက သွင်းယူခဲ့သည်။ ဧရာဝတီ ၃-၁ ရန်ကုန် ပွဲစဉ် အပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် နည်းပြချုပ် ကိုလက်ဗ်က “ဒီနေ့ပွဲ အဖြေဟာ လက်ခံ နိုင်စရာ လုံးဝ မရှိပါဘူး။ ကွင်းလယ် ဒိုင်လူကြီးနဲ့ ဧရာဝတီ အသင်းတို့ ပေါင်းပြီး နိုင်ပွဲ ရယူခဲ့ တယ်လို့ ဆိုချင်တယ်။ 
 
 ဒုတိယပိုင်း မှာ ဧရာဝတီ အသင်းရဲ့ ကစားသမားတွေ ဟန်ဆောင် လှဲချတာ အရမ်းများ တယ်လို့လည်း ပြောချင်တယ်။ ဒီအခြေအနေကို ကွင်းလယ် ဒိုင်လူကြီးက ဘာလို့ မထိန်းသိမ်း တာလဲ။ အရမ်း အံ့သြဖို့ ကောင်းပါတယ်။ ကျွန်တော့် အသင်း အမှားများ ခဲ့တယ် ဆိုတာလည်း မှန်ပါတယ်”ဟု ဆိုသည်။

ရန်ကုန် အသင်းသည် ဧရာဝတီ အသင်းကို ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ဖိကစား နိုင်သော်လည်း ဧရာဝတီ အသင်း၏ မကြာခဏ ဒဏ်ရာရမှု များက ပွဲအရှိန်ကို ကျဆင်း စေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီးလည်း ကိုလက်ဗ်က ယခုလို ဆိုသည်။

“ဧရာဝတီ ကစားသမားတွေဟာ နည်းဗျူဟာ မြောက်လောက်အောင် ပွဲအရှိန်ကို ထိန်းနိုင်ခဲ့ သူတွေပါ။ သူတို့ တွေရဲ့ မကြာခဏ ပွဲရပ်နားမှုက ကျွန်တော့် ကစားသမား တွေကို အာရုံ ပျံ့လွင့် စေပါတယ်။ ဒီပွဲမှာ ကျွန်တော် တို့အသင်းက ဘောလုံးကို ပုံမှန် အတိုင်း ကစားခဲ့ပြီး ဧရာဝတီ ကတော့ ပုံစံ မျိုးစုံနဲ့ ကစားခဲ့ပါတယ်။ 
 
ပင်နယ်တီ ဧရိယာထဲမှာ ရာဇာဝင်းသိန်း နဲ့ ကျော်ကိုကို တို့ကို ဥပဒေပ ကစားခဲ့ပေမယ့် ပင်နယ်တီ အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော့် အတွက်ကတော့ အဲဒီ ပြစ်ဒဏ်ဘောဟာ ၁၀၀ ရာခိုင်နှုန်း သေချာတာ မဟုတ်ပါဘူး။ ၁၀၀၀ (တစ်ထောင် ရာခိုင်နှုန်း) သေချာတာပါ”ဟု ကိုလက်ဗ်က ဝေဖန်လိုက်သည်။ 
 
ထူးခြားချက်မှာ ရန်ကုန် အသင်းသည် ယခုနှစ် နေရှင်နယ်လိဂ်တွင် ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချို ကိုင်တွယ် ခဲ့သည့် နှစ်ပွဲစလုံး (ဇေယျာရွှေမြေ ၁-၀ ရန်ကုန် ယူနိုက်တက် ၂၆-၁-၂၀၁၃၊ ဧရာဝတီ ယူနိုက်တက် ၃-၁ ရန်ကုန် ယူနိုက်တက် ၂၃-၃-၂၀၁၃) ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

လာမည့် နေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ကမ္ဘောဇ အသင်းနှင့် ရင်ဆိုင်ရမည့် ပွဲကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင် ရန် ပြင်ဆင်မည် ဖြစ်ကြောင်း၊ ပွဲတိုင်းမှာ အရေးကြီးပြီး ပြိုင်ဘက် များက ရန်ကုန် အသင်းကို အမြဲ အနိုင်ယူရန် ကြိုးစားနေ သည်ကို သဘောပေါက်ကြောင်း ပြောကြားသည်။ 
 
ယနေ့ပွဲတွင် ဒဏ်ရာ ရသောကြောင့် ပထမပိုင်း (၃)မိနစ်မှာပင် လူစားလဲ ခံခဲ့ရသော ရန်ကုန် ဘယ်နောက်ခံလူ ပြည့်ဖြိုးအောင်သည် ဘယ်ဘက် ခြေသလုံးရိုး တွင် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး ရက်သတ္တပတ် (၃)ပတ် အနားယူရမည် ဖြစ်သည်။
 
Yangon United FC,Rangonnewsdaily
RND:  :24.3.2013

0 comments:

Post a Comment