Sunday, March 24, 2013
ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာပြည်သူအားလုံး ချစ်ကြည်ငြိမ်းချမ်း
နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြဖို့အတွက်ကြေညာချက်ထုတ်ပြန် ရတာဖြစ်ကြောင်း ဘာ
သာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူးဒေါက်တာ သာဥာဏ်က RFA
ကို ပြောပါတယ်။
" ယခုဖြစ်တာသာမာန်အရောင်းအဝယ် အငြင်းပွားမှုပဲလေ အဲ့ဒါဘာသာရေး
အထိနွယ်သွားစရာ အကြောင်း
မရှိဘူး၊ အဲ့လိုမဖြစ်အောင် အတူသော ဘာသာဝင်တွေက
ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်း ဖို့ပဲ၊
ဘာကြောင့် ဒီလိုဖြစ်
နေရတာလဲ၊ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက်
အဆင်မပြေချင်နေရတာလဲ အဲ့ဒီအဓိအကြောင်း
အရင်းကို ရှာဖို့ ကြိုးစားပါမယ်"
ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ အဲဒီထုတ်ပြန်ကြေညာချက်မှာ
အစိုးရဘက်က နှစ်ဖက်ပြည်
သူ တွေရဲ့ လုံခြုံရေးကို ထားရှိဖို့၊
ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေးအရေး ယူဆောင်ရွက်
ပေးဖို့၊
ပြည်သူလူထုအနေနဲ့ မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊
မလိုလားအပ်တဲ့ ပဋိပက္ခတွေမှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမှာလည်း
မပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။
RFA (Burmese),Rangonnewsdaily
RND: :24.3.2013
![]() |

0 comments:
Post a Comment