Pages

Sunday, March 24, 2013

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် မတ်လ ၂၄ရက် နေ့လယ် ၂နာရီ ၅၀မိနစ် ခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး နေ့လယ် ၃နာရီခန့်တွင် မီးငြိမ်းသွားကြောင်း မန္တလေးတိုင်း ဒေသကြီး ဗဟိုမီးသတ် ထံမှ စုံစမ်းသိရှိရသည်။ မီးလောင်ရခြင်းအကြောင်းရင်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ လောလောဆယ် အသေးစိတ် မပြောနိုင်သေးကြောင်း အဆိုပါဌာနမှ သိရှိရသည်။

(ရွှေရည်)
The Voice Weekly,Rangonnewsdaily
RND:  :24.3.2013

0 comments:

Post a Comment