Pages

Sunday, March 24, 2013

အမှိုက်ကောက် စစ်ဗိုလ်နှင့် သူ၏ စစ်သားများ

=========================
ဆယ်တန်းတွင် အင်္ဂလိပ်စာ အပါ နှစ်ဘာသာ ဂုဏ်ထူးထွက်ခဲ့သည့် ကျောင်းသား တစ်ယောက်၊ ရုရှားနိုင်ငံမှ ကွန်ပျူတာ မာစတာဘွဲ့ရထားသည့် စစ်ဗိုလ်တစ်ယောက်၊ မိဘများက ရွှေဆိုင်ပိုင်ဆိုင်ပြီး လိုလေးသေးမရှိ ထားနိုင်သော စစ်ဗိုလ်တစ်ယောက်၊ ထိုသို့သော စစ်ဗိုလ်တစ်ယောက်သည် သူ၏ စစ်သားများနှင့် အတူ အမှိုက်ကောက်နေပါသည်။ 

လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေ၊ မီးလောင်ပြီး ကျန်ခဲ့တဲ့ အဆောက်အဦတွေကို ကြည့်ပြီး အမှိုက် တစ်ခု ကားပေါ် ကောက်တင်တိုင်း စိတ်မကောင်း ဖြစ်တယ် လို့ သူက ပြောသည်။
သူ့တွင် စစ်အာဏာသိမ်းသည့် အယူအဆလည်း မရှိ။ အဓိကရုဏ်းကို ဖြစ်ပွားအောင် လှုံ့ဆော်ဖို့ အတွေး လည်းမရှိ။ သူတို့ကို ပုတ်ခတ်သူတွေကို တုန့်ပြန်ဖို့ အစီအစဉ်လည်း မရှိ။ ဓာတ်ပုံအလှရိုက်ပြီး facebook ပေါ် တင်ဖို့လည်း အစီအစဉ် မရှိပါ။ သူသည် တိုင်းပြည်အတွက် တစ်နေရာမှ တာဝန်ထမ်းဆောင် နေပါသည်။ 

ထွက်လာလာချင်းက မီးတွေရှို့တယ်၊ လူတွေ သတ်နေတယ် ဆိုတာကြားတော့ ကျွန်တော့်ရဲဘော်တွေ အတွက် ကျွန်တော် စိတ်ပူတယ်။ အဓိကရုဏ်းဖြစ်စဉ်တွေလို ကျွန်တော်တို့အပေါ် ဓာတ်ဆီပုလင်း ပစ်ပြီး မီးတုတ်နဲ့ ပစ်ရင် ကျွန်တော်တို့မှာ ကာကွယ်ထားတဲ့ ၀တ်စုံ မရှိဘူး။ ပစ်ခတ်ထိန်းသိမ်းဖို့လည်း အမိန့်မရှိဘူး။ ဘာ ပြဿနာမှ မရှိတာကိုပဲ ကျေးဇူးတင်ပါတယ်လို့ သူက ပြောသေးသည်။

ကျည်တစ်တောင့်ထိုး တစ်ခါပစ် သေနတ်၊ လူစုခွဲသည့် ရာဘာကျည်၊ မပြည့်စုံသည့် ၀တ်စုံများဖြင့် တာဝန် ထမ်းဆောင်နေသူများ ကို တွေးမိလိုက်သည်။ ထိုအခြေအနေတွင် ပစ်ခတ်ထိန်းသိမ်းပါက မလက်တိုထက် အခြေအနေဆိုးသည်ကို ရင်ဆိုင်ရမည် ဆိုသည်မှာတော့ တွေးစရာ မလိုတော့။

ယခုတော့ မာစတာဘွဲ့ရ စစ်ဗိုလ်နှင့် သူ၏ စစ်သားများ အမှိုက်တွေ ကောက်ပြီး အမှိုက်ကားတွေ ပေါ် တင်ပေး နေကြသည်။ ညနေကျလျှင် ဒုက္ခသည်များ အတွက် ပို့ပေးသည့် ပစ္စည်းများကို ထမ်းပိုးပေးကြ ရအုံးမည်။ ပြီးလျှင်တော့ ပါလာသည့် ရိက္ခာဆန်ကို ချက်ကာ ထမင်းကို အလှည့်ကျ စားကြရမည်။ ပြီးလျှင်တော့ လုံခြုံရေး အတွက် တစ်ညလုံး ကင်းလှည့်ကြရပေအုံးမည် ဖြစ်သည်။

ဆယ်တန်းတွင် အင်္ဂလိပ်စာ အပါ နှစ်ဘာသာ ဂုဏ်ထူးထွက်ခဲ့သည့် ကျောင်းသား တစ်ယောက်၊ ရုရှားနိုင်ငံမှ ကွန်ပျူတာ မာစတာဘွဲ့ရထားသည့် စစ်ဗိုလ်တစ်ယောက်၊ မိဘများက ရွှေဆိုင်ပိုင်ဆိုင်ပြီး လိုလေးသေးမရှိ ထားနိုင်သော စစ်ဗိုလ်တစ်ယောက်၊ ထိုသို့သော စစ်ဗိုလ်တစ်ယောက်သည် သူ၏ စစ်သားများနှင့် အတူ အမှိုက်ကောက်နေပါသည်။ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေ၊ မီးလောင်ပြီး ကျန်ခဲ့တဲ့ အဆောက်အဦတွေကို ကြည့်ပြီး အမှိုက် တစ်ခု ကားပေါ် ကောက်တင်တိုင်း စိတ်မကောင်း ဖြစ်တယ် လို့ သူက ပြောသည်။
သူ့တွင် စစ်အာဏာသိမ်းသည့် အယူအဆလည်း မရှိ။ အဓိကရုဏ်းကို ဖြစ်ပွားအောင် လှုံ့ဆော်ဖို့ အတွေး လည်းမရှိ။ သူတို့ကို ပုတ်ခတ်သူတွေကို တုန့်ပြန်ဖို့ အစီအစဉ်လည်း မရှိ။ ဓာတ်ပုံအလှရိုက်ပြီး facebook ပေါ် တင်ဖို့လည်း အစီအစဉ် မရှိပါ။ သူသည် တိုင်းပြည်အတွက် တစ်နေရာမှ တာဝန်ထမ်းဆောင် နေပါသည်။

ထွက်လာလာချင်းက မီးတွေရှို့တယ်၊ လူတွေ သတ်နေတယ် ဆိုတာကြားတော့ ကျွန်တော့်ရဲဘော်တွေ အတွက် ကျွန်တော် စိတ်ပူတယ်။ အဓိကရုဏ်းဖြစ်စဉ်တွေလို ကျွန်တော်တို့အပေါ် ဓာတ်ဆီပုလင်း ပစ်ပြီး မီးတုတ်နဲ့ ပစ်ရင် ကျွန်တော်တို့မှာ ကာကွယ်ထားတဲ့ ၀တ်စုံ မရှိဘူး။ ပစ်ခတ်ထိန်းသိမ်းဖို့လည်း အမိန့်မရှိဘူး။ ဘာ ပြဿနာမှ မရှိတာကိုပဲ ကျေးဇူးတင်ပါတယ်လို့ သူက ပြောသေးသည်။

ကျည်တစ်တောင့်ထိုး တစ်ခါပစ် သေနတ်၊ လူစုခွဲသည့် ရာဘာကျည်၊ မပြည့်စုံသည့် ၀တ်စုံများဖြင့် တာဝန် ထမ်းဆောင်နေသူများ ကို တွေးမိလိုက်သည်။ ထိုအခြေအနေတွင် ပစ်ခတ်ထိန်းသိမ်းပါက မလက်တိုထက် အခြေအနေဆိုးသည်ကို ရင်ဆိုင်ရမည် ဆိုသည်မှာတော့ တွေးစရာ မလိုတော့။

ယခုတော့ မာစတာဘွဲ့ရ စစ်ဗိုလ်နှင့် သူ၏ စစ်သားများ အမှိုက်တွေ ကောက်ပြီး အမှိုက်ကားတွေ ပေါ် တင်ပေး နေကြသည်။ ညနေကျလျှင် ဒုက္ခသည်များ အတွက် ပို့ပေးသည့် ပစ္စည်းများကို ထမ်းပိုးပေးကြ ရအုံးမည်။ ပြီးလျှင်တော့ ပါလာသည့် ရိက္ခာဆန်ကို ချက်ကာ ထမင်းကို အလှည့်ကျ စားကြရမည်။ ပြီးလျှင်တော့ လုံခြုံရေး အတွက် တစ်ညလုံး ကင်းလှည့်ကြရပေအုံးမည် ဖြစ်သည်။
 
Opposite Eye,Rangonnewsdaily
RND:  :24.3.2013

0 comments:

Post a Comment