Pages

Sunday, March 24, 2013

"မိတ္ထီလာနဲ့ ၃၄ မိုင်ခန့်အကွာက ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"

ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ ဒီမီးလောင်ကျွမ်းမှုကြောင့် ရွာတန်းကျေးရွာမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုကျောင်းဆောင်တစ်လုံး အပါအဝင် ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၃၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပါတယ်။
ဒီကနေ့ည ၁၂ နာရီက ရမည်းသင်းမြို့မီးသတ်တပ်ဖွဲ့ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ မီးသတ်တပ်ဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေဟာမီးလောင်တဲ့ရွာကို အမြန်သွားရောက်နေကြတယ်လို့ ပြန်လည် ဖြေ
ကြားပါတယ်။

မိတ္ထီလာမြို့ လုံခြုံရေးအတွက် ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သွားရောက်ကူညီနေရတဲ့ ရမည်းသင်းမြို့နယ်ရဲတပ်ဖွဲ့က ဒုရဲမှုးသောင်းကြည် ခေါင်းဆောင်တဲ့တပ်ဖွဲ့ဟာလည်း ရမည်းသင်းမြို့ကို ညတွင်းချင်း အမြန်ပြန်လာနေရတယ်လို့ သိရပါတယ်။

ယမန်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ရွာတန်းရွာဟာ သုံးရက်ကြာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့နဲ့ ၃၄ မိုင်ကျော်ကွာဝေးပါတယ်။

RFA (Burmese),Rangonnewsdaily
RND:  :24.3.2013 

0 comments:

Post a Comment