Pages

Sunday, March 24, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တရှိန်ထိုး တိုးတက်လာသည့် တိုးတတ်မှုပုံရိပ်များ

အခြေအနေ တည်ငြိမ်စ ပြုသော်လည်း ပုန်းအောင်းနေရသည့် နေရာများ မှ ထွက်ရန် ခက်ခဲ ပိတ်မိနေကြောင်း သိရှိရသည့် နေရာများ သို့ ဗကသကျောင်းသားများ ၊ ၈၈ ကျောင်းသားများ ၊ သံဃာတော်များ လက်တွဲ၍ ကယ်တင် ခေါ်ထုတ်ပေးခဲ့ကြစဉ်က ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တရှိန်ထိုး တိုးတက်လာသည့် တိုးတတ်မှုပုံရိပ့်များဖြစ်ပါတယ်။
အခြေအနေ တည်ငြိမ်စ ပြုသော်လည်း ပုန်းအောင်းနေရသည့် နေရာများ မှ ထွက်ရန် ခက်ခဲ ပိတ်မိနေကြောင်း သိရှိရသည့် နေရာများ သို့ ဗကသကျောင်းသားများ ၊ ၈၈ ကျောင်းသားများ ၊ သံဃာတော်များ လက်တွဲ၍ ကယ်တင် ခေါ်ထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။
မိတ္ထီလာကိစ္စ သံသယ၀င်စရာများ
---------------------------------

၁။ ပြဿနာ မဖြစ်ပွားခင် တစ်ပတ်အလို : အွန်လိုင်းပေါ်မှာ မိတ္ထီလာမြို့မှာ ဘာသာခြားတွေ လွှမ်းမိုးနေပါတယ်လို့ အော်တယ်။ ဆန့်ကျင်စာတွေ ဖြန့်တယ်။ အဲဒီမြို့မှာလဲ ဖြန့်လိမ့်မယ်လို့ ထင်တယ်။

၂။ ပြဿနာ ထဖြစ်ချိန် : တစ်နယ်က လာတဲ့ လင်မယားနှစ်ယောက် (ဘယ်နယ်က လာမှန်းမသိဘူး) ဘာသာခြားဆိုင်ကိုမှ ရွှေဝင်ရောင်းတယ်။
ရွှေဆိုင်ကလူတွေ ဆိုတာကရော အဆင်မပြေတာနဲ့ ဘာလို့ ၀ိုင်းရိုက်လွှတ်ကြတာလဲ။ ရုတ်ရုတ်သည်းသည်းဖြစ်ရင် ရွှေဆိုင်ဆိုတာ အနာချည်းပဲ ဆိုတာ နားမလည်ဘူးလား။ နားလည်လျက်က ရိုက်သလား။
အရိုက်ခံရသူနဲ့ ရိုက်သူတွေက အခုမှ တွေ့ဘူးကြတာ ဟုတ်ရဲ့လား။

၃။ တကယ်အရိုက်ခံရတာက ၄၅နှစ်ဝန်းကျင် အရွယ်ကောင်း ယောက်ျား : သတင်းက ဘယ်လို တက်လာသလဲ ဆိုတော့ အဘွားကြီးနဲ့ မြေးမလေးတဲ့။ အဘွားကြီးအရိုက်ခံရလို့ သေပြီတဲ့။ အရမ်း ပြဇာတ်ဆန်လွန်းတယ်။

၎။ ရွှေရောင်းတာကလည်း ဘာဖြစ်လို့ ရောင်းမှန်းမသိဘူး : ဒါကို သတင်းတက်လာတော့ ကျောင်းဆောက်ဖို့တဲ့။

၅။ ရွှေဆိုင်ကို ၀ိုင်းဖျက်နေတဲ့ ဗီဒီယို ချက်ချင်း တက်လာတယ် : အသေအချာကို ရိုက်ထားတဲ့ပုံပဲ။ ကျွမ်းကျင်တဲ့ သတင်းဗီဒီယိုသမားတွေ မိတ္ထီလာမှာ သိပ်များနေသလား။

၆။ ဘီဘီစီက တစ်စခန်းထပြန်တယ် : ဘာသာခြား ၁၀ယောက် သေတယ်တဲ့။ ပြည်တွင်းမီဒီယာတွေတောင် မသိတာ ဒင်းတို့က ဘယ်လိုချက်ချင်း သိသလဲ။ နတ်မျက်စိ ရနေသလား။ မြို့ခံတွေတောင် အကြောက်တလန့်လန့် ပြေးလွှားနေရချိန် သေသူက ဘယ်ဘာသာဝင်လို့ ဘီဘီစီက ဒတ်ကနဲ ပြောရအောင် ယမမင်းဆီမှာ အသင့်စောင့်ပြီး သတင်းယူနေသလား။

၇။ သတင်းကို ကိုယ်လိုသလို ဆွဲရေးတဲ့ သတင်းတု သတင်းလိမ်တွေ အများကြီး တက်လာတယ်။ အွန်လိုင်းကပဲ ချက်ချင်းသိရတော့ လူတွေက အွန်လိုင်းသတင်းတွေကိုပဲ လိုက်ကြည့်နေရတယ်။ ဒီတော့ သတင်းတု အများစုက လွှမ်းမိုးနေတယ်။

၈။ ဒီလောက် ပြဿနာတွေကြားမှာ ဘုန်းကြီးတစ်ပါးကို မီးရှို့တဲ့သတင်း တက်လာပြန်တယ်။ ဒီလောက် ပြဿနာကြီးနေချိန်မှ လုပ်ရက်ကြသလား။ လုပ်တာကရော ဘယ်သူတွေလဲ? ဘာရည်ရွယ်ချက်နဲ့လဲ? နောက်ထပ် အကျိုးဆက်တွေကို မမြင်ဘူးလား?

၉။ ၈၈ က ပြဿနာဖြေရှင်းဖို့သွားတယ်။ ဒီအချိန်မှာ ပြဿနာ ဖြေရှင်းဖို့သွားတဲ့ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာဖြစ်တယ်။ ဦးခင်ညွှန့်ပဲ သွားသွား ဖြေရှင်းဖို့သွားသူတိုင်းကို ကြိုဆိုရမယ်။ ၈၈ သွားတာကလဲ တုတ်တွေ ဓားတွေ ယူပြီးသွားတာမဟုတ်ဘူး။ ပြဿနာ ပြေလည်အောင်သွားတာ။ တုတ်တပြက် ဓားတစ်ပြက် အဖြစ်တွေ ငြိမ်းရင် မကောင်းဘူးလား။ ဒါပေမဲ့ ၈၈ သွားသွားချင်းပဲ ကိုမင်းကိုနိုင်ပုံကို ဘာသားခြားလို Photoshop နဲ့ ရုပ်ဖျက်လုပ်ကြံတဲ့ပုံ တက်လာတယ်။ ပြေလည်အောင် သွားသမျှလူကို နာမည်ဖျက်ပစ်မယ်ဆိုတဲ့သဘောလား။

၁၀။ ၁၁။ ၁၂။ ၁၃။ ၁၄။ ၁၅... ဆက်ရေးစရာတွေ အများကြီးရှိပါသေးတယ်။ လူတစ်ဦးတစ်ယေက် တစ်စု တစ်ဖွဲ့ကို လက်ညှိုးမထိုးလိုဘူး။

ဒါပေမဲ့ ...
ဒီကိစ္စကို မြင်သလောက် သုံးသပ်ရရင် နိုင်ငံတော်အဆင့် လွှမ်းခြုံနိုင်တဲ့အဖွဲ့အစည်းကြီးတစ်ခုခုက စနစ်တကျ နိုင်ငံတော်အဆင့်ကြံစည်မှုတော့ မဟုတ်လောက်ဘူး။

ဒါပေမဲ့ ...
ပြည်တွင်း၊ ပြည်ပက မီးလောင်ရာ လေပင့်လိုသူ အဖွဲ့အစည်းငယ်၊ အဖွဲ့အစည်းလတ် အမျိုးမျိုး ပါဝင်နေတယ်။
မတူညီတဲ့ အဖွဲ့အစည်းအသီးသီး (အချင်းချင်းလည်း မတည့်သူတွေ ဖြစ်နိုင်တဲ့ အဖွဲ့အစည်းအသီးသီး) 
ဟာ ရည်ရွယ်ချက်ချင်း တူညီသွားကြတယ်။

Thorn Nay Soe
မြို့လုံးကျွတ် မီးလောင်တိုက်အသွင်းခံရပုံ

People arrive at a stadium, a safe place for Muslims amid riots in Meikhtila March 22, 2013.
REUTERS/Soe Zeya Tun

People arrive at a stadium, a safe place for Muslims amid riots in Meikhtila March 22, 2013.
REUTERS/Soe Zeya Tun
Thursday, March. 21, 2013 photo, local residents walk on a road near a burning building following ethnic unrest between Buddhists and Muslims in Meikhtila, Mandalay division, Myanmar. (AP Photo)
မင်းမဲ့စရိုက်ဆန်ဆန် မြို့လယ်ခေါင်မှ မီးတွေရှို့ခဲ့ကြ

Photo
စားဝတ်နေရေးကျပ်တည်းရတဲ့အထဲ မီးအရှို့ခံရလို့ရှိတာလေးတွေလဲကုန်ပြီ
  • ပဋိပက္ခများကြောင့် အိုးအိမ်စွန့် ခွာပြေးရသူဒုက္ခသည်များကိုမတ်၂၂ရက်နေ့က ရဲများကနေရာရွေ့ပြောင်းပေးနေသည်ကိုတွေ
့ရစဉ် 
ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ
    ပဋိပက္ခများကြောင့် အိုးအိမ်စွန့် ခွာပြေးရသူဒုက္ခသည်များကိုတွေ
့ရစဉ်
    ဦးသိန်းစိန် လက်ထက်မှာ တရှိန်ထိုး တိုးတက်လာသည့် အရာ
=== ပြည်တွင်း ဒုက္ခသည်များ
    အိမ်ရာမဲ့ဖြစ်သွားရတဲ့ပြည်သူတွေ
    • " ဒီခေတ် ......"

ဘာခေတ်လဲတော့မသိ .... ??

မေတ္တာတရား ရဲ့  သင်္ကေတကို
နံပါတ်တပ်ပြီး မာရ်နတ် လက်ထဲ အပ်တဲ့ခေတ် ... ။

ကလေးငယ်တစ်ယောက်ရဲ့ သွေးစက် ကို
မေတ္တာရှင်တွေသောက်သုံးတဲ့ခေတ် ..... ။

ဒုက္ခသည်တွေရဲ့ မျက်ရည်နဲ့  ....
သစ္စာရှင်တွေ ရေချိုးတဲံ့ ခေတ် ..... ။

ကလေးငယ်တစ်ယောက်ကို
အစွဲတစ်ခုအတွက် ခြေထောက်နဲ့ ဆောင့်ကန်တဲ့ခေတ် .... ။

လူကိုလူလိုမမြင်ဘဲ ....
နံပါတ်တွေနဲ့ တံဆိပ်ကပ်မြင်တတ်တဲ့ခေတ် ..... ။

ဆယ့်သုံးနှစ်ကလေးရဲ့ ဂုတ် ပေါ်က ငှက်ကြီးတောင်ဓားအတွက် ...
အားရပါးရ လက်ခေါက် ၀ိုင်းမှုတ်ကြတဲ့ခေတ် ....... ။

အသက်မဲ့နေတဲ့ အမေ့ခန္ဒာဘေး ငိုနေတဲ့ကလေးအတွက် ....
လှောင်ရီသံတွေနဲ့ ဂုဏ်ပြုတဲ့ခေတ် .... ။

အိမ်ရာမဲ့လို့  ငတ်ပြတ်နေတဲ့လူတွေ ကို ...
သေမှအေးမှာ လို့ ဝိုင်း မေတ္တာပို့ တဲ့ခေတ် .... ။

သူတစ်ပါးအသိုက်အမြုံ ဖျက်ဆီးသူ ကို ...
ဝိုင်းပြီး လက်ခုပ်တီးအားပေးတဲ့ခေတ် .... ။

မျောက်တွေဝိုင်းပြီး ..
အုန်းသီးတောင်း တဲ့ခေတ် ... ။

ဒီခေတ်မှာ ...
နံပါတ်တစ်ခုအတွက် လူသတ်ဖို့  ၀န်မလေး သလို
အတ္တတစ်ခုအတွက်လဲ ကလေးငယ်တွေကို မငှဲ့ ညှာဘူး .. ။

ငါ စွဲ နေတဲ့ မျက်ကန်းမှုထဲ ဘုရားတွေကို ဆွဲထည့်နေသလို ....
ငြိမ်းချမ်းရေးကိုလဲ သစ္စာဖောက်လို့ စွပ်ဆွဲဖို့  အဆင်သင့်ပဲ ... ။

သြော် ဒီခေတ် ...
ဘာခေတ်လဲတော့မသိ ....... ။

=====================================================
(သော်ဇင်ထွန်း)
24/3/2013
      စနစ်ဆိုးတွေအောက်မှာ ကြီးပြင်းလာနေရတဲ့ ကလေးငယ်လေးများ

      ကဲ  မဟာလူမျိုးကြီး ဝါဒီ ဘာမထီ သာကီလူမျိုးများ၊  ဒီမြင်ကွင်းကို ကြည့်ပြီး ဘယ်လိုနေပါသလဲ? 

အမယ်အိုဟာ ခင်များတို့ရဲ့ အဘွား၊ အမေ ဆိုရင်ကော  ခင်များတို့ ဒီလို ချီပြီး ပြေးနိုင်မလား??

ဒါမှမဟုတ် ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးမှာလား?

ဒါ ခင်များတို့ အရမ်းကို လိုလားတောင့်တနေတဲ့ ရလဒ်ပဲလေ။ မဟုတ်ဘူးလား? 

ဒီလောက်နဲ့ပဲရပ်တန့်ပေးပါတော့လို့ တောင်းဆိုပါရစေ။

ဒီကမ္ဘာကြီးမှာ အိမ်ရှင်၊ ဧည့်သည် ဆိုတာ မရှိပါ။ အရင်ရောက်သူ၊ နောက်ကျမှ လာသူပဲ ရှိပြီး ဒီနေ့သေမလား၊ မနက်ဖြန်သေမလားဆိုတာ ဘယ်သူမှ မသိနိုင်သော အငှါးခန္ဓာဆောင်ထားရတဲ့ ဝင်ကစွပ်ကောင်တွေလိုပါပဲ

။ ဒီဘဝမှာ ဒီခန္ဓာနဲ့  ဒီလူဖြစ်နေရသော်လည်း နောင်ဘဝ ၌ ဘယ်ဘုံဘဝမှာ ကျင်လည်ရမယ်မှန်း ဘယ်သူမှမသိနိုင်ပါ။

ဘာပဲဖြစ်ဖြစ် ခင်များတို့ ပျော်နိုင်ကြပါစေဗျာ။ ခင်များတို့ အိမ်ပြန်ရောက်တာနဲ့ ဇနီး၊သားသမီး များ စုံစုံလင်လင် ထမင်းလက်စုံစားနိုင်ပါစေ။ ဝဋ်မှာ အမြဲ၊ ငရဲမှာအပ၊ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုသောစကားလုံးများအား မေ့ထားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါ့မယ်။
AP Photo
      လမ်းမလျှောက်နိုင်တော့တဲကအမယ်အိုလဲ အသက်လုပြေးနေရပြီ
      မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်။

ပုံစာ - မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော တပ်မတော်သားအချို့ကို တွေ့ရစဉ်
      မြို့ပျက်ကြီးကိုရှင်းလင်းဖို့နိုင်ငံတော်သမ္မတအမိန့်နဲ့ရောက်လာတဲ့ ပြည်သူ့စစ်သားတွေ

      သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား ။

၎င်းနေအိမ်တွင် ပိတ်မိ ပုန်းနေရသူ (၅)ဦးအား ဗကသ ကျောင်းသားများ ၊ သံဃာတော်များ ၊ ၈၈ ကျောင်းသားများ(မန္တလေး) နှင့် ချမ်း/အေး NLD တို့ ပူးပေါင်း၍ ကယ်တင် ခေါ်ခဲ့ပြီး ခရိုင်အားကစားကွင်း စခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ
၂၃-၃-၁၃
      သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား

      မင်းကိုနိင် မူစလင်ဒုက္ခသည်များကို အားပေး
      မင်းကိုနိင် မူစလင်ဒုက္ခသည်များကို အားပေး
      Rangonnewsdaily
      RND:  :24.3.2013

0 comments:

Post a Comment