Pages

Sunday, March 24, 2013

ပုသိမ်-မုံရွာ ကားလမ်းတွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက် ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

Sunday, March 24, 2013

်ပုသိမ်-မုံရွာကားလမ်းပေါ်ရှိမြောက်မျှားကုန်းကျေးရွာအနီးတွငမတ်၂၃ရက်ညနေက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာလူ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။ ချောင်းသာမှပခုက်္ကူသို့ဦး---(၄၂)နှစ်မာင်းနှင်လာသော၈င/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည်မင်းလှမြို့နယ်၊ မြောက်မျှားကုန်းကျေးရွာ အနီး၊ပုသိမ်-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ်(၂၄၂/၆) အနီးသို့
ရောက်ရှိစဉ် ယာဉ်မောင်းဦး-- အိပ်ငိုက်၍ ယာဉ်မှာ လမ်းယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိမ်းမှောက် မှုကြောင့်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီးယာဉ်ပေါ်တွင်လိုက်ပါလာသည့်ကျား ၃ ဦး၊မ ၇ ဦး၊ စုစုပေါင်း ၁၀ ဦးတို့တွင်ဖူးရောင်ပေါက်ပြဲပွန်းပဲ့နာကျင်ဒဏ်ရာများ
ရရှိခဲ့သဖြင့် မင်းဘူးဆေးရုံသို့ ပို့အပ်ပြီးရေနံမရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Popular Myanmar News Journal,Rangonnewsdaily
RND:  :24.3.2013

0 comments:

Post a Comment