Pages

Sunday, March 24, 2013

နိုင်ငံသား အစ္စလာမ် ဘာသာဝင်များအား ကာကွယ် စောင့်ရှောက်ပေးရန် မြန်မာအစိုးရအား တူရကီတိုက်တွန်း

မတ်လ ၂၃ ၊ ၂၀၁၃

အကြမ်းဖက်တိုက်ခိုက်မှုများ တစ်စတစ်စ ကြီးထွားလာမှုကို အရေးယူပြီး၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်
များအား ကာကွယ်စောင့်ရှောက်ပေးရန် တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာအစိုးရအား တိုက်တွန်း
ပြောကြားလိုက်သည်။
“မိတ္ထီလာတွင်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ချက်ချင်း ထိန်းချုပ်ပေးရန်၊ ထိုအကြမ်းဖက်မှုများကို ကျူးလွန်သူများအား ဖမ်းဆီးပေးရန်နှင့် အခြားဒေသများသို့ ပျံ့နှံ့မသွားအောင် တားဆီးပေးရန် တူရကီနိုင်ငံ
မှ တိုက်တွန်းလိုက်ပါသည်။”ဟု စနေနေ့က တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ
ထားသည်။

ုလွန်ခဲ့သော ဗုဒ္ဓဟူးနေ့မှစ၍ ဗုဒ္ဓဘာသာဝင်အုပ်စုမှ မိတ္ထီလာမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်
များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး သောကြာနေ့ကလည်း မိတ္ထီလာမြို့ အပြင်ဘက်ရှိ အစ္စလာမ်
ဘာသာဝင်များ နေထိုင်သည့် ရပ်ကွက်များကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြလေသည်။
M-Media

0 comments:

Post a Comment