Pages

Tuesday, February 19, 2013

WiMax အင်တာနက်လိုင်းကို LTE သို့ပြောင်းလဲမြှင့်တင်ရန် အစီအစဉ်ရှိကြောင်းသိရ

WiMax အင်တာနက်လိုင်းကို LTE သို့ပြောင်းလဲမြှင့်တင်ရန်
အစီအစဉ်ရှိကြောင်းသိရ
Tuesday, February 19, 2013

WiMax အင်တာနက်လိုင်းကို နောက်ပိုင်းတွင် LTE ပြောင်းလဲသွားရမည်
ဖြစ်ကြောင်း RedLink ကုမ္ပဏီမှ ပြောကြားခဲ့သည်။

''တစ်ချိန်ချိန်မှာLTE ကို ပြောင်းမှရမယ်။LTE က WiMax ရဲ့Next Technology ဖြစ်ပါတယ်။WiMax ရဲ့သွားနေတဲ့ Trend အတိုင်း လိုက်ရမှာဖြစ်ပြီး ကျန်ခဲ့လို့မရပါဘူး။LTE ကို မဖြစ်မနေ ပြောင်းရမှာပါ။
သုံးတဲ့သူဘက်အနေနဲ့ လက်ရှိသုံးနေတဲ့ CPE တွေကို ဆက်သုံးသွားလို့ရပြီး Service Provider ဘက်ကသာ အပြောင်းအလဲတွေ လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်''ဟု Red Link ကုမ္ပဏီမှ ဦးမင်းဆွေလှိုင်က ပြောကြားခဲ့သည်။

Mobile WiMax တွင် အမြင့်ဆုံးရရှိနိုင်သော Download speed မှာ 70 Mbps  ဖြစ်ပြီး LTE (Long Term Evolution) တွင်မူ အမြင့်ဆုံး 100 Mbpsထိ ရရှိနိုင်ကြောင်းသိရသည်။Upload speed တွင်မူ LTE ၌အမြင့်ဆုံး 50Mbps ထိရနိုင်ပြီး WiMax တွင်5 to 10Mbpsထိသာ ရရှိနိုင်ကြောင်း သိရသည်။Average Rangeတွင် LTE မှာ မိုင်၃ဝ ကျော်ထိ လွှမ်းခြုံနိုင်ပြီး WiMax မှာ ၅မိုင်ကျော်အထိသာ လွှမ်းခြုံနိုင်ကြောင်း သိရသည်။

WiMax အင်တာနက်လိုင်းကို ရန်ကုန်၊မန္တလေးနှင့် ပုဂံတို့တွင်သာ တပ်ဆင်သုံးစွဲနိုင်ပြီး စုစုပေါင်း အသုံးပြုသူအရေအတွက်မှာ တစ်သောင်း
နီးပါးခန့်ရှိကြောင်း သိရသည်။ WiMax အင်တာနက်လိုင်း၏ ကနဦး
တပ်ဆင်ခမှာ ကျပ်လေးသိန်းခွဲဖြစ်သည်။

Eleven Media Group

Tuesday, February 19, 2013

WiMax အင်တာနက်လိုင်းကို နောက်ပိုင်းတွင် LTE ပြောင်းလဲသွားရမည် ဖြစ်ကြောင်း RedLink ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ''တစ်ချိန်ချိန်မှာLTE ကို ပြောင်းမှရမယ်။LTE က WiMax ရဲ့Next Technology ဖြစ်ပါတယ်။WiMax ရဲ့သွားနေတဲ့ Trend အတိုင်း လိုက်ရမှာဖြစ်ပြီး ကျန်ခဲ့လို့မရပါဘူး။LTE ကို မဖြစ်မနေ ပြောင်းရမှာပါ။ သုံးတဲ့သူဘက်အနေနဲ့ လက်ရှိသုံးနေတဲ့ CPE တွေကို ဆက်သုံးသွားလို့ရပြီး Service Provider ဘက်ကသာ အပြောင်းအလဲတွေ လုပ်ဆောင်ရမှာ
ဖြစ်ပါတယ်''ဟု Red Link ကုမ္ပဏီမှ ဦးမင်းဆွေလှိုင်က ပြောကြားခဲ့သည်။

Mobile WiMax တွင် အမြင့်ဆုံးရရှိနိုင်သော Download speed မှာ 70 Mbps ဖြစ်ပြီး LTE (Long Term Evolution) တွင်မူ အမြင့်ဆုံး 100 Mbpsထိ ရရှိနိုင်ကြောင်းသိရသည်။Upload speed တွင်မူ LTE ၌အမြင့်ဆုံး 50Mbps ထိရနိုင်ပြီး WiMax တွင်5 to 10Mbpsထိသာ ရရှိနိုင်ကြောင်း သိရသည်။Average Rangeတွင် LTE မှာ မိုင်၃ဝ ကျော်ထိ လွှမ်းခြုံနိုင်ပြီး WiMax မှာ ၅မိုင်ကျော်အထိသာ လွှမ်းခြုံနိုင်ကြောင်း သိရသည်။

WiMax အင်တာနက်လိုင်းကို ရန်ကုန်၊မန္တလေးနှင့် ပုဂံတို့တွင်သာ တပ်ဆင်သုံးစွဲနိုင်ပြီး စုစုပေါင်း အသုံးပြုသူအရေအတွက်မှာ တစ်သောင်း နီးပါးခန့်ရှိကြောင်း သိရသည်။ WiMax အင်တာနက်လိုင်း၏ ကနဦး တပ်ဆင်ခမှာ ကျပ်လေးသိန်းခွဲဖြစ်သည်။

 RND: 19.2.2013
 Eleven Media Group

0 comments:

Post a Comment