၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က မျက်နှာဖုံးစွပ်လူအုပ်စုမှ ကိုကျော်မင်းအား သတ်ဖြတ်ခဲ့သော အခင်းဖြစ်ပွားရာ ဘီယာဆိုင်အားတွေ့ရစဉ် |
မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင်
ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော်
ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက်
၃၀ကျော်ခန့်သာ စစ်ဆေးပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က
မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ
၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ည၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ
၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ကိုကျော်မင်းနှင့်
သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် ကျော်မင်းလားဟုမေးကာ လူငါးယောက်မှ
ဓားများဖြင့် ၀ိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှအပြင်သို့
တိမ်းရှောင်ထွက်ပြေးစဉ် အသင့်စောင့်လျက်ရှိသော လူများက
ထပ်မံခုတ်သတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်များအရ သိရသည်။ယင်းအမှုကို မြောက်ဥက္ကလာပ ရဲစခန်းမှ (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/
အဆိုပါအမှုကို မြောက်ပိုင်းခရိုင်တရားရုံးမှ ၂၀၁၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တရားလိုပြသက်သေများအား ထပ်မံစစ်ဆေးမည်ဟု သိရသည်။
RND: 19.2.2013
EMG
0 comments:
Post a Comment