![]() |
ဟဲဟိုး၊
ဖေဖော်ဝါရီ ၁၉
ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ
မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုးယာဉ်လိုင်းမှ
ခရီးသည်တင်လေအိတ်ကားတစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့်အဖော်တစ်ဦးတို့ စီးနင်းလာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ်တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိဘုန်းကြီးကျောင်းအနီး ကားလမ်းမပေါ်တွင် မျက်နာချင်းဆိုင်တိုက်မိခဲ့ကြောင်း ဟဲဟိုးသတင်းထောက်မှ သတင်းပေးပို့သည်။
တိုက်မိသည့်အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ ခရီးသည်တင်ကားပေါ်တွင်ပါလာသည့်ခရီးသည်များမှာထိခိုက်ဒဏ်ရာရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို ကား၏ညာဘက်ခြမ်းနင့်တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။
တိုက်မိသည့်အရှိန်မှာပြင်းထန်သြ
သတင်း+ဓာတ်ပုံ - ထူးအိမ်သွင်
RND: 19.2.2013
Popular Myanmar News Journal
0 comments:
Post a Comment