Pages

Tuesday, February 19, 2013

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်းမှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည် ၊

ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရထပ်မံသိရှိရသည် . .

ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်းအဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ် . . 

အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူးတွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ် . . .

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တော့ အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို 
ကျေးဇူးတင်နေကြကြောင်းသိရပါတယ် . . .

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထားတာဖြစ်ကြောင်း 
လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုးသတင်းထွက်လာပါတယ် . .

လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသတင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တကယ်ကြားညပ်နေတာ 
ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့ကြောင်းသိရပါတယ် . .

လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့် 
ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘောထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ် .

သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရတာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ 
သိရပါတယ် . . . 

ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစုစောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိပါတယ် 

အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ် . .

ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်တားခဲ့သေးတာ . . ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ . . အဘသန်းရွှေကို ကျော်ရဲလို့လား အဘကိုကျော်ရင် 
ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်တွေကို ကြည့်ရင် အသိသာကြီးပါ ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း သိရပါတယ် . . 

တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန် သန်းရွှေ၏ လုံခြုံရေးအရ နေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းပစ်ရန် နှင့် 
တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည် . .

တရုတ်ထောက်လှမ်းရေးများကလည်း အခြေအနေများကို တရုတ်ပြည်သို့ သတင်းပေးပို့လျက်ရှိပြီး လောလောဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အနေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံစမ်းပေးပို့ရန် 
ညွှန်ကြားထားကြောင်းသိရသည် . .

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည် . .

Ahman Tayar

တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်း
မှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည် ၊ ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရထပ်မံသိရှိရသည် . .

ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်းအဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ် . .

အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူးတွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ် . . .

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက တော့ အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကို
ကျေးဇူးတင်နေကြကြောင်းသိရပါတယ် . . .

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထားတာဖြစ်ကြောင်း
လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုးသတင်းထွက်လာပါတယ် . .

လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသတင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တကယ်ကြားညပ်နေတာ
ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့ကြောင်းသိရပါတယ် . .

လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့်
ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘောထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ် .

သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရတာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ
သိရပါတယ် . . .

ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစုစောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိပါတယ်

အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ် . .

ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်တားခဲ့သေးတာ . . ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ . . အဘသန်းရွှေကို ကျော်ရဲလို့လား အဘကိုကျော်ရင်
ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်တွေကို ကြည့်ရင် အသိသာကြီးပါ ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း သိရပါတယ် . .

တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန်သန်းရွှေ၏လုံခြုံရေးအရနေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်
မည့် အစီအစဉ်ကို ဖျက်သိမ်းပစ်ရန် နှင့် တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည် . .

တရုတ်ထောက်လှမ်းရေးများကလည်းအခြေအနေများကိုတရုတ်ပြည်သို့သတင်းပေးပို့လျက်ရှိပြီး လောလော
ဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အနေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံစမ်းပေးပို့ရန် ညွှန်ကြားထားကြောင်းသိရသည် . .

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည် . .

Ahman Tayar
RND: 19.2.2013

0 comments:

Post a Comment