![]() |
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဖေဖော်ဝါရီ(၁၇)ရက်နေ့ည
သန်းခေါင်ကျော်အချိန် မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ(၁၀၀)ကျော်
မီးလောင်သွားခဲ့ကြောင်း သိရသည်။ ဟုမ္မလင်းမြို့နယ်နဲ့
မိုင်(၄၀)ကျော်အကွာတွင်ရှိတဲ့ နန်တောရွာမှာ မနေ့ည(၁၂)နာရီကျော်လောက်က
မီးစတင်လောင်ပြီး ရွာက မြို့နဲ့အလှမ်းဝေးသောကြောင့် မီးသတ်ကားတွေ
အချိန်မီမရောက်ရှိနိုင်တာမို့ ယခုလို အိမ်ခြေ(၁၀၀)ကျော်အထိ မီးလောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ချယ်ရီးဆန်းဘီယာဆိုင်မှ မီးစလောင်တာဖြစ်ပြီး ည(၁၂)နာရီကျော်က စလောင်သောမီးဟာ မနက်(၄)နာရီထိုးတဲ့အထိ မီးငြိမ်းလို့မရနိုင်သေးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ ဆုံးရှုံးမှုပမာဏတွေ မသိရသေးပေမယ့် ကျေးရွာရဲ့ဈေးဟာ မီးထဲပါသွားပြီး အိမ်ကြီးအိမ်ကောင်းတွေလည်း မီးလောင်တဲ့အထဲ ပါသွားခဲ့ကြောင်း သိရသည်။
မီးဘေးဒုက္ခသည်တွေကို လတ်တလော ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပြီး စားသောက်ဖို့ ဆန် ၊ ဆီ ၊ ဆား ခေါက်ဆွဲခြောက်တွေ စီစဉ်ပေးနေကြောင်း သိရသည်။
RND: 19.2.2013
DVB TV News:
![]() |
ဟုမ္မလင်းမြို့နယ် နန့်တောကျေးရွာ ယနေ့မနက် ၁ နာရီခွဲတွင်လောင်ကျွမ်းနေသော မီးပါ |
![]() |
ဟုမ္မလင်းမြို့နယ် နန့်တောကျေးရွာတွင် နေ့ခင်း ၁၁ နာရီထိမီးတောက်များမရှိသော်လည်း လက်ကျန်မီးများကို ငြိမ်းသက်နေရဆဲပါ
|
![]() |
နန့်တော
မီးဘေးသင့် ပြည်သူများကို နောင်ပိုအောင်မှ ဆန်အိတ် ၊
အစားအသောက်များနှင့် အ၀တ်ထည်များကိုဘုန်းတော်ကြီးကျောင်းထဲမှာ စုပေါင်း၍
အခုလိုသွားရောက်လှူဒါန်းခဲ့ကြပါတယ်
|
![]() |
နန့်တော
မီးဘေးသင့် ပြည်သူများကို နောင်ပိုအောင်မှ ဆန်အိတ် ၊
အစားအသောက်များနှင့် အ၀တ်ထည်များကိုဘုန်းတော်ကြီးကျောင်းထဲမှာ စုပေါင်း၍
အခုလိုသွားရောက်လှူဒါန်းခဲ့ကြပါတယ်
|
0 comments:
Post a Comment