Pages

Tuesday, February 19, 2013

စင်ကာပူနှင့်မလေးရှား နှစ်နိုင်ငံကြား မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည်

singapore-malaysia
(မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည့် သဘောတူညီချက်အား စင်ကာပူနှင့် မလေးရှား ဝန်ကြီးချုပ်နှစ်ဦး ထုတ်ပြန်ပြောကြားစဉ်)
စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သည် ကွာလမ်လမ်ပူနှင့် စင်ကာပူကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်သွားရန် သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံကြား မြန်နှုန်းမြင့် မီးရထားလမ်း ဖောက်လုပ်မည့် သဘောတူညီချက်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းဂ်နှင့် မလေးရှားဝန်ကြီးချုပ် နဂျစ် ရဇက်ခ်တို့က ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ကွာလာလမ်ပူနှင့် စင်ကာပူအကြား မြန်နှုန်းမြင့် ရထားလမ်းကို ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ပြီး အဆိုပါ ရထားလမ်းပြီးစီးပါက စင်ကာပူမှ ကွာလာလမ်ပူသို့ မိနစ် ၉၀ အတွင်း သွားရောက်နိုင်မည်ဖြစ်သည်။ ရထားလမ်းဖောက်လုပ်ရေး သဘောတူညီချက်မှာ နှစ်နိုင်ငံ ကူးလူးဆက်ဆံရေးတွင် အဓိကျသော တိုးတက်မှုတစ်ရပ်ပင်ဖြစ်ကြောင်း ဝန်ကြီးချုပ်နှစ်ဦး၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

singapore-malaysia

(စင်ကာပူနှင့် မလေးရှား နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့် ကားလမ်း)

ထို့အပြင် နှစ်နိုင်ငံလုံး၏ ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွာေးရးကောင်းမွန်မှုနှင့် အခြားအခွင့်အလမ်းများ

အတွက် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြား
သည်။ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ်ဆက်သွယ်လိုက်ခြင်းဖြင့် ကွာလမ်လမ်ပူနှင့် စင်ကာပူအကြား ခရီးသွားလာမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်မှုတို့တွင် ပိုမိုအဆင်ပြေ မြန်ဆန်လာ
မည်ဖြစ်သည်။

Source: Channel NewsAsia

RND: 19.2.2013

0 comments:

Post a Comment