Pages

Tuesday, February 19, 2013

နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများ ရောင်းချရာတွင် တန်ဖိုး အနည်းငယ်သာ ပေးသွင်း၍ လက်ဦးမှုယူကာ ဝယ်ယူထားပြီး ကျန်ငွေ ကျပ်သန်းပေါင်း ၁ဝဝဝဝဝ ဝန်းကျင်အထိ နိုင်ငံတော်သို့ မပေးသွင်းပဲ ထားသူများရှိ

Monday, 19 February 2013
နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် တန်ဖိုးအနည်းငယ်သာ ပေးသွင်းပြီး ကျန်ငွေများကို သတ်မှတ်ချိန်အတွင်း မပေးသွင်းပဲထားသည့် လုပ်ငန်းရှင်များ များစွာရှိကြောင်း သတင်းရရှိသည်။လေလံဆွဲရယူထားပြီး ငွေအကြေမချေပေးသည့် လုပ်ငန်းပေါင်းမှာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ၁၃ ခုအထိ ကျန်ရှိနေသေးပြီး ကျပ်သန်းပေါင်း ၁ဝဝဝဝဝ ဝန်းကျင်အထိ ရှိနေကြောင်း ဝန်ကြီးဌာနအချို့မှ စုံစမ်းသိရှိရပါသည်။ ငွေအကြေ မပေးသွင်းသော်လည်း စက်ရုံ၊ လုပ်ငန်းများကို စတင်လုပ်ဆောင်နေသည့် လုပ်ငန်းရှင်အချို့လည်း ပါဝင်သည်ဟု သိရသည်။

နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင် အစိုးရသစ်မတိုင်မီနှင့် အစိုးရသစ်လက်ထက်တို့တွင် စက်ရုံနှင့် လုပ်ငန်းပေါင်းများစွာမှာ ပုဂ္ဂလိက လက်ဝယ်သို့ ရောက်ရှိသွားပြီး အချို့စက်ရုံများမှာ ကာလတန်ဖိုးနှင့်အညီ ရရှိသွားခြင်း ဖြစ်သော်လည်း အများစုမှာ ကာလပေါက်ဈေးထက် များစွာ
နိမ့်သည့် ဈေးနှုန်းများဖြင့် ရရှိသွားသူများရှိသည်။

လေလံအောင်ပြီး လေလံတန်ဖိုးအား အကြေမပေးသွင်းသူများအား ယခင်က လေလံစည်းမျဉ်းအတိုင်း အရေးယူမှု မရှိသော်လည်း ယခုအခါ သတ်မှတ်ကာလအတွင်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအတိုင်း မပေးသွင်းသူများအား လအလိုက် ဒဏ်ကြေးတပ်ရိုက်ကာ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

လေလံအောင်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူခွင့်ပြုသည့် နေ့မှစ၍ ၁ဝ ရက်အတွင်း တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ပေးသွင်းရန် သတ်မှတ် ထားကြောင်း၊ တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ရက်ပေါင်း ၃ဝ အတွင်း
ပေးချေရမည်ဖြစ်ကြောင်းနှင့် ၆၅ ရာခိုင်နှုန်းကို ၂၅ ရာခိုင်နှုန်း ပေးသွင်း သည့် နေ့မှစ၍ တန်ဖိုး ကျပ်သန်း ၁ဝဝ အောက်ဆိုပါက ရက်ပေါင်း ၆ဝ အတွင်း ပေးသွင်းရန် သတ်မှတ်ထားပြီး တန်ဖိုးကျပ် သန်း ၁ဝဝ နှင့် အထက်ဆိုပါက ရက်ပေါင်း ၁၈ဝ အတွင်း ပေးရမည်ဟု သတ်မှတ် ထားကြောင်း သိရသည်။

တန်ဖိုးကျပ်သန်း ၁ဝဝဝ အောက်ဖြင့် ဝယ်ယူခွင့်ရသူများသည် ငွေသားဖြင့်သာ ပေးသွင်းရန် သတ်မှတ်ထားကြောင်း၊ နောက်ကျပါက တစ်နှစ်နောက်ကျလျှင် ၁ဝ ရာခိုင်နှုန်း နောက်ကျကြေးပေးသွင်းရန် သတ်မှတ်ထားသည်။

တန်ဖိုးကျပ်သန်း ၁ဝဝဝ နှင့် အထက်ဆိုပါက ကျပ်သန်း ၁ဝဝဝ အား ပေးသွင်းပြီးပါက ကျန်ငွေကို ဘဏ်ချေးငွေဖြင့် ပေးသွင်းနိုင်ကြောင်း သတင်းရရှိပါသည်။

ယခု မပေးသွင်းသေးသည့် လုပ်ငန်းရှင်များထဲတွင် လွန်ခဲ့သည့် နှစ်များ ကတည်းက လေလံအောင်ပြီး အကြေမသွင်းသူများ ပါဝင်ကြောင်း လေလံ စည်းမျဉ်းအရ မပေးသွင်းပါက ကနဦးပေးသွင်းထားသည့် ၁ဝ ရာခိုင်နှုန်းအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူ၍ ရကြောင်းသတ်မှတ်ထားသည်ဟု သိရသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အနေဖြင့် လုပ်ငန်းရှင်များအား အခွင့်အရေးများစွာ ပေးထားပြီး ငွေအကြေ ပေးချေနိုင်ခြင်းမရှိပါက လက်ရှိလေလံဆွဲကာ ရယူထားသော စက်ရုံ၊ အလုပ်ရုံ၊ မြေကွက်များအား ဘဏ်တွင်ပေါင်နှံကာ ဘဏ်ချေးငွေဖြင့် ပေးချေခွင့်ကိုလည်း ခွင့်ပြုပေးထား ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ်နောက်ပိုင်းမှစ၍ ယခုအစိုးရသစ်လက်ထက်အထိ နိုင်ငံပိုင်မြေကွက်၊ စက်ရုံ၊ လုပ်ငန်းများ
စွာကို ပုဂ္ဂလိကပိုင် ပြုလုပ်သည့် နည်းလမ်းဖြင့်လည်းကောင်း၊ နှစ်ရှည်ငှားရမ်းသည့် နည်းဖြင့်လည်းကောင်း ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် ကုမ္ပဏီကြီးများနှင့် လုပ်ငန်းရှင်ကြီးများမှ ကုမ္ပဏီခွဲ၊ နာမည်ခွဲများစွာဖြင့် ရယူခဲ့သည်က ပိုများသည်။

RND: 19.2.2013
Eleven Media Group

0 comments:

Post a Comment