Pages

Wednesday, February 20, 2013

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်

နိုင်ငံတကာအာကာသစခန်းနှင့် ဆက်သွယ်မှုပြတ်တောက်ခဲ့

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၁၃

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ ISS ရှိ ပျံသန်းရေး
ဆိုင်ရာ ကွန်ပျူတာများအား ထိန်းချုပ်စခန်းမှ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု
ပြုလုပ်စဉ် ISS ကွန်ပျူတာတွင် ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သည်။

ISS ၏ အဓိကဆောင်ရွက်မှုများအား ထိန်းချုပ်သည့် ပင်မကွန်ပျူတာနှင့် NASA ထိန်းချုပ်ရေးစခန်း၏ ခြေရာခံ အချက်အလက်လွှင့်ထုတ်သည့် ဆက်သွယ်ရေးဂြိုဟ်တုများကြား ချိတ်ဆက်မရဖြစ်ကာ အဆက်အသွယ်
ပြတ်တောက်သွားခဲ့သည်။

ထို့နောက်ပိုင်းတွင် ISS က ရုရှားနိုင်ငံ၏ မြေပြင် ထိန်းချုပ်ရေးစခန်း အပေါ်ဘက် ကောင်းကင်ယံသို့ တည်နေရာပြောင်းရွှေ့လိုက်မှသာ NASA နှင့် အဆက်အသွယ် ပြန်လည် ရရှိခဲ့သည်။ ဆက်သွယ်မှုပြန်ရချိန်တွင် အာကာသ
ယာဉ်မှူးများအား မြေပြင် ထိန်းချုပ်ရေးစခန်းနှင့်အဆက်အသွယ် ပြန်ရနိုင်ရန်
အတွက် ကွန်ပျူတာပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ဆောင်ရွက်ရန် NASA က
ညွှန်ကြားထားကြောင်း သိရသည်။

ISS ၏ အခြေအနေမှာ ကောင်းမွန်နေပြီး အာကာသယာဉ်မှူးများလည်း လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်လျက်ရှိကြောင်း၊ ISS နှင့် ပတ်သက်သည့် အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်
ကြောင်း NASA အဖွဲ့က ပြောကြားသည်။

Planet Myanmar Network

ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၁၃

နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) နှင့် အမေရိကန်ပြည်ထောင်စု ဟူစတန်ရှိ NASA ထိန်းချုပ်ရေးစခန်းတို့ကြား ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ ISS ရှိ ပျံသန်းရေး
ဆိုင်ရာ ကွန်ပျူတာများအား ထိန်းချုပ်စခန်းမှ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု ပြုလုပ်စဉ် ISS ကွန်ပျူတာတွင် ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့သည်။ ISS ၏ အဓိကဆောင်ရွက်မှုများအား ထိန်းချုပ်သည့် ပင်မကွန်ပျူတာနှင့် NASA ထိန်းချုပ်ရေးစခန်း၏ ခြေရာခံ အချက်အလက်လွှင့်ထုတ်သည့် ဆက်သွယ်ရေးဂြိုဟ်တုများကြား ချိတ်ဆက်မရဖြစ်ကာ အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။

ထို့နောက်ပိုင်းတွင် ISS က ရုရှားနိုင်ငံ၏ မြေပြင် ထိန်းချုပ်ရေးစခန်း အပေါ်ဘက် ကောင်းကင်ယံသို့ တည်နေရာပြောင်းရွှေ့လိုက်မှသာ NASA နှင့် အဆက်အသွယ် ပြန်လည် ရရှိခဲ့သည်။ ဆက်သွယ်မှုပြန်ရချိန်တွင် အာကာသ ယာဉ်မှူးများအား မြေပြင် ထိန်းချုပ်ရေးစခန်းနှင့်အဆက်အသွယ် ပြန်ရနိုင်ရန် အတွက် ကွန်ပျူတာပိုင်းဆိုင်ရာ ပြင်ဆင်မှုအချို့ ဆောင်ရွက်ရန် NASA က
ညွှန်ကြားထားကြောင်း သိရသည်။

ISS ၏ အခြေအနေမှာ ကောင်းမွန်နေပြီး အာကာသယာဉ်မှူးများလည်း လုပ်ငန်းများ ကောင်းစွာဆောင်ရွက်နိုင်လျက်ရှိကြောင်း၊ ISS နှင့် ပတ်သက်သည့် အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ် ကြောင်း NASA အဖွဲ့က ပြောကြားသည်။

RND:20.2.2013 
Planet Myanmar Network

0 comments:

Post a Comment