Pages

Wednesday, February 20, 2013

ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းမှ ပြည်သူများရဲ့ ဆန္ဒဖော်ထုတ်မှု

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအား သီရိမင်္ဂလာဈေးဟောင်း မြေညီထပ်သို့ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သော်လည်း လုံးဝမပြောင်းရွှေ့ရသည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းမှ မပြောင်းရွှေ့ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ပြောသည်။

သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ရွှေ့ပြောင်းရန်အတွက် ကားဝယ်ရောင်းများ၊ ကားပွဲစားများ၊ ကားရေဆေးဆီထိုး လုပ်ငန်းများနှင့် စားသောက်ဆိုင်များက လုံးဝလက်ခံခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် ဟံသာဝတီကားရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

"၁၆ ရက်နေ့စာမှာက ရုံးတံဆိပ်မပါဘူး။ တာဝန်ရှိသူရဲ့ လက်မှတ်မပါဘူး။ ပြီးတော့ သူတို့ပြောတဲ့နေရာက ဒီမှာ နေ့စဉ်ဝင်ထွက်နေတဲ့ ကားတွေအတွက် နေရာမလောက်ဘူး"ဟု မပြောင်းရွှေ့ရေးကော်မတီမှ ကိုအောင်မြတ်ကပြောသည်။

ဟံသာဝတီကားရောင်းဝယ်ရေး စခန်းအတွင်းရှိ ဈေးသည် ဒေါ်မြင့်မြင့်ဝင်းက "ဈေးသည်တွေရဲ့ ဘ၀ကို ကြည့်ဦးလေ။ ဒီလို ချက်ချင်းကြီးလုပ်တော့ ဘယ်လိုလုပ်ကိုင်ပြီး စားရသောက်ရမလဲ"ဟု ပြောသည်။

နေရာရွှေ့ပြောင်းရသည့်အတွက် မော်တော်ယာဉ်ရောင်းဝယ်ရေးအား ထိခိုက်စေမည် မဟုတ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြငွေက "ငါးရက်တည်း အချိန်ပေးပြီး လုပ်ကတည်းက သိပ်သဘာဝမကျဘူး။ ကျွန်တော် ဒီနေ့အချိန်မီရင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီသွားပြီး ဒီကိစ္စအတွက် စာတင်ပေးပါ့မယ်"ဟု ပြောကြားခဲ့သည်။

ဓာတ်ပုံ- ရဲနောင်
ဓာတ်ပုံ- ရဲနောင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းအား သီရိမင်္ဂလာ
ဈးဟောင်း မြေညီထပ်သို့ ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သော်လည်း လုံး
ဝမပြောင်းရွှေ့ရသည်အထိ ဆန္ဒဖော်ထုတ်သွားမည်ဟုဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ မပြောင်းရွှေ
့ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ပြောသည်။ သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ရွှေ့ပြောင်းရန်အတွက် ကားဝယ်ရောင်းများ၊ ကားပွဲစားများ၊ ကားရေဆေး
ဆီထိုး လုပ်ငန်းများနှင့် စားသောက်ဆိုင်များက လုံးဝလက်ခံခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀ နာရီ
ခွဲတွင် ဟံသာဝတီကားရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

"၁၆ ရက်နေ့စာမှာက ရုံးတံဆိပ်မပါဘူး။ တာဝန်ရှိသူရဲ့ လက်မှတ်မပါဘူး။ ပြီးတော့ သူတို့ပြောတဲ့နေရာက ဒီမှာ နေ့စဉ်ဝင်ထွက်နေတဲ့ကားတွေအတွက် နေရာမလောက်ဘူး"ဟုမပြောင်းရွှေ့ရေးကော်မတီမှကိုအောင်
မတ်ကပြောသည်။
ဟံသာဝတီကားရောင်းဝယ်ရေးစခန်းအတွင်းရှိ ဈေးသည် ဒေါ်မြင့်မြင့်ဝင်းက "ဈေးသည်တွေရဲ့ဘ၀ကိုကြည့်
ဦးလေ။ ဒီလို ချက်ချင်းကြီးလုပ်တော့ ဘယ်လိုလုပ်ကိုင်ပြီး စားရသောက်ရမလဲ"ဟု ပြောသည်။

နေရာရွှေ့ပြောင်းရသည့်အတွက် မော်တော်ယာဉ်ရောင်းဝယ်ရေးအား ထိခိုက်စေမည် မဟုတ်ဟု ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်
တာ် ကိုယ်စားလှယ် ဦးမြငွေက "ငါးရက်တည်း အချိန်ပေးပြီး လုပ်ကတည်းက သိပ်သဘာဝမကျဘူး။ ကျွန်
တာ် ဒီနေ့အချိန်မီရင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဆီသွားပြီး ဒီကိစ္စအတွက် စာတင်ပေးပါ့မယ်"ဟု
 ပြောကြားခဲ့သည်။

RND: 20.2.2013
7days News:

0 comments:

Post a Comment