Pages

Wednesday, February 20, 2013

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင် ဆူပူသောင်းကျန်းနေသူများထိမ်းသိမ်းထား

သာကေတတွင်လူငယ်တချို့ထိမ်းသိမ်းခံရ ဈေးဆိုင်
အချို့ပျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၉။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်သိမ်းရန်
ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေ
ပိုင်းတွင် စုဝေးကြသော လူစုများမှ ရန်ပြေ(၁၆)လမ်းတွင် နေ
ထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦးအား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှု
ကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်းယာဆိုင်နှင့် ရန်အောင်လမ်းမ
ထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရ
ကြောင်း ယင်းလမ်းရှိတာဝန်ရှိသူများက ပြောကြသည်။

ယနေ့ညနေတွင် ရန်ပြေနှင့်မာန်ပြေရပ်ကွက်များတွင် မြို့နယ်
အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှုများပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား 
(၃)မာန်ပြေ ဥက္ကဌဦးကံထွန်းမှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟုလည်း သိရှိသူများက ပြောကြသည်။
ယခုအခါ လုံထိမ်းတပ်ဖွဲ့ဝင်များစွာ ချထားပြီး  ကင်းလှည့်
စောင့်ကြပ်နေသည်ကိုလည်း တွေ့ရသည်။

အောင်သိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၉။

ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေရပ်ကွက်ရှိ အများသဘောမတူသော အဆောက်အဦးအား ဖျက်
သိမ်းရန်ဖေဖော်ဝါရီ ၁၈ရက်နေ့မှ စတင်ကန့်ကွက်ကြရာ ယနေ့ညနေပိုင်းတွင် စုဝေးကြသောဆူပူသောင်း
ကျန်းနသူများ ထဲမှရန်ပြေ(၁၆)လမ်းတွင် နေထိုင်သော ဦးကျော်စိုး၏ သားဖြစ်သူအပါအဝင် လူငယ်(၁၁)ဦး
အား တာဝန်ရှိသူများက ထိမ်းသိမ်းထားကြောင်း သိရသည်။ ထို့ပြင် ယခုညဆယ်နာရီခန့်တွင် မူးနေကြသော လူတစ်စု၏ ဖျက်ဆီးမှုကြောင့် ရန်ပြေ(၇)လမ်းထိပ်ရှိ ကွမ်း
ယာဆိုင်နှင့် ရန်အောင်လမ်းမထိပ်ရှိ ကုန်စုံဆိုင်တစ်ဆိုင် အပါအဝင် ဈေးဆိုင်အချို့ ဖျက်ဆီးခံရကြောင်း 
ယင်းလမ်းရှိတာဝန်ရှိသူများက ပြောကြသည်။

ယနေ့ညနေတွင် ရန်ပြေနှင့်မာန်ပြေရပ်ကွက်များတ
ွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ လက်မှတ်ထိုးဖြင့် ဆူပူမှု
များပြုလုပ်ပါက ဖမ်းဆီးအရေးယူခြင်း ခံရမည်ဟု ပါဝင်သောစာရွက်များအား (၃)မာန်ပြေ ဥက္ကဌဦးကံထွန်း
မှတဆင့် ရပ်ကွက်အတွင်း လိုက်လံဝေငှထားသည် ဟုလည်း သိရှိသူများက ပြောကြသည်။ယခုအခါလုံထိမ်း
တပ်ဖွဲ့ဝင်များစွာ ချထားပြီး ကင်းလှည့်စောင့်ကြပ်နေသည်ကိုလည်း တွေ့ရသည်။

သာကေတမြို့နယ် ခံများ မှသတင်းပေးပို့ချက်------

ငြိမ်သွားပီတဲ. ရဲတွေက ဆူပူမှုလုပ်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေတယ်တဲ့ ဘာဖြစ်ဖြစ် အခြေအနေမဆိုး
အောင် ပဲ မျှော်လင့်ပါတယ်.......လူစုလူဝေး ရှိနေသေးတယ်။ ရဲချထားတယ်။ အိမ်အများစု မီးပိတ်ထားတယ်/
မီးဖြတ်ထားတယ်။

ခပ်ဝေးဝေးကဆူညံညံ စကားသံတွေတော့ ရှိနေသေးပေမယ့် အော်သံတွေ မကြားရတော့ဘူး။ တကယ်ဖြစ်
တာထက် ပွဲခံနေတဲ့ အပျော်သမားတွေ များနေတယ်။ ခုထိတော့ မိသားစု ၀င် အားလုံး အိမ်ထဲမှာ ရှိနေ
တယ်....

- သာကေတမှ မိတ်ဆွေတဦး ပြောပြချက်


၂၀ ရက်နေ့ ည ၁ နာရီကျွန်တော်တိုရပ်ကွက်မှာ အခြေအနေဆိုးနေတယ်ဗျို. မာန်ပြေရပ်ကွက်က မဒ်ရ်ဆရ်
ပီးတော့ ကျွန်တော်တို.ရပ်ကွက်ကိုရောက်လာပီးးး ကျွန်တော်တို.ဗလီရှေ့မှာလဲ လာဆူသွားကြတယ် လမ်း
ပေါ်မှာ လူတွေအများကြီးပဲ လမ်းထိပ်ကမွတ်ဆလင်ဆိုင် ၄ဆိုင် ဖျက်ဆီးခံထားရတယ်
 
.ရန်ပြေ ၄လမ်း ၅လမ်းမှာ ဖြစ်နေတာတဲ့ .. မာန်ပြေမှာ မဟုတ်ဘူး ... မွတ်စလင်ဆိုင်တွေကို လိုက်ဖျက်
ဆီးနေတယ် ... ရန်ပြေကလူတယောက်ပြောတာက သူတို့ရပ်ကွက်မှာ တခါမှ မမြင်ဖူးဘူးတဲ့ ... ရပ်ကွက်
လူကြီးကတယောက်မှ အပြင်မထွက်ဖို့ လိုက်အော်နေတယ် ... ကျတော်ဖုန်းဆက်တော့ နောက်မှ ပြန်ဆက်
ဖို့တိုးတိုးလေးပြောသွားတယ် ...

အိမ်ကိုမီးအမှောင်ချပြီးနေကြဖို့ပြောတယ် ...
 
ဖုန်းဆက်မေးမြန်းခြင်း

" လူအင်အား ၁၀၀ လောက်ပဲရှိတာပါ ၀င်လာချိန်မှာကြည့်မိတာ ရပ်ကွက်ထဲကလူတွေမဟုတ်ဘူးဘာမပြော
ညာမပြောနဲ့ ဆိုင်တွေကို ၀င်ဖျတ်ဆီးနေတာ မွတ်စလင်ဆိုင်တော်တော်များများပဲ လူတွေထိခိုက်တာတော့
 မသိသေးသူး "
 
 
The Myanma Age , Rangonnewsdaily
RND:20.2.2013 

0 comments:

Post a Comment