Pages

Wednesday, February 20, 2013

အီရတ်စစ်မြေပြင် မှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အမေရိကန် စစ်သားတစ်ယောက်ရဲ့ ရင်ဖွင့်စကားသံများ

"အမေရိကန် စစ်သားတစ်ယောက်ရဲ့ ရင်ဖွင့်စကားများ"

ကျွန်တော် ကိုယ့်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အရမ်းကို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အရမ်းကို ရှက်ကြောက်မိပါတယ်။ Racism ဆိုတဲ့ လူမျိုးရေးမုန်းတီးမှုကြီးက သကာအမျိုးမျိုးလောင်းထားတဲ့ ကျူးကျော်စစ်တွေရဲ့ မျက်နှာဖုံးအောက်ကနေ ဖုံးဖိမရအောင် နောက်ဆုံးတော့ ပေါ်လွင်လာပါတယ်။

ဒီလူတွေဟာ သာမာန်ပြည်သူတွေပါ။ ဒီလူတွေဟာ လူသားတွေပါ။ လမ်းမလျှောက်နိုင်တဲ့ အသက်အရွယ် အိုမင်းမစွမ်းဖြစ်နေသူ အဖိုးအို တစ်ယောက်ကို သူနေတဲ့ အိမ်ထဲကနေ ထမ်းစင်မှာဘီးတပ်ပြီး တွန်းထုတ်ကာ ရဲတွေကို ခေါ်သွားခိုင်းဖူးပါတယ်။ ကလေးငယ်တွေ နှင့်အတူ အော်ဟစ်ငိုကြွေးနေသူ အမေတစ်ယောက်ရဲ့ နင်တို့ဟာ ဆက်ဒမ်ထက်ဆိုးတဲ့ အကြမ်းဖက်သမားတွေလို့ နာကျည်းစွာ ပြောနေရင်း သူတို့မိသားစုကို သူတို့နေထိုင်တဲ့အိမ်ကနေ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ကို လက်မောင်းကနေဆွဲပြီး လမ်းမပေါ်ကို ကျွန်တော်ကိုယ်တိုင် ဆွဲထုတ်ခဲ့ဖူးပါတယ်။ ဒီလုပ်ရပ်တွေကို ပြုလုပ်ခဲ့သူ ကျွန်တော်ဟာ ကျွန်တော့်ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ် အပြစ်ရှိသူ တစ်ယောက်လို ခံစားခဲ့ရပါတယ်။

ကျွန်တော်တို့ကိုပြောခဲ့တာက အကြမ်းဖက်သမားတွေကို တိုက်ဖို့ပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်သာလျှင် လက်နက်အားကိုးနဲ့ အကြမ်းဖက်ခဲ့တာပါ။ ဒီကျူးကျော်စစ်ကြီးကသာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပါတယ်။

Mike Prysner
US Army war veteran who served in Iraq.

‎ ကျွန်တော် ကိုယ့်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အရမ်းကို ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အရမ်းကို ရှက်ကြောက်မိပါတယ်။ Racism ဆိုတဲ့ လူမျိုးရေးမုန်းတီးမှုကြီးက သကာအမျိုးမျိုးလောင်းထားတဲ့ ကျူးကျော်စစ်တွေရဲ့ မျက်နှာဖုံးအောက်ကနေ ဖုံးဖိမရအောင် နောက်ဆုံးတော့ ပေါ်လွင်လာပါတယ်။
ဒီလူတွေဟာ သာမာန်ပြည်သူတွေပါ။ ဒီလူတွေဟာ လူသားတွေပါ။ လမ်းမလျှောက်နိုင်တဲ့ အသက်အရွယ် အိုမင်းမစွမ်းဖြစ်နေသူ အဖိုးအို တစ်ယောက်ကို သူနေတဲ့ အိမ်ထဲကနေ ထမ်းစင်မှာဘီးတပ်ပြီး တွန်းထုတ်ကာ ရဲတွေကို ခေါ်သွားခိုင်းဖူးပါတယ်။

ကလေးငယ်တွေ နှင့်အတူ အော်ဟစ်ငိုကြွေးနေသူ အမေတစ်ယောက်ရဲ့ နင်တို့ဟာ ဆက်ဒမ်ထက်ဆိုးတဲ့ အကြမ်းဖက်သမားတွေလို့ နာကျည်းစွာ ပြောနေရင်း သူတို့မိသားစုကို သူတို့နေထိုင်တဲ့အိမ်ကနေ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။

 ကြောက်ရွံ့ထိတ်လန့်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ကို လက်မောင်းကနေဆွဲပြီး လမ်းမပေါ်ကို ကျွန်တော်ကိုယ်တိုင် ဆွဲထုတ်ခဲ့ဖူးပါတယ်။ ဒီလုပ်ရပ်တွေကို ပြုလုပ်ခဲ့သူ ကျွန်တော်ဟာ ကျွန်တော့်ဘဝရဲ့ အချိန်တိုင်းမှာ ကိုယ့်ကိုကိုယ် အပြစ်ရှိသူ တစ်ယောက်လို ခံစားခဲ့ရပါတယ်။

ကျွန်တော်တို့ကိုပြောခဲ့တာက အကြမ်းဖက်သမားတွေကို တိုက်ဖို့ပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်သာလျှင် လက်နက်အားကိုးနဲ့ အကြမ်းဖက်ခဲ့တာပါ။ ဒီကျူးကျော်စစ်ကြီးကသာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်မှုကြီး ဖြစ်ပါတယ်။

Mike Prysner

RND: 20.2.2013
US Army war veteran who served in Iraq.

0 comments:

Post a Comment