Pages

Wednesday, February 20, 2013

ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ

“ပွဲလန့်တုန်းဖျာခင်း ကချင်ပဋိပက္ခကာလကို နင်း၍ တရားမဝင် သစ်ခိုးထုတ်ခြင်းများ ရှိနေ”

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
”ဒီကာလထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်းတွေလည်း လုပ်ထားပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြောသည်။
သစ်ခိုးထုတ်နေမှုအပေါ် တား ဆီးခဲ့သော သစ်တောဝန်ထမ်းတို့ကို ပင် သေနတ်ဖြင့်ပစ်သတ်မှုမျိုးအထိ ရှိခဲ့သည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။
နှစ်စဉ်တရားမဝင်သစ်ခိုးထုတ် မှုအပေါ် ဖမ်းဆီးရမိခဲ့သည့် ၄ဝ ရာခိုင်နှုန်းခန့်မှာ ကချင်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ဒေသများမှ ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ”ဖော်ပြတဲ့ ဒေသတွေမှာ တစ်နိုင်ငံလုံးဖော် ထုတ်ဖမ်းဆီးမှုရဲ့ ပျဉ်းမျှ ၃၈ ရာခိုင် နှုန်းခန့်ရှိနေတယ်”ဟုပြောသည်။
တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေခဲ့ရာ မိမိတို့ ဝန် ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ အရှေ့ မြောက် နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့ကို ပိုမိုအလေး ထားဂရုပြုနေကြောင်း ၄င်းကဆက် ပြောသည်။
သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တရားမဝင် ခိုးယူ ထုတ်လုပ်မှုတို့ကို တားဆီး ကာကွယ်ရာတွင် ဝန်ထမ်းများအား အန္တရာယ်မပြုနိုင်ရေးကို နည်းလမ်း
လေးသွယ်ဖြင့် တားဆီးကာကွယ်မှု အရှိန်အဟုန်မပျက်စေရန် လုပ် ဆောင်နေကြောင်း ထပ်လောင်းဆို သည်။
”နယ်မြေသတင်းတွေကို ထောက်လှမ်းရယူတယ်။ တရားမဝင် သစ်ခိုးယူတဲ့လမ်းကြောင်းကို လေ့လာဖော်ထုတ်ပြီးမှ လုံခြုံမှုရှိတဲ့နေရာမှာ ပိတ်ဆို့အရေးယူတယ်။ ရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အင်အားစုဖွဲ့ အရေးယူဆောင်ရွက်တဲ့အပြင်ကို လုံခြုံရေးအရ ဂရုပြုရတဲ့ဒေသတွေမှာ ဆောင်ရွက်ရတဲ့အခါမှာ လုံခြုံရေး အကူအညီ ယူတယ်”ဟု ၄င်းကရှင်းပြသည်။

PN – 051

အေးချမ်းမွန်(အဲဆာန်မန်) မှPopular Myanmar News Journal တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်
ဆိုင်ကယ်တွေနဲ့လဲ ဒီလိုတရားမ၀င်သစ်တွေ ခိုးထုတ်နေတယ်
န်ကုန်၊ ဖေဖော်ဝါရီ ၁၈

ကချင်ဒေသ မအေးချမ်းမှုကို အခွင့်ကောင်းယူကာ တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှု အမြောက်အမြားရှိနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။”ဒီကာလထဲမှာ ဖမ်းဆီးမိခဲ့ တာက ၃ဝဝ၊ ၄ဝဝ လောက်ရှိ တယ်။ သစ်ခိုးထုတ်နေတာတွေကို ပေါ့။ စာရင်းတွေလည်း လုပ်ထားပါတယ်။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံစဉ် ပြောသည်။သစ်ခိုးထုတ်နေမှုအပေါ် တား ဆီးခဲ့သော သစ်တောဝန်ထမ်းတို့ကို ပင် သေနတ်ဖြင့်ပစ်သတ်မှုမျိုးအထိ ရှိခဲ့သည်ဟု ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။

နှစ်စဉ်တရားမဝင်သစ်ခိုးထုတ် မှုအပေါ် ဖမ်းဆီးရမိခဲ့သည့် ၄ဝ ရာခိုင်နှုန်းခန့်မှာ ကချင်နှင့် ရှမ်း ပြည်နယ် (မြောက်ပိုင်း) ဒေသများမှ ဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ သိရသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ”ဖော်ပြတဲ့ ဒေသတွေမှာ တစ်နိုင်ငံလုံးဖော် ထုတ်ဖမ်းဆီးမှုရဲ့ ပျဉ်းမျှ ၃၈ ရာခိုင် နှုန်းခန့်ရှိနေတယ်”ဟုပြောသည်။

တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆိုင်ရာ ထိခိုက်နစ်နာမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေခဲ့ရာ မိမိတို့ ဝန် ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ အရှေ့ မြောက် နယ်စပ်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) တို့ကို ပိုမိုအလေး ထားဂရုပြုနေကြောင်း ၄င်းကဆက် ပြောသည်။

သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က တရားမဝင် ခိုးယူ ထုတ်လုပ်မှုတို့ကို တားဆီး ကာကွယ်ရာတွင် ဝန်ထမ်းများအား အန္တရာယ်မပြုနိုင်ရေးကို နည်းလမ်း
လေးသွယ်ဖြင့် တားဆီးကာကွယ်မှု အရှိန်အဟုန်မပျက်စေရန် လုပ် ဆောင်နေကြောင်း ထပ်လောင်းဆို သည်။

”နယ်မြေသတင်းတွေကို ထောက်လှမ်းရယူတယ်။ တရားမဝင် သစ်ခိုးယူတဲ့လမ်းကြောင်းကို လေ့လာဖော်ထုတ်ပြီးမှ လုံခြုံမှုရှိတဲ့နေရာမှာ ပိတ်ဆို့အရေးယူတယ်။ ရတဲ့ သတင်းအချက်အလက်ပေါ် မူတည်ပြီး အင်အားစုဖွဲ့ အရေးယူဆောင်ရွက်တဲ့အပြင်ကို လုံခြုံရေးအရ ဂရုပြုရတဲ့ဒေသတွေမှာ ဆောင်ရွက်ရတဲ့အခါမှာ လုံခြုံရေး အကူအညီ ယူတယ်”ဟု ၄င်းကရှင်းပြသည်။

PN – 051
RND: 20.2.2013
Popular Myanmar News

0 comments:

Post a Comment