Pages

Wednesday, February 20, 2013

ဖေဖော်ဝါရီ ၁၉ရက်နေ့ညပိုင်း ရန်ကုန်တိုင်း သာကေတ မြို့နယ် နောက်ဆုံးရသတင်း

ယမန်နေ့များတွင်ဖြစ်ပွားခဲ့သော လူစုလူဝေးနှင့် တောင်းဆိုမှု အမျိုးမျိုးကို တောင်းဆိုနေသော လူစု သည် ကြားဝင် ဖြန်ဖြေမှုများနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော မည်သည့် ကြိုးပမ်းမှုမျိုးကို မဆို လစ်လျူရှုလာသည်ကို ထင်ရှားစွာတွေ့လာရသဖြင့်၊ လက်ရှိအခြေအနေတွင် ကြားဝင်ငြိမ်းချမ်းရေး ကြိုးပမ်းသူများသည်ပင်လျင် အံ့သြကြီးစွာ ဖြစ်ခဲ့ရပြီး၊ လက်ရှိအခြေအနေတွင် သာကေတ မြို့နယ်တွင်းရှိ ရပ်ကွက်များမှ ဗုဒ္ဓဘာသာဝင်များ သည်ပင်လျင် အိမ်တိုင်းလိုလို မီးမှိတ်ပြီး ၄င်းဆူပူသူများအား လစ်လျူရှုလိုက်ကြပြီးဖြစ်သည်။
၎င်းတို့၏ ဆောင်ရွက်ချက်များတွင် မြို့နယ်တွင်း အမှန်တကယ် နေထိုင်သူများ ပါဝင်ခြင်း မရှိတော့ကြောင်းကို မျက်မြင်တွေ့နေရပါကြောင်း မြို့နယ် တွင်း နေထိုင်သူများမှ သက်ဆိုင်ရာသို့ ပြောကြားကြသည်။ ယခု ဆူပူမှုကို မဖြစ်ရကောင်းလား ဟူ၍ မဖြစ်ဖြစ်အောင် ဆောင်ရွက်နေသည်မှာ ထင်ရှားနေကြောင်းလည်း ဒေသတွင်း နေထိုင်သူများက သိရှိလာကြသည်။

ယခုအချိန်ထိ ပြင်ပ မှ နေ၍ ကားအသီးသီးဖြင့် လူစုလူဝေးဖြစ်အောင် သယ်ဆောင်လာကြပြီး သာကေတ မြို့နယ်တွင်း မတည်ငြိမ်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေကြသဖြင့် သာကေတမြို့နယ်တွင်း နေထိုင်သူများ အားလုံးမှာ ထိုလူစု လူဝေးကိုရှောင်ရှားပြီး အိမ်တံခါးများ သော့ခတ်ကာ မီးများပိတ်ထားလျက်ရှိသည်။

ရဲ နှင့် လုံထိန်းများက ယခု အချိန်တွင် စည်းများတားထားပြီး တုတ်များ ဒိုင်းများစတင် ကိုင်ဆောင်ကာ အသင့်နေရာယူလိုက်ပြီးဖြစ်သည်။ ပြင်ပမှ လာသော လူစုများကလည်း လူစု မခွဲဘဲ စည်း ရှေ့တွင်ရှိနေပါသည်။

ထိုဖြစ်စဉ်ကြောင့် ရန်ကုန်နှင့် အခြားမြို့များတွင် ပြသနာကို တမင်ဖန်တီးလိုသူများ၏ လုပ်ရပ်ကို ပြည်သူအများစု က စတင် သတိပြုမိနေပြီး သက်ဆိုင်ရာမှလည်း ထိမိစွာ ကိုင်တွယ်ဖြေရှင်းရန် အများစုက အလိုရှိနေကြသည်။

မင်းမဲ့တိုင်းပြည်မဟုတ်သော ပြည်ထောင်စုတွင် ပြသနာ မဖြစ်ဖြစ်အောင် တမင်ကြံရွယ်နေခြင်းသည် ပြည်သူအများစု ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ အတွက် ခုလုပ်ကန်သင်း များဖြစ်ကြောင်း အများပြည်သူက အသိ သတိရှိရန် လိုအပ်သည်ဟု နိုင်ငံရေးသုံးသပ်သူတို့က ဆိုပါသည်။

နိုင်ငံတော်အပေါ် အမှန်တကယ် ကောင်းစားစေချင်သူတို့ အနေဖြင့် အထက်ပါ အချက်များကို ကောင်းစွာ သတိပြုရန်၊ အဖျက်အမှောင့် ဖန်တီးနေသူ လက်တစ်ဆုပ်စာ လူတစ်စု၏ ပရိယာယ်ကို အထူး သတိထားရန် အချိန်ပင်ဖြစ်ကြောင်း အဆိုပါ အချက်များက မီးမောင်းထိုးပြလျက်ရှိသည်။

RND:20.2.2013
Mg Mhan'

0 comments:

Post a Comment

 
world time