Pages

Saturday, December 1, 2012

Skypeနှင့်Viber အသုံးပြုပါက မြန်မာ့ဆက်သွယ်ရေးမှ အမြတ်ပိုမိုရရှိတော့မည်





ပြောင်းလဲကောက်ခံတော့မည့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုနှုန်းထားနှင့် ပတ်သက်၍ Skype နှင့် Viber တို့ကို အသုံးပြုပါက မြန်မာ့ဆက်သွယ်ရေးအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း မြန်မာ့ ဆက်သွယ်ရေး
မှ နိုဝင်ဘာလ(၃၀) ရက်နေ့က ပြောကြားလိုက်သည်။

Viber နှင့် Skype တို့သုံးပါက အရင်က တစ်မိနစ်ကို နှစ်ကျပ်လောက်ကျတာကို အခု ငါးကျပ် လောက် ကျ
သွားမယ်။ ဒီတော့ ဆက်သွယ်ရေးအတွက် ၀င်ငွေ ပိုတိုးလာတာပေါ့ဟု မြန်မာ့ ဆက်သွယ်ရေး အင်ဂျင်နီယာ
ချုပ် ဦးဌေးဝင်းက ပြောသည်။
 
ဇန်န၀ါရီလပိုင်းမှ စတင် ပြောင်းလဲကောက်ခံတော့မည့် အဆိုပါ အင်တာနက် နှုန်းများသည် ယခုအခါ Volume
ပေါ် မူတည်၍ ကျသင့်မည်ဖြစ်သည်။ Viberနှင့် Skype တို့ကို အသုံးပြုပါက ၁ မိနစ် အသုံးပြုလျှင် (၅) ကျပ် ကျမည်ဖြစ်သည်။
 
ဒီစနစ်ကို Customer အားလုံးအတွက် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးတယ်၊ များများ သုံးရင် များ
များ ပေးရတယ်၊ နည်းနည်းသုးံရင် နည်းနည်းပေးရတယ်၊ တကယ်သုံးမှ တကယ်ပေးရတဲ့ စနစ်ပါ၊ မိနစ်ပေါင်း
 လေးသောင်းသုံးလို့ တစ်မိနစ်ကို နှစ်ကျပ်နှုန်းနဲ့ ရှစ်သောင်းကျလို့ ကျနော်တို့ဆီမှာ Complain တွေ အများကြီး
ပဲ ဒါပေမဲ့ ပြည်သူတွေအတွက် အဆင်ပြေအောင် လုပ်ပေးတာပါ ဟု မြန်မာ့ ဆက်သွယ်ရေးမှ အင်ဂျင်နီယာ
ချုပ်တစ်ဦးက ဆိုသည်။
 
Facebook သုံးလျှင် 1K ကို ၂ ကျပ်၊ 2 K လျှင် ၄ ကျပ် ကျခံမှာဖြစ်သည်။ WEB တစ်ခု၏ ခေါင်းစဉ်တစ်ခုပေါ် မူ
တည်ပြီး ဖတ်မည်ဆိုပါက 3K ကျမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Facebook တွင် သတင်းတစ်ပုဒ်လောက်
ဖတ်လျှင် ၂ ကျပ်ခန့် ကျနိုင်ပြီး ဗီဒီယိုဖိုင် ကြည့်မည်ဆိုပါက ၎င်း၏ Volume ပမာဏကို ကြည့်ပြီး Data အလိုက်
ကောက်ခံသွားမည်ဖြစ်သည်။
 
ဒီနိုင်ငံမှာ ဒီလိုနှုန်းက များတယ်ဆိုရင် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အင်တာနက် နှုန်းခတွေကို ထင်သာ မြင်
သာရှိအောင် ဖော်ပြထားပါတယ် ဟု ဦးဌေးဝင်းက ဆက်ပြောသည်။
 
အဆိုပါနှုန်းထားများအတိုင်း အသုံးပြုမည်ဆိုပါက ငွေကြေးပိုမိုကုန်ကျနိုင်ကြောင်း CDMA 800 မိုဘိုင်း ဖုန်းနှင့် အင်တာနက်အသုံးပြုသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။
 
ကျွန်တော့်ဖုန်းမှာ လက်တွေ့ ကြည့်လို့ရပါတယ်၊ Web page တစ်ခုကိုဖွင့်ရင်100 K ကနေပြီးတော့ 200 K ကြား
ထဲမှာ ကျပါတယ်၊ ဒီတော့ တစ်မိနစ်ကို ၂ ကျပ်နဲ့ဆိုရင် ဒီထက်ပိုရင် ၄ ကျပ်လောက်အထိ ကျနိုင်ပါတယ်၊ ပြီး
တော့ ကွန်ပျူတာနဲ့ သုံးရင်သာ မသိသာပေမဲ့ ကျနော်ကဖုန်းနဲ့ သုံးတာပါ၊  ပုံတွေက သေးတော့ ၀င်ကြည့်မိမှာပဲ၊ ဒီတော့ ပုံတစ်ခါကြည့်တိုင်း တစ်ခါ ပိုက်ဆံ ကုန်မယ့် သဘောပေါ့ ဟု အဆိုပါပြောင်းလဲ ကောက်ခံမှုနှင့် ပတ်
သက်၍ CDMA 800 နှင့် အင်တာနက် အသုံးပြုနေသူ တစ်ဦးက ပြောသည်။
 
မြန်မာ့ဆက်သွယ်ရေး GM ၏ ပြောကြားချက်အရ ယခုစနစ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအ
နနှင့် အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်သို့ တင်သွင်းရန် မလိုကြောင်း ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်း၊ အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်
မည်ဆိုပါ ကလည်း ပြည်သူတို့ ၏အခွင့်အရေးသာဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ပြန် လည်ပြောင်းလဲစဉ်းစား
ပေးမည်မ ဟုတ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

ဥာဏ်ဥာဏ် ၊ မြတ်မိုးကျော် 

(မြစ်မခ)
 

0 comments:

Post a Comment