Pages

Saturday, December 1, 2012

စင်ကာပူ အဆင့်မြင့် အနုပညာကျောင်း Nanyang Academy of Fine Arts (NAFA)သို့ လာမည့်နှစ် ကျောင်းဝင်ခွင့်အတွက် စတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ (၁)

စင်ကာပူ အဆင့်မြင့် အနုပညာကျောင်း Nanyang Academy of Fine Arts (NAFA)သို့လာမည့်နှစ် ကျောင်းဝင်ခွင့်

အတွက် စတင်လျှောက်ထားနိုင် မည်ဖြစ်ကြောင်း RV CENTRE YANGON မှ သိရသည်။ အဆိုပါ ၀င်ခွင့်အတွက် Admission Test အား ဒီဇင်ဘာ ၃၀ ရက်နေ့တွင်စစ်ဆေးမည်ဖြစ်ပြီးစင်ကာပူဝန်ကြီးဌာန(MOE)မှ ပေးအပ်သည့် ပညာသင် ထောက်ပံကြေး လျှောက်ထားနိုင်မည် ဖြစ်သည်။
၎င်းအနုပညာသင်တန်းကျောင်းတွင် (၃) နှစ်တာ ဒီပလိုမာသင်တန်းအဖြစ် တက်ရောက်ရမည်ဖြစ်ပြီး အနုပညာ၊ ဂီတဘာသာရပ်များ သာမက 3Dဒီဇိုင်း ဘာသာရပ်၊ ဖက်ရှင်ဒီဇိုင်းဘာသာရပ် စသည်တို့ကိုပါ တက်ရောက် သင်
ကြားနိုင်မည် ဖြစ်သည်။

ဒီဂရီရယူလိုပါက (၁)နှစ်ကြာ ထပ်မံ တက်ရောက်ရမည် ဖြစ်သည်။ ပြည် တွင်းမှ ကျောင်းသားများအနေဖြင့် အခြေ
ခံပညာအောင်မြင် ပြီးဆုံးထားပါက ယင်းသင်တန်းကျောင်းသို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

သုတလင်း
ပေါ်ပြုလာမြန်မာ

0 comments:

Post a Comment