Pages

Saturday, December 1, 2012

တန်ဆောင်မုန်းလပြည့်နေ့တွင် အကြမ်းဖက် ခဲ့မှုအတွက် သံဃာတော်များအား တောင်းပန်သြ၀ါဒခံယူပွဲပြီးဆုံး

ရဲတပ်ဖွဲ့ဝင်များဓမ္မာရုံအတွင်းဝင်ရောက်လာကြစဉ်

မုံရွာမြို့၊ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်ထွန်း ဓမ္မာရုံတွင် အမှတ်(၁) ရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များကိ တန်ဆောင်
မုန်းလပြည့်နေ့တွင် အကြမ်းဖက် ခဲ့မှုအတွက်သံဃာတော်များအား တောင်းပန်ရန်ယနေ့ နေ့လယ် ၂ အခမ်းအနား စတင်းခဲ့ကြကြောင်းသိရသည်။ အမှတ်(၁) ရဲတပ်ဖွဲ့မှ ရဲအင်အား ၅၀ ခန့်သည် သံဃာတော်များအား တောင်းပန်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း
သိရပြီး မုံရွာမြို့မှ ဆရာတော်သံဃာတော် အများစုက တောင်းပန်ခြင်းကိုလက်ခံမှု မရှိကြောင်း သာစဲံကျောင်းမှ
ဆရာတော်တစ်ပါးက မိန့်သည်။

တောင်ပန်ဖို အသင့်ပြင်နေတဲ့ မြန်မာရဲတပ်ဖွဲ့
*******************************
မုံရွာမြို့၊ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ တင်ဝင်ထွန်း ဓမ္မာရုံတွင် အမှတ်(၁) ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက တန်ဆောင်မုန်းလပြည့်နေ့တွင် အကြမ်းဖက် ခဲ့မှုအတွက် သံဃာတော်များအား တောင်းပန်ရန်ယနေ့ နေ့လယ် ၂ နာရီတွင် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အမှတ်(၁) ရဲတပ်ဖွဲ့မှ ရဲအင်အား ၅၀ ခန့်သည် သံဃာတော်များအား တောင်းပန်ရန် စောင့်ဆိုင်းလျက်ရှိကြောင်းသိရပြီး မုံရွာမြို့မှ ဆရာတော်သံဃာတော် အများစုက တောင်းပန်ခြင်းကိုလက်ခံမ
ှု မရှိကြောင်း သာစဲံကျောင်းမှဆရာတော်တစ်ပါးက မိန့်သည်။

"ငါတို့က တောင်းပန်ရုံနဲ့ကျေနပ်ရမှာလား၊သူတို့က လုပ်ချင်တိုင်းလုပ်ပြီး တောင်းပန်လို့ရရင်၊ငါတို့လည်း လုပ်ချင်တိုင်းလုပ်ပြီး တောင်းပန်မယ်" ဟုအထက်ပါ ဆရာတော်ကထပ်မံ မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍"ငါတို့က ဟိုမှာ လုံခြုံရေးကျတာမဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့တပ်ဖွဲ့ဝင်တွေ ဆိုတော့ ငါတို့ဘဲတောင်းပန်းပေးရမှာပေါ့" ဟု အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းတို့သည် အနောက်ဖက်ကမ်းဖြစ်သည့် ဆားလင်းကြီးသို့ပင် မရောက်ဖူုး သူများပါရှိပြီး အကြမ်းဖက်မှုတွင် မပါဝင်ကြောင်းသိရသည်။

စူးရှ

The Myanma Age
တောင်ပန်ဖို အသင့်ပြင်နေတဲ့ မြန်မာရဲတပ်ဖွဲ့
"ငါတို့က တောင်းပန်ရုံနဲ့ကျေနပ်ရမှာလား၊သူတို့က လုပ်ချင်တိုင်းလုပ်ပြီး တောင်းပန်လို့ရရင်၊ငါတို့လည်း လုပ်ချင်
တိုင်းလုပ်ပြီး တောင်းပန်မယ်" ဟုအထက်ပါ ဆရာတော်ကထပ်မံ မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍"ငါတို့က ဟိုမှာ လုံခြုံရေးကျတာမဟုတ်ပါဘူး၊ ဒါပေမယ့် ငါတို့တပ်ဖွဲ့ဝင်တွေ ဆိုတော့ ငါတို့ဘဲတောင်းပန်းပေးရမှာပေါ့" ဟု အမည် မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

၎င်းတို့သည် အနောက်ဖက်ကမ်းဖြစ်သည့် ဆားလင်းကြီးသို့ပင် မရောက်ဖူုး သူများပါရှိပြီး အကြမ်းဖက်မှုတွင် မပါဝင်ကြောင်းသိရသည်။
ဘာကြောင့် ရဟန်းတွေက တောင်းပန်တာကို လက်မခံရတာလဲ
********************************************
အခု သံယာတော်တွေကို တောင်းပန်ဖို့ လုပ်တာ သံယာတွေက လက်မခံဘူးလို့ပြောတာ ဘာကြောင့်လဲ
မဟာကံကြီးငါးပါး ကံကို နိုင်ငံတော်အကြီးကဲကြီး များနားမလည်သလို ပါတီခေါင်းဆောင်တွေရော နာလည်သလား နားမလည်သလား မမေးလိုတော့ပါ။

မြန်မာတွေရဲ့မကောင်းတဲ့ သောက်ကျင့်ဆိုးကို လက်တွေ့ကျင့်သုံးပြတာမဟုတ်ဘူး အမွေဆိုး တခုကိုပေးတာပါ။ 

လုပ်ချင်ရာ လုပ် အမျိုးမျိုး သတ်ဖြတ်ပြီး တောင်းပန်လိုက်ရင် ဘာသာရေးအရ ခွင့်လွတ်ရမယ်လို့ နေပြည်တော်က အွန်လိုင်း တွေကနေ ၀ါဒဖြန့်နေတာ။
အားလုံးကို တင်ပြလိုတာက ရာဇ၀တ်မှုတောင်မှသေးသေးလေးမဟုတ်ဘူး ဘုန်းတော်ကြီးတွေကို မီးဖုတ် မီးကင်တဲ့ အကြမ်းဖက် နှိမ်နှင်း ချေမုန်းမှု။

အဲဒီလို ဖုတ်ပုမီးတိုက်လုပ်ပြီး တောင်းပန်ပွဲလေး အိုးပုတ်တမ်းကစားသလိုလုပ်လို့မရဘူး။
ဥပဒေကြောင်းအရ အရင်မစဉ်းစားပဲ သံယာတွေကို တောင်းပန်မှုကို လုပ်မယ်ဆိုရင် ဘာအပြင်ဆင်နဲ့ ဘာ အခင်းကျင်းတွေလိုသလဲ ပထမ စဉ်းစားရမယ်။

(၁) ပြစ်မှုကြူးလွန်သူ တွေအားလုံး တောင်ပန်ခွင့်ရအောင် နာမည် အတိကျ ဆရာတော်များကို အရင် လျောက်ထားရမယ်။ 

(၂) သမ္မတ ကနေ တာဝန်ရှိသူတွေအားလုံးယခု ဖြစ်စဉ် မှာ ပါဝင်ရမယ်။

(၃) တောင်းပန်တာကို အစိုးရရုံးက ထပ်ပြီး စီမံ ညွန်ကြားတာမျိုး မလုပ်ပဲ ဓမ္မသတ်ဘောင်ကျကျ လုပ်ကိုင်ဆောင်ရွက်ရမယ်။

(၄) မိမိ ဘာတွေ ကြူးလွန်ခဲ့ကြောင်း အရင်ဆုံး ၀န်ခံ တင်ပြလျောက်ထားရမယ်။

(၅) မိမိကြူးလွန်ခဲ့တာတွေကို ဘယ်အပြစ်က ကင်းလွတ်နိုင်ကြောင်း ဘယ်အပြစ်က မကင်လွတ်နိုင်ကြောင်း ဆရာတော် သံယာတော်တွေက ၀ိနည်းအရ ဆုံးမပြောဆိုတာ သြ၀ါဒ အဆုံးမပေးတာကို ခံရမယ်။

(၆) ပြီးတော့ မိမိတို့ ကြူးလွန်းခဲ့သူ တဦးချင်း ငါးပါးသီလ ခံယူရမယ်။

(ရ) ပြီးတော့ ဆရာတော်များက ခွင့်လွတ်ကြောင်း (သို့)မဟုတ် နားလည်ကြောင် ဓမ္မသတ်နည်းကျကျ ဟောပြမယ့်တရားကို နာယူရမယ်။

(၈) နောက်နောင် ယခုကဲ့သို အကုသိုလ် ဒုစရိုက်တွေကို ယခုကဲ့သို့ မကြူးလွန်တော့ကြောင်း ကတိက၀တ်ပြုရမယ်။

(၉) မကြေနိုင်သော အပြစ်များကို ဘ၀ဆက်သမျှခံရမည်ကို မိမိကိုယ်တိုင် ခံယူလိုကြောင်း ၀န်ခံ လျောက်ထားရမည်။

(၁၀) နောက်ဆုံး သံယာတော်များ ရွတ်ဖတ်သရယ်ဆယ်မှု ကို ခံယူပြီး ထိချင်းငါးပါးနှင့် ဂါရ၀ပြု
အဆုံးသတ်ရမည်။

ဒါတွေကို နည်းလမ်းကျကျမလုပ်ဘူးဆိုရင် တောင်းပန်တာမဟုတ်ဘူး
နောက်ဆက်တွဲ အနေနဲ့ ဥပဒေအရ ဘယ်လိုအစီမံတွေ လုပ်ရမည်ဆိုတာကို ဆက်လက်တင်ပြပေးဦးမည်။
(Khin Mgoo)

ဘာကြောင့် ရဟန်းတွေက တောင်းပန်တာကို လက်မခံရတာလဲ
 
 အခု သံယာတော်တွေကို တောင်းပန်ဖို့ လုပ်တာ သံယာတွေက လက်မခံဘူးလို့ပြောတာဘာကြောင့်လဲမဟာကံ
ကြီးငါးပါး ကံကို နိုင်ငံတော်အကြီးကဲကြီး များနားမလည်သလို ပါတီခေါင်းဆောင်တွေရော နာလည်သလား နား
မလည်သလား မမေးလိုတော့ပါ။
မြန်မာတွေရဲ့မကောင်းတဲ့ သောက်ကျင့်ဆိုးကို လက်တွေ့ကျင့်သုံးပြတာမဟုတ်ဘူး အမွေဆိုး တခုကိုပေးတာပါ။

လုပ်ချင်ရာ လုပ် အမျိုးမျိုး သတ်ဖြတ်ပြီး တောင်းပန်လိုက်ရင် ဘာသာရေးအရ ခွင့်လွတ်ရမယ်လို့ နေပြည်တော်က အွန်လိုင်း တွေကနေ ၀ါဒဖြန့်နေတာ။အားလုံးကို တင်ပြလိုတာက ရာဇ၀တ်မှုတောင်မှသေးသေးလေးမဟုတ်
ဘူး
ဘုန်းတော်ကြီးတွေကို မီးဖုတ် မီးကင်တဲ့ အကြမ်းဖက် နှိမ်နှင်း ချေမုန်းမှု။
အဲဒီလို ဖုတ်ပုမီးတိုက်လုပ်ပြီး တောင်းပန်ပွဲလေး အိုးပုတ်တမ်းကစားသလိုလုပ်လို့မရ
ဘူး။ဥပဒေကြောင်းအရအ
ရင်မစဉ်းစားပဲ သံယာတွေကို တောင်းပန်မှုကို လုပ်မယ်ဆိုရင် ဘာအပြင်ဆင်နဲ့ ဘာ အခင်းကျင်းတွေလိုသလဲ ပ
ထမ စဉ်းစားရမယ်။
(၁) ပြစ်မှုကြူးလွန်သူ တွေအားလုံး တောင်ပန်ခွင့်ရအောင် နာမည် အတိကျ ဆရာတော်များကို အရင် လျောက်
ထားရမယ်။
(၂) သမ္မတ ကနေ တာဝန်ရှိသူတွေအားလုံးယခု ဖြစ်စဉ် မှာ ပါဝင်ရမယ်။

(၃) တောင်းပန်တာကို အစိုးရရုံးက ထပ်ပြီး စီမံ ညွန်ကြားတာမျိုး မလုပ်ပဲ ဓမ္မသတ်ဘောင်ကျကျ လုပ်ကိုင်ဆောင်
ရွက်ရမယ်။
(၄) မိမိ ဘာတွေ ကြူးလွန်ခဲ့ကြောင်း အရင်ဆုံး ၀န်ခံ တင်ပြလျောက်ထားရမယ်။

(၅) မိမိကြူးလွန်ခဲ့တာတွေကို ဘယ်အပြစ်က ကင်းလွတ်နိုင်ကြောင်းဘယ်အပြစ်ကမကင်လွတ်နိုင်ကြောင်း ဆရာ
တာ် သံယာတော်တွေက ၀ိနည်းအရ ဆုံးမပြောဆိုတာ သြ၀ါဒ အဆုံးမပေးတာကို ခံရမယ်။
(၆) ပြီးတော့ မိမိတို့ ကြူးလွန်းခဲ့သူ တဦးချင်း ငါးပါးသီလ ခံယူရမယ်။

(ရ) ပြီးတော့ ဆရာတော်များက ခွင့်လွတ်ကြောင်း (သို့)မဟုတ် နားလည်ကြောင် ဓမ္မသတ်နည်းကျကျ ဟောပြ
မယ့်တရားကို နာယူရမယ်။
(၈) နောက်နောင် ယခုကဲ့သို အကုသိုလ် ဒုစရိုက်တွေကို ယခုကဲ့သို့ မကြူးလွန်တော့ကြောင်း ကတိက၀တ်ပြုရ
မယ်။
(၉) မကြေနိုင်သော အပြစ်များကို ဘ၀ဆက်သမျှခံရမည်ကို မိမိကိုယ်တိုင် ခံယူလိုကြောင်းဝန်ခံ လျောက်ထားရ
မည်။
(၁၀) နောက်ဆုံး သံယာတော်များ ရွတ်ဖတ်သရယ်ဆယ်မှု ကို ခံယူပြီး ထိချင်းငါးပါးနှင့် ဂါရ၀ပြု
အဆုံးသတ်ရမည်။
ဒါတွေကို နည်းလမ်းကျကျမလုပ်ဘူးဆိုရင် တောင်းပန်တာမဟုတ်ဘူး
 
Eleven Media:
 

0 comments:

Post a Comment