Pages

Saturday, December 1, 2012

တောင်အာဖရိက နိုင်ငံတွင် ကြံ့သတ်သမား လက်ချက်ဖြင့် ကြံ့သေဆုံးမှု မြင့်တက်

တောင်အာဖရိက နိုင်ငံတွင် ကြံ့သတ်သမား လက်ချက်ဖြင့် ကြံ့သေဆုံးမှု မြင့်တက်


တောင်အာဖရိက နိုင်ငံ VAALKOP DAM NATURE RESERVE ရှိ ပုဂ္ဂလိ ကပိုင် FinFoot Game Reserve ၌ ယခုလ အတွင်း ကြံ့သတ် သမားများက ကြံ့ရှစ်ကောင်အား သတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကြံ့သတ် သမားများသည် ကြံ့များအား ရိုင်ဖယ် သေနတ်ဖြင့် ပစ်သတ်၍ ကြံ့များ၏ ဦးချိုကို ဖြတ်ယူသွားပြီး အာရှဒေသ အတွင်းရှိ ဝယ်ယူ သူများထံ ရောင်းချခဲ့သည်။ကြံ့ချိုများသည် ရောဂါကုသရာတွင် ပျောက် ကင်းစေသည့် ယူဆချက်ကြောင့် နိုင်ငံများ အတွင်း ဆေးဝါးကုသရာ၌ အသုံးပြု ကြကြောင်း သိရသည်။ တန်ဖိုးကြီး ကြံ့ချို များ လိုအပ်ချက် အရ တောင်အာဖရိက နိုင်ငံ အမျိုးသား ဥယျာဉ်နှင့် ပုဂ္ဂလိကပိုင် ဥယျာဉ် များ၌ ကြံ့သတ် သမားများ၏ သတ်ဖြတ်မှုကြောင့် ယခုနှစ်တွင် ကြံ့ကောင်ရေ ၅၈၈ ကောင် သေဆုံး ခဲ့ရသည်။

ကျွမ်းကျင် သူများက ကြံ့သတ် သမားများကို ထိရောက်စွာ မနှိမ်နင်းပါက သတ်ဖြတ် ခံရသည့် ကြံ့အရေ အတွက်က ပေါက်ဖွားလာမည့် ကြံ့အရေ အတွက်ထက် ကျော်လွန် သွားနိုင်ဖွယ် ရှိသည်ဟု အကြံပြု ထားပါသည်။ ထို့အပြင် ကျန်ရှိနေသည့် ကြံ့အရေ အတွက်မှာ အန္တရာယ် ရှိသည့် အနေအထားတွင် ရှိနေသောကြောင့် ကာကွယ်စောင့် ရှောက် မှုများ ပြုလုပ်ရန် သတိပေး ခဲ့ကြောင်း သိရသည်။

တောင်အာဖရိက နိုင်ငံ၌ ၁၉၉ဝ ပြည့်နှစ်များမှ ၂ဝဝ၇ ခုနှစ်အတွင်း ကြံ့ သတ်ဖြတ် ခြင်းများ ပြုလုပ်ခဲ့ရာ တစ်နှစ်လျှင် ၁၅ ကောင်ခန့် သေဆုံး ခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ် အတွင်း၌လည်း ကြံ့ ၈၃ကောင် သေဆုံး၍ ၂ဝဝ၉ ခုနှစ်အတွင်း၌ ၁၂၂ ကောင် သေဆုံး ခဲ့ကြောင်း တောရိုင်း တိရစ္ဆာန် ကုန်သွယ်မှု စောင့်ကြည့်ရေး ကွန်ရက် TRAFFICမှ ထုတ်ပြန် ကြေညာခဲ့သည်။ 

ထိုကဲ့သို့ ကြံ့များအား သတ်ဖြတ်မှု တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ်၌ ၃၃၃ ကောင်၊ ၂ဝ၁၁ ခုနှစ်၌ ၄၄၈ ကောင်နှင့် ယခုနှစ် အတွင်း အနည်းဆုံး ၅၈၈ ကောင် သေဆုံးခဲ့ကြောင်း တောင်အာဖရိက ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး ဌာနက ထုတ်ပြန် ကြေညာ ထားသည်။ 

http://www.myawady.com.mm/allnews/global/item/564-2012-12-01-01-59-08

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

တောင်အာဖရိက နိုင်ငံ VAALKOP DAM NATURE RESERVE ရှိ ပုဂ္ဂလိ ကပိုင် FinFoot Game Reserve ၌ ယခု
လ အတွင်း ကြံ့သတ် သမားများက ကြံ့ရှစ်ကောင်အား သတ်ဖြတ် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကြံ့သတ် သမားများသည် ကြံ့များအား ရိုင်ဖယ် သေနတ်ဖြင့်ပစ်သတ်၍ ကြံ့များ၏ဦးချိုကို ဖြတ်ယူသွားပြီး 
အာရှဒေသ အတွင်းရှိ ဝယ်ယူ သူများထံ ရောင်းချခဲ့သည်။ကြံ့ချိုများသည် ရောဂါကုသရာတွင် ပျောက် ကင်းစေ
သည့် ယူဆချက်ကြောင့် နိုင်ငံများ အတွင်း ဆေးဝါးကုသရာ၌ အသုံးပြု ကြကြောင်း သိရသည်။ 
 
တန်ဖိုးကြီး ကြံ့ချို များ လိုအပ်ချက် အရ တောင်အာဖရိက နိုင်ငံ အမျိုးသား ဥယျာဉ်နှင့် ပုဂ္ဂလိကပိုင် ဥယျာဉ် များ၌ ကြံ့သတ် သမားများ၏ သတ်ဖြတ်မှုကြောင့် ယခုနှစ်တွင် ကြံ့ကောင်ရေ ၅၈၈ ကောင် သေဆုံး ခဲ့ရသည်။
ကျွမ်းကျင် သူများက ကြံ့သတ် သမားများကို ထိရောက်စွာ မနှိမ်နင်းပါက သတ်ဖြတ် ခံရသည့် ကြံ့အရေ အတွက်
က ပေါက်ဖွားလာမည့် ကြံ့အရေ အတွက်ထက် ကျော်လွန် သွားနိုင်ဖွယ် ရှိသည်ဟု အကြံပြု ထားပါသည်။ ထို့အ
ပင် ကျန်ရှိနေသည့် ကြံ့အရေ အတွက်မှာအန္တရာယ် ရှိသည့်အနေအထားတွင်ရှိနေသောကြောင့် ကာကွယ်စောင့်
 ရှောက် မှုများ ပြုလုပ်ရန် သတိပေး ခဲ့ကြောင်း သိရသည်။
တောင်အာဖရိက နိုင်ငံ၌ ၁၉၉ဝ ပြည့်နှစ်များမှ ၂ဝဝ၇ ခုနှစ်အတွင်း ကြံ့ သတ်ဖြတ် ခြင်းများ ပြုလုပ်ခဲ့ရာ တစ်နှစ်
လျှင် ၁၅ ကောင်ခန့် သေဆုံး ခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ် အတွင်း၌လည်း ကြံ့ ၈၃ကောင် သေဆုံး၍ ၂ဝဝ၉ ခုနှစ်အ
တွင်း၌ ၁၂၂ ကောင် သေဆုံး ခဲ့ကြောင်း တောရိုင်း တိရစ္ဆာန် ကုန်သွယ်မှု စောင့်ကြည့်ရေး ကွန်ရက် TRAFFICမှ ထုတ်ပြန် ကြေညာခဲ့သည်။
ထိုကဲ့သို့ ကြံ့များအား သတ်ဖြတ်မှု တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂ဝ၁ဝ ပြည့်နှစ်၌ ၃၃၃ ကောင်၊ ၂ဝ၁၁ ခုနှစ်၌ ၄၄၈ ကောင်နှင့် ယခုနှစ် အတွင်းအနည်းဆုံး ၅၈၈ ကောင် သေဆုံးခဲ့ကြောင်း တောင်အာဖရိကပတ်ဝန်းကျင် ဆိုင်
ရာ လေ့လာ စောင့်ကြည့်ရေး ဌာနက ထုတ်ပြန် ကြေညာ ထားသည်။

မ၀တီ

0 comments:

Post a Comment