Pages

Saturday, December 1, 2012

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိဟောင်း ဘဏ္ဍာရေး လိမ်လည်မှုဖြင့် တရား စွဲဆိုခံရ


ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိဟောင်း ဘဏ္ဍာရေး လိမ်လည်မှုဖြင့် တရား စွဲဆိုခံရ

ရုရှား အာဏာပိုင် များသည် ကာကွယ်ရေး ဝန်ကြီး ဌာနမှ အရာရှိဟောင်း တစ်ဦးဖြစ်သူ ယဗ်ဂျီနီယာ ဗာစီယီဗာ ကို ဘဏ္ဍာရေး ဆိုင်ရာ လိမ်လည် မှုဖြင့် တရားစွဲဆို ခဲ့ပြီးနောက် ၎င်းအား နေအိမ်အတွင်း အကျယ်ချုပ် ချုပ်ထား ခဲ့ကြောင်းရုရှားစုံစမ်းစစ်ဆေးရေး ကော်မ တီမှ ပြောရေး ဆိုခွင့်ရှိ သူ တစ်ဦးက ပြောကြားခဲ့သည်။

ဗာစီယီဗာသည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြေနှင့်အိမ်ရာ၊ အဆောက်အအုံ ဌာန၏ အကြီးအကဲဟောင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဟောင်း အန်နာတို လီဆာဒူ ကော့ဗ်နှင့် နီးစပ်သူ တစ်ဦးဖြစ်သည်။ သူမကို နောက်ထပ် နှစ်လအကြာအကျယ်ချုပ်ဖြင့်ထိန်းသိမ်းထားမည် ဖြစ်ပြီးသူမအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ခြောက်နှစ်အထိ ကျခံဖွယ် ရှိသည်။ စုံစမ်း စစ်ဆေးချက်များ အရ သူမနှင့် အခြားအပေါင်းပါ နှစ်ဦးသည် ရူဘယ်လ် ၃၆ဝ သန်း(ဒေါ်လာ ၁၁ သန်း)ကျော် တန်ဖိုးရှိ Oboronservis ကုမ္ပဏီ ပိုင်ဆိုင်သော အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ရန်ပုံငွေ များအား လိမ်လည် ခဲ့မှု၌ ပါဝင် ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များသည် အောက်တိုဘာ နှောင်းပိုင်းက သူမ၏ နေအိမ် အတွင်းသို့ ဝင်ရောက် ရှာဖွေခဲ့ရာ ရှေးဟောင်း ပစ္စည်းများ၊ ရွှေငွေ ရတနာများနှင့် ရူဘယ်လ် သုံးသန်းကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/568-2012-12-01-02-20-34

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီ

ရုရှား အာဏာပိုင် များသည် ကာကွယ်ရေး ဝန်ကြီး ဌာနမှ အရာရှိဟောင်း တစ်ဦးဖြစ်သူ ယဗ်ဂျီနီယာ ဗာစီယီဗာ ကို ဘဏ္ဍာရေး ဆိုင်ရာ လိမ်လည် မှုဖြင့် တရားစွဲဆို ခဲ့ပြီးနောက် ၎င်းအား နေအိမ်အတွင်း အကျယ်ချုပ် ချုပ်ထား ခဲ့ကြောင်းရုရှားစုံစမ်းစစ်ဆေးရေး ကော်မ တီမှ ပြောရေး ဆိုခွင့်ရှိ သူ တစ်ဦးက ပြောကြားခဲ့သည်။ ဗာစီယီဗာသည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြေနှင့်အိမ်ရာ၊ အဆောက်အအုံ ဌာန၏ အကြီးအကဲ
ဟာင်း ဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဟောင်း အန်နာတို လီဆာဒူ ကော့ဗ်နှင့် နီးစပ်သူ တစ်ဦးဖြစ်သည်။ 
 
သူမကို နောက်ထပ် နှစ်လအကြာအကျယ်ချုပ်ဖြင့်ထိန်းသိမ်းထားမည် ဖြစ်ပြီးသူမအနေဖြင့် ပြစ်မှုထင်ရှားပါက
 ထောင်ဒဏ် ခြောက်နှစ်အထိ ကျခံဖွယ် ရှိသည်။ စုံစမ်း စစ်ဆေးချက်များ အရ သူမနှင့် အခြားအပေါင်းပါ နှစ်ဦး
သည် ရူဘယ်လ် ၃၆ဝ သန်း(ဒေါ်လာ ၁၁ သန်း)ကျော် တန်ဖိုးရှိ Oboronservis ကုမ္ပဏီ ပိုင်ဆိုင်သော အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ရန်ပုံငွေ များအား လိမ်လည် ခဲ့မှု၌ ပါဝင် ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များသည် အောက်တိုဘာ နှောင်းပိုင်းက သူမ၏ နေအိမ်အတွင်းသို့ဝင်ရောက်ရှာဖွေခဲ့ရာ ရှေးဟောင်း 
ပစ္စည်းများ၊ ရွှေငွေ ရတနာများနှင့် ရူဘယ်လ် သုံးသန်းကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
 မ၀တီ

0 comments:

Post a Comment