Pages

Saturday, December 1, 2012

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဖိုင်ကောင်ကျေးရွာမှ ဆယ်အိမ်မှူးကို အစိုးရစစ်ကြောင်း ဖမ်းဆီးသွား


ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဖိုင်ကောင်ကျေးရွာမှ ဆယ်အိမ်မှူးအား အစိုးရတပ် ခလရ တပ်ရင်း ၂၄၀ စစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းရွာသားများက ပြောသည်။အိမ်ခြေ ၆၀ ကျော်ရှိ ဖိုင်ကောင် ဆယ်
အိမ်မှူး ကိုဇင်ထုံးဆိုင်းအောင်အားလက်နှစ်ဖက် ကြိုးတုတ်၍ သောကြာနေ့နံနက်ကဖမ်းဆီးသွားကြောင်း ရွာသား
 တဦးက ပြောသည်။

“သူ့ကို ကျနော်တို့နဲ့အတူ ဖမ်းထားတဲ့အချိန် ၁၀ အိမ်မှူး ဘယ်သူလဲဆိုပြီး လာမေးတော့ သူဟုတ်တယ်ဆိုပြီး ဖြေ
လိုက်တယ်။ ခဏကြာတော့ သူ ဘာဖြေလိုက်တာလဲ မသိဘူး။ သူ့ကို မျက်နှာမှာ ထိုးတယ်။ ပါးနှစ်ဖက် ရိုက်တယ်
။ လက်နှစ်ဖက်ကို နောက်ကျောနဲ့ ကပ်ပြီး ကြိုးချည်ထားတယ်။ လူတယောက် နောက်က ကြိုးကိုင်ပြီး လိုက်တယ်
 နောက်တော့ ကျနော်တို့ကို လူခွဲပြီး အိမ်တအိမ်မှာ ရှိနေတဲ့ စစ်ကြောင်းမှူးကကျနော်တို့ကို ခေါ်ပြီး မေးတယ်။ မသ
င်္ကာတဲ့ လူတွေကို သီးသန့် ခေါ်မေးတယ်။ ရိုက်လည်း ရိုက်တယ်” ဟု မဇ္စျိမကို ပြောသည်။  

ဒု-တပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းထိုက် ပါဝင်သော အင်အား ၁၀၀ ခန့်ရှိ ယင်းစစ်ကြောင်းက ဗုဒ္ဓဟူးနေ့ကတည်းက ဖိုင်ကောင်ရွာသို့ရောက်လာပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်ဖွဲ့များ ထိုကျေးရွာတွင် ရှိနေသည်ဟု ဆိုကာ ရွာသားအားလုံးကို ဘုရားကျောင်းတွင် ထိန်းသိမ်းခဲ့သည်။ ထိုနေ့ ညနေ ၅ နာရီတွင် အမျိုးသမီးများကို ပြန်လွှတ်
ပေးခဲ့သည်ဟု ဒေသခံ အမျိုးသမီးတဦးက ပြောသည်။

“မင်းတို့ ရွာမှာ လက်နက်ရှိတယ်။ အဲဒါကြောင့် လက်နက်ထုတ်ပေးပါ။ မင်းတို့ ကိုယ်တိုင် သွားယူစရာမလိုဘူး။ ဘယ်မှာထားတယ် ဆိုတာ ပြောပြ။ ၄ နာရီထိ မထုတ်ပေးဘူးဆိုရင် ရွာကို မီးရှို့မယ်ဆိုပြီး ခြိန်းခြောက်တယ်။ ကျ
မတို့ ဘယ်သူမှ မသိကြဘူး။ ၄ နာရီ ရောက်တော့ ရွာကိုတော့ မရှို့ဘဲ၊ ဒုက္ခသည် စခန်းထဲက တဲ ၆ ခု ၇ ခု မီးရှို့
လိုက်တယ်” ဟု ဒေသခံက မဇ္စျိမကို ပြောသည်။

ယင်း ဒုက္ခသည်စခန်းကို တရုတ်နယ်စပ် ကောင်ဖိုင်ကျေးရွာအနီး လယ်ကွင်းတနေရာတွင် ကျေးရွာအတွင်း မ
တည်မငြိမ် ဖြစ်လာပါက ထွက်ပြေးခိုလှုံရန်နှင့် ကျေးရွာသားများ ပိုင်ဆိုင်သော စပါးများ သိမ်းဆည်းထားသည့်
 နေရာဖြစ်သည်ဟု ဆိုသည်။

ထိုနေ့က အမျိုးသား ၂၀ ကျော်ကို လွှတ်မပေးသေးဘဲ နှစ်ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် သောကြာနေ့ နံနက် ၆ နာရီမှ ပြန်လွှတ်ပေးခဲ့သည်။

သောကြာနေ့ နံနက် ၆ နာရီကျော်ချိန် ထိုတပ်ရင်း ဖိုင်ကောင်ကျေးရွာမှ အထွက် လယ်ကွင်းတနေရာ အရောက်
တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၂၆ တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ
က ပြောသည်။

“တိုက်ပွဲ ပြန်ဖြစ်လို့ ကျမတို့ ရွာမှာ မနေရဲလို့ လယ်ကွင်းဘက်မှာ ထွက်နေရတယ်။ အရင်နေ့လည်း ကျမတို့ကို ခြိန်းခြောက်ပြီး ထိန်းထားလို့။ ပြန်ခြိန်းခြောက်မှာ ကြောက်လို့ ဒီမနက်တော့ ရွာမှာ မနေရဲတော့ဘူး။ ထမင်းတောင် မစားရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ဒုက္ခသည်များမှာ ဖိုင်ကောင် ကျေးရွာမှ တမိုင်ကျော် အကွာအဝေးရှိ ခလွမ်ကျေးရွာတွင် ရောက်ရှိနေသည်ဟု ဆို
သည်။

ကချင်ပြည်နယ် ဖားကန့်၊ KIO ဌာနချုပ် အနီးတဝိုက်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တိုက်ပွဲများ နေ့
စဉ် ဖြစ်ပွားနေကြောင်းလည်း သိရှိရသည်။


 ချင်းမိုင်(မဇ္ဈိမ)

0 comments:

Post a Comment