Pages

Saturday, December 1, 2012

လက်ပံတောင်းတောင် သပိတ် စခန်းတွင် ပါဝင်သူ အသက်(၁၈)နှစ်အရွယ် ကိုရင် ရှင်ဝိစာရပျောက်ဆုံးလျက်ရှိ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ဇောတိက ကျောင်းတိုက် ရှိ စာသင်သားကိုရင်ရှင်ဝိစာရ အသက်(၁၈)နှစ်သည်
ယခုအချိန်ထိ ပျောက်ဆုံး လျက်ရှိနေကြောင်းသိရသည်။
ကိုရင် ရှင်ဝိစာရ အသက် (၁၈)နှစ်သည် လက်ပံတောင်းတောင် သပိတ် စခန်းများဖျက်သိမ်းရာတွင်ပါဝင်ခဲ့ပြီးယင်း
မှာ ယခုအချိန်ထိ ပျောက်ဆုံးနေ ဆဲ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာသင်သား ကိုရင် ရှင်ဝိစာရ၏ နေရပ် ဖြစ်
သော မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ် မြို့သာရွာရှိ ဆွေမျိုးများထံ စုံစမ်းမေးမြန်းရာ တွင် ပြန်လည်ရောက်ရှိ
ခြင်းမရှိသေးကြောင်း ပြောကြားသည်။

မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ နေ့လည်၂နာရီ တွင်ကျင်းပရန်ရှိသော သြ၀ါဒ ဟောကြားပွဲသို့တက်ရောက်မည့်
ဆရာတော် အချို့ အားမေးမြန်းကြည့် ရာ “ကိုယ် တော်တို့ သြ၀ါဒပွဲကိုတက်မယ် ဒါပေမယ့် သြ၀ါဒတော့ မပေးဘူး
 ၊ ဘာလို့ လဲ ဆိုတော့ ကျောင်းရှိ တပည့်သားတွေကို ပစ်ခတ်ခဲ့တာကြောင့်ပါ” ဟု မိန့်ကြားခဲ့သည်။
 
Yangon Media Group

0 comments:

Post a Comment