Pages

Saturday, December 1, 2012

စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေးနှင့် အစိုးရအဖွဲ့မှလောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်

သပိတ်မှောက်သူများဖြိုခွဲခံရမှုတွင် ဒဏ်ရာအများဆုံးရရှိခဲ့သည် မုံရွာမြို့ မဟာဇောတိကရာမကျောင်းတိုက်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ (တန်ဆောင်မုန်းလပြည့်ကျော်၂ ရက်နေ့)တွင်နှစ်စဉ်ကျင်းပပြုလုပ်လေ့ ရှိသည့်စာအောင် သံဃာတော်များအောင်လက်မှတ်ဆပ်ကပ်လှူဒါန်းပွဲတွင်နံနက်ပိုင်းဆွမ်းလောင်းလှူလေ့ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့မှ ငွေကျပ်၁၇ သိန်းအကုန်အကျခံ လောင်းလှူမည့် ဆွမ်းလောင်းပွဲပျက်ခဲ့ကြောင်းသတင်းရရှိသည်။
'"အခင်းဖြစ်ပြီး နောက်ရက်မှာပဲ မဟာဇောတိကရာမကျောင်းတိုက်အ၀င်ပေါက်တွေမှာ ဦးသာအေးနဲ့အဖွဲ့ လောင်းမယ့်ဆွမ်းအလှူကိုမကြွဖို့ ဆော်သြစာကပ်ထားတယ်။ မကြွရင် ဆွမ်းတစ်နပ်ပဲ မစားရမှာဖြစ်ပြီး သံဃာတော်တွေရဲ့အနာတွေ အပူတွေဟာ တစ်ရက်ထဲနဲ့မပျောက်ကင်းနိုင်ပါဘူးဘုရားဆိုတဲ့  စာတွေကပ်ထားတယ်။ 
သံဃာတော်တွေကလည်း ဆွမ်းလောင်းမယ့်နေ့မှအားလုံး သပိတ်မှောက်ဖို့ စီစဉ်ထားပြီး ကျောင်းတိုက်ထဲမှာရှိတဲ့ တိုက်အုပ်ဆရာတော်တွေကငါ့ရှင်တို့ဆွမ်းအလှုခံမှာလားလို့မေးပါတယ်။
အားလုံးက ဆွမ်းအလှူမခံပါဘူးလို့လျှောက်တင်ကြတော့
အစိုးရအဖွဲ့ကိုအကြောင်းကြားပြီးငွ ကျပ် ၁၇ သိန်းတန် ဆွမ်း အလှူပွဲမဖြစ်ခဲ့ပါဘူး။ စာအောင်သံဃာတော်တွေ အောင်လက်မှတ်ဆပ်ကပ်ပွဲတော့ဖြစ်ခဲ့ပါတယ်'" ဟု မဟာဇောတိကရာမတိုက်မှ သံဃာတော် တစ်ပါးကမိန့်ကြားခဲ့သည်။

မဟာဇောတိကရာမတိုက်မှပင့်ဖိတ်ထားခြင်းခံရသည့်ဆရာတော် သုံးပါးသည်လည်း ဒီဇင်ဘာ လ ၁ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားသောတောင်းပန်ပွဲဟု ဒေသခံများသိထားသော သြ၀ါဒခံယူပွဲသို့  လုံးဝလာရောက်ခြင်းမရှိကြောင်းသိရသည်။
 
Eleven Media:

0 comments:

Post a Comment