Pages

Tuesday, December 11, 2012

၁၂ ရက် ၁၂ လ ၂၀၁၂ခုနှစ် (မနက်ဖြန်) နေ့လည် နှစ်နာရီတွင် မြို့ကြီး ၉မြို့ရှိ သံဃာထု လက်ပံတောင်းတောင် အရေး ဆက်လက် ဆန္ဒ ထုတ်ဖော်မည်

မနက်ဖြန် ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့နဲ့ လူငယ်ကျောင်းသားအဖွဲ့တွေဝိုင်းရံပြီး လက်ပံတောင်းတောင်းဆန္ဒပြပွဲကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် ရဟန်းသံဃာတွေက ၄ ချက်တောင်းဆိုထားတယ်။ အဲဒါကို ကြေနပ်လောက်အောင် မလိုက်လျောလို့ မနက်ဖြန်မှာ ပြည်၊ ချောက်၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ၊ တောင်ကြီး၊ မြင်းခြံအစရှိတဲ့ မြို့တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်။ ဦးအဂ္ဂသာဝ ဖုံးနံပါတ်က ၄၂၀၁၁၄၁၁၁

အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် သံဃာတော်တွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဆရာတော် ဦးအဂ္ဂသာဝ မိန့်ကြားတာကတော့ ...
“ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဦးဇင်းတို့အနေနဲ့ မလုပ်နိုင်တဲ့ အရာတွေကို တောင်းဆိုတာမဟုတ်ဘူး။ ဘာမှခက်ခက်ခဲခဲလည်း မရှိဘူး။ ဒါကြောင့် လုပ်ပေးတဲ့အထိ တောင်းဆိုမယ်” 

“ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ၀န်းရံမယ်
သူတို့အနေနဲ့ပြောတာက နောက်ကွယ်ကကြိုးကိုင်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ဖော်ထုတ်ပေးတဲ့ အထိ တောင်းဆိုမယ်လို့” ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော်ကပြောပြပါတယ်။

တောင်းဆိုထားတဲ့အချက်တွေက ...

(၁)လက်ပံတောင်းတောင်သပိတ်စခန်းတွင် အကြမ်းဖက်ခံခဲ့ရသော သဃာတော်များကို နိုင်ငံတော်သမ္မတ အနေနှင့် တောင်းပန်ရေး
(၂) အကြမ်းဖက်ခံခဲ့ရသော သံဃာထုနှင့် ပြည်သူလူထုအတွက် နိုင်ငံခေါင်းဆောင်ကောင်းအဖြစ် မှန်မှန်ကန်နက် တာဝန်ယူပေးရေး
(၃) လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသော ရဟန်း၊ ရှင်လူတို့အား ချွှင်းချက်မရှိ ပြန်လွတ်ပေးရေး
(၄) ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်နှိမ်နှင်းခဲ့သော တာဝန်ရှိသူတို့အား ဖော်ထုတ် အရေးယူပေးရေး
(၅) အထက်ပါအချက်များအား မှန်မှကန်ကန်နှင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရေး

ဒီဇင်ဘာ(၁၂)ရက်နေ့ နေ့လည်နှစ်နာရီမှစတင်ကာ မြန်မာနိုင်ငံရှိ မြို့ကြီးကိုးမြို့ သံဃာထုကလက်ပံတောင်း
တာင်သပိတ် စခန်းများ မှသံဃာတော် များအားဖြိုခွင်း ခဲ့မှုနှင့်ပတ်သက်၍အစိုးရ၏ဆောင်ရွက်ချက်များအ
ပ်ါကျေနပ်မှု မရှိသဖြင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်း
အဆိုပါ သံဃာထုငြိမ်း ချမ်းစွာဆန္ဒထုတ်ဖော်ပွဲ ကိုဦးဆောင်မည့် ဗုဒ္ဓသာဝက ရဟန်းပျို အဖွဲ့မှအရှင်အဂ္ဂသီ
ရိက ဆိုသည်။

အဆိုပါသံဃာထုသည် ရန်ကုန်မြို့၊မုံရွာမြို့၊မန္တလေးမြို့၊တောင်ကြီးမြို့ ၊ပြည်မြို့၊မြင်းခြံမြို့၊ ပဲခူးမြို့၊ ချောက်
နှင့်ပခုက္ကူမြို့များတွင်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး အ ခြားမြို့များမှသံဃာထုများမှလည်းမိမိတို့၏ဆန္ဒသ
ဘာ အလျောက် ဆန္ဒဖော်ထုတ် မှုရှိမရှိကို မသိရသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းဆန္ဒထုတ် ဖော်ကြမည့် သံဃာထုအတွက်လည်းအ ကြမ်းဖက်မခံရရေး၊ဆန္ဒထုတ် ဖော်သည့်
ရည်ရွယ်ချက်များ လွှဲချော် မသွားနိုင်စေရေး နှင့်မီဒီယာများနှင့် မေးမြန်းဖြေကြား မှုများ နှင့် ပတ်သက်၍ ဖြေ
ကြားနိုင်ရေး တို့အ တွက် ၂၀၀၇ ကုန်ဈေးနှုန်းကျ ဆင်းရေးအ ဖွဲ့နှင့်ပြည်သူ လူထုတို့က ဝန်ရံပေးသွား မည်
 ဖြစ်ကြောင်း အဆိုပါ၂၀၀၇ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့မှကို ထင်ကျော်(ခ) ကျော် ထင်ကဆိုသည်။

''ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့် သံဃာတွေ ကို အခြား ရည်ရွယ်ချက်တွေဝင်မလာဖို့နဲ့ အ
ကြမ်း ဖက်မခံရဖို့၊ မီဒီယာတွေဖြေကြားတဲ့ အခါ မှာလည်း ဒီငြိမ်းချမ်းစွာဆန္ဒပြတဲ့အထဲမှာ မပါဘဲ ဘေးပရော
ဂတွေ ဝင်မလာနိုင်ရေး နဲ့ ဆန္ဒပြရတဲ့ရည်ရွယ်ချက်တွေ လွှဲချော်မ သွားရေးအတွက် ဝန်းရံသွား မှာပါ။ကျွန်
တ်ာတို့ သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နိုင်ဖို့ ကျွန်တော်တို့အဖွဲ့နဲ့ အတူ ပြည်သူလူထုတွပါ
ဝင်ပြီး ဝန်းရံ သွားမှာပါ''ဟု၂၀၀ရကုန်ဈေးနှုန်းကျ ဆင်း ရေးအဖွဲ့မှကိုထင်ကျော်(ခ)ကိုကျော်ထင်ကဆိုသည်။

အရှင်အဂ္ဂသီရိက ''ဘုန်းကြီး တို့ မနက်ဖြန် နေ့လည် နှစ်နာရီမှ ရွှေတိဂုံ အရှေ့မုခ် ကြေးသွန်း ဘုရားကြီး က
စပြီး ဆိုင်းဘုတ် ကိုင်ပြီး ငြိမ်းချမ်း စွာဆန္ဒထုတ် ဖော်သွားမှာပါ။ဘုန်းဘုန်းတို့ အောက်မြန်မာပြည် သံဃာ ထု
ကတောင်း ဆိုထားတဲ့ အ ချက်ငါးချက်ကို အစိုးရကလုပ်ကိုင်ဆောင် ရွက်ချက်တွေမှာ အားနည်းတဲ့အတွက် ဘုန်းဘုန်းတို့ သံဃာထုက တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ဆန္ဒပြသွားမှာပါ။
အဓိက ရည်ရွယ်က လက်ပံတောင်းတောင်သပိတ် စခန်းကသံဃာတော်တွေကို အစိုးရ ကဖြို ခွင်းခဲ့တဲ့ အ
ပ်ါမကျေ နပ်လို့ပါ။ကျန်တဲ့ စီမံကိန်းလုပ်တာ မလုပ်တာဆိုတာ ကိုဘုန်း ဘုန်းတို့ပြတာ မဟုတ် ဘူး။ ဘုန်း
ဘုန်းတို့ ငြိမ်းချမ်းစွာပဲ ဆန္ဒ ထုတ်ဖော် မယ်။ မနက် ဖြန်ကျရင် မီဒီယာတွေကိုလည်း ဘုန်း ဘုန်းတို့က ဘာ
တွ မကျေနပ်လို့ဆိုတာကို စာရွက်တွေဝေ သွားမှာပါ''ဟုမိန့်တော်မူ သည်။
 
Yangon Media Group 

0 comments:

Post a Comment