Pages

Tuesday, December 11, 2012

လက်ပန်းတောင်းတောင်အရေးဆန္ဒပြသူတွေအာမခံနဲ့ ပြန်လွတ်

 ၁၁ ဒီဇင်ဘာ ၂၀၁၂

လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးကိစ္စနဲ့ ဖမ်းဆီးခံထားရသူတွေကို အင်စိန်ထောင် တရားရုံး
အချုပ်မှာ ဖမ်းဆီး ထိမ်းသိမ်းထားရာကနေ ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီး ဖြစ် တယ်လို့ အဖမ်းခံရ
သူတွေရဲ့ ရှေ့နေက ပြောပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုး
ချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကို ဒီနေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့သူတို့အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

သူတို့ကို ကိုယ်တိုင်ခံဝန်ချက်နဲ့ ကျပ်ငွေ ၁၀ သိန်းစီ အာမခံပေး လွှတ်လိုက်တာဖြစ်ပေမယ့် သူတို့ကို စွဲဆို
ထားတဲ့ ပုဒ်မ ၅၀၅ (ခ)နဲ့ အမှု ဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

အဖမ်းခံထားရသူတွေဟာ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ သွားပြီး ကိုယ်တိုင် အာမခံ
ချက်နဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီဇင်ဘာ ၂ ရက်နေ့က ဖမ်းဆီးခံရတဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုဃ်းသွေးနဲ့ ရန်ကုန်
ပည်သူ့ အကျိုးဆောင် ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးကိုလည်း အာမခံနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရ
ပါတယ်။
 
 
 ဒီဗွီဘီ
 

0 comments:

Post a Comment