Pages

Tuesday, December 11, 2012

ရန်ကုန်မြို့ လယ်ခေါင်မှာ မြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီးခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်

ရန်ကုန်မြို့ လယ်ခေါင် အချုပ်သားထွက်ပြေးလွတ်မြောက်နေ

10.12.2012 ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့ လယ်ခေါင် ဆရာဝန်အသင်းတိုက် အနီးရှိ မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးမှ အချုပ်သား ၂ယောက် အချုပ်ခန်းတွင်းမှရန်ကုန်မြို့တွင်းမြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီးခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရပါသည်။
ဖြစ်ပွားပုံမှာ တရားရုံး ရှိအချုပ်ခန်း အတွင်းတံခါးမှ ပတ္တာရှိ မူလီများကို လှည့်ထွက်ကာ ဧည့်တွေ့သူများနှင့် ရောနှောကာ အပြင်သို့  ထွက်သွားပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။
 မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးတွင် ရုံးထုတ်လာသော တရားခံများသည် မိသားစုဝင်များနှင့် လွတ်လွတ်လပ်လပ် တွေ့ ဆုံစကားပြောလိုပါက  တာဝန်ကျ ရဲဝန်ထမ်းများကို ငွေကျပ် တစ်သောင်းပေးပြီး ရုံးဆင်းချိန်ထိတိုင်အောင် ၊ အချုပ်ခန်းပြင်ပ ရဲအစောင့်များအနီးရှိ ခုံတန်းတွင်လွတ်လပ်စွာနေထိုင်ပြောဆိုနိုင်သည်ဟုသိရပြီး ၊ ယခုထွက်ပြေးလွတ်မြောက်သွားကြသူများမှာ အဆိုပါ ပြင်ပ ဧည့်သည်များနှင့် ရောနှောကာ အချုပ်ခန်းပြင်ပသို့  အေးဆေးစွာထွက်သွားနိုင်ခဲ့ပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။
၎င်းအချုပ်သား ၂ ယောက် တရားရုံးအ၀င်အ၀ သို့ ရောက်ချိန်တွင် ဈေးရောင်းချနေသူများမှ မှတ်မိကာ အချုပ်သားများ အပြင်ရောက်နေကြောင်း တာဝန်ကျရဲများသို့  အကြောင်းကြားခဲ့သော်လည်း လုံခြုံရေးရဲဝန်ထမ်းများမှ ပြန်လည်ဖမ်းဆီးရန် နှောင့်နှေးခဲ့ပြီး လွတ်မြောက်သွားခဲ့သည် ။

10.12.2012 ရက်နေ့ တနင်္လာနေ့က ရန်ကုန်မြို့ လယ်ခေါင် ဆရာဝန်အသင်းတိုက် အနီးရှိ မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးမှ အချုပ်သား ၂ယောက် အချုပ်ခန်းတွင်းမှရန်ကုန်မြို့တွင်းမြို့ နယ်စုံမှ ဖောက်ထွင်းမှုများဖြင့် ဖမ်းဆီး
ခံထားရသော တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားသည်ဟုသိရပါသည်။
ဖြစ်ပွားပုံမှာ တရားရုံး ရှိအချုပ်ခန်း အတွင်းတံခါးမှ ပတ္တာရှိ မူလီများကို လှည့်ထွက်ကာ ဧည့်တွေ့သူများနှင့် ရော
နှောကာ အပြင်သို့  ထွက်သွားပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။

မင်္ဂလာတောင်ညွှန့်မြို့ နယ် တရားရုံးတွင် ရုံးထုတ်လာသော တရားခံများသည် မိသားစုဝင်များနှင့် လွတ်လွတ်လပ်
လပ် တွေ့ ဆုံစကားပြောလိုပါကတာဝန်ကျရဲဝန်ထမ်းများကို ငွေကျပ်တစ်သောင်းပေးပြီးရုံးဆင်းချိန်ထိတိုင်အောင်
 ၊အချုပ်ခန်းပြင်ပ ရဲအစောင့်များအနီးရှိ ခုံတန်းတွင်လွတ်လပ်စွာနေထိုင်ပြောဆိုနိုင်သည်ဟုသိရပြီး၊ယခုထွက်ပြေး
လွတ်မြောက်သွားကြသူများမှာ အဆိုပါ ပြင်ပ ဧည့်သည်များနှင့် ရောနှောကာ အချုပ်ခန်းပြင်ပသို့  အေးဆေးစွာ
ထွက်သွားနိုင်ခဲ့ပြီး လွတ်မြောက်သွားခြင်းဖြစ်သည် ။

၎င်းအချုပ်သား ၂ ယောက် တရားရုံးအ၀င်အ၀ သို့ ရောက်ချိန်တွင် ဈေးရောင်းချနေသူများမှ မှတ်မိကာ အချုပ်
သားများ အပြင်ရောက်နေကြောင်း တာဝန်ကျရဲများသို့  အကြောင်းကြားခဲ့သော်လည်း လုံခြုံရေးရဲဝန်ထမ်းများ
မှ ပြန်လည်ဖမ်းဆီးရန် နှောင့်နှေးခဲ့ပြီး လွတ်မြောက်သွားခဲ့သည် ။
 
 
 Myanmar Mediamm'
 

0 comments:

Post a Comment