Pages

Tuesday, December 11, 2012

မြန်မာနိုင်ငံ ဆေးရုံများ ငွေမျက်နှာကြည့်ကာ ကျန်းမာရေး ဝန်ဆောင်မှု ညံ့ဖျင်းနေဆဲ

ရန်ကုန်မြို့ ရှင်ပါကူ ဆေးရုံတွင် ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေသော စစ်တွေမြို့ နယ်မှ အဘ ဦးအောင်ကျော်ဝင်း+ အမိ ဒေါ်မ လှသိန်းတို့၏သား ကျော်စိုးလင်း(ခ) လုံးလုံး အသက် (၂၇)နှစ်၊ မှတ်ပုံတင်အမှတ်- ၁၁/ မဥန (နိုင်) ၀၆၇ ၃၈၈ သည်ဒီဇင်ဘာ ၉ ရက်နေ့၊ (၉) နာရီကျော်တွင် သေဆုံးသွား
ကြောင်း သိရသည်။ ယခုကဲ့သို့ သေဆုံးသွားခြင်းသည် ဆရာဝန်များ၏ ကျန်းမာရေးဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ တာဝန်ယူမှု တာ
ဝန်ခံမှု မရှိသည့်အပြင် ငွေမျက်နှာကြည့်ပြီး ကုသနေမှုကြောင့် မသေသင့်ပဲ သေဆုံးသွားရခြင်း ဖြစ်ကြောင်း
ကို ကျော်စိုးလင်း၏ သူငယ်ချင်းတစ်ဦးက " အဲဒီနေ့က လုံးလုံး နေမကောင်းလို့ Taxi ငှါးပြီးတော့ရှင်ပါကူဆေး
ရုံ ကို ၇ ရက်နေ့ ၈ နာရီခွဲမှာ ရောက်ပါတယ်။ 
 
ဆရာဝန် ဒေါက်တာ သန်းဌေးမောင်က စမ်းသပ်ပြီးတော့ ဆေး(၂) လုံးထိုးပြီးစားဆေးက ၃ လုံးတိုက်ပါတယ်
။ ပြီးတော့ ဆရာဝန်က ဆေးရုံကြီး မဟုတ်ရင် နှလုံး အထူးကု ဆေးရုံကို သွားရမယ်လို့ ပြောပါတယ်။ နောက်
နာရီဝက်လောက်ကြာတော့ ကျွန်တော်တို့က အာရှ တော်ဝင် ဆေးရုံကို သွားဖို့အတွက် ဆေးရုံကားတစ်စီး
လောက် စီစဉ်ပေးဖို့ ပြောတဲ့အချိန်မှာ သူက ဆေးရုံကားကို သုံးစရာမလိုဘူး။ Taxi ကားနဲ့ သွားရင် ရတယ်
ဆိုပြီး ပြောပါတယ်။ 
 
သူက လူနာအခြေအနေကို သိရက်သားနဲ့ တစ်ခြားဆေးရုံကို လွှတ်တယ်။ အဲဒီအချိန်မှာ လုံးလုံးက အောက်
ဆီဂျင်သွင်းထားရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ တကယ်ဆိုရင် ဆေးရုံကကားနဲ့သွားမှ အောက်ဆီဂျင်ဘူးကို တစ်ခါတည်းသယ်နိုင်မှာကို ဒီအတိုင်း ပဲ လွှတ်လိုက်တယ်။ အဲဒါနဲ့ဆေးရုံက နံနက် ၉ နာရီကျော်မှာ ကား
ငှါးပြီး ထွက်လို့ ၃ မိနစ်လောက်ပဲ ကြာသေး တယ်။ လုံးလုံး အမော ဖောက်လာလို့ ကားကို နောက်ပြန်လှည့်
ပြီးတော့ ရှင်ပါကူ ဆေးရုံကို ပြန်ဝင်ပြေးရတယ်။ ဆေးရုံကို ရောက်ပြီးတော့ ၁ မိနစ်လောက်အကြာမှာ လုံး
လုံး အသက်မရှိတော့ပါဘူး။ 
 
ဒီနေရာမှာ ကျွန်တော့် အမြင်ကတော့ ဆရာ တွေက လူနာအခြေအနေကို ပိုသိရပြီးတော့ ကျန်းမာရေး ဝန်
ဆောင်မှု ညံ့ဖျင်းမှု ကြောင ဖြစ်တယ်။ နောက်ပြီး တော့ သူတို့က ငွေမျက်နှာတစ်ခုတည်းကို ကြည့်ပြီးတော့
 ဆေးကုတယ်။ ပြီးတော့ လူနာ တွေပေါ်မှာ တာဝန်ယူ မှု တာဝန်ခံမှု အရမ်းနည်းတယ်။ အုပ်ချုပ်တဲ့လူတွေရဲ့ အားနည်းချက်ကြောင့် ဆရာဝန်တွေက သောင်းကျန်း ချင်တိုင်း သောင်းကျန်းနေကြတာ ဖြစ်ပါတယ်။ " ဟု သူ့၏ ခံစားချက်ကို ပြောပြသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲသော ကျေးလက်ဒေသများတွင် ဆေးရုံဆေးခန်းများ မရှိဆုံး ဖြစ်နေကြောင်း သိရ
သည်။ ထို့ကြောင့် နေမကောင်းဖြစ်လျှင် မြို့ပေါ်ကိုတက်ပြီး ဆေးကုသနေရပြီး ပိုက်ဆံမတတ်နိုင်သော လူနာ
များမှာ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝမရရှိပဲ ဆရာဝန်များ၊ သူနာပြုများ၏ လျစ်လျူရှုမှုများကို
လည်း ခံနေရကြောင်း သိရသည်။ 
 
ထိုသို့ ဖြစ်နေရခြင်းသည် မြန်မာနိုင်ငံတွင် အုပ်ချုပ်သူများသည် အောက်ခြေ ပြည်သူလူထု များကို လျစ်လျူ
ရှုထားခြင်းကြောင့် ဆရာဝန်များနှင့် သူနာပြုများက ယခုကဲ့သို့ ပြုမှုဆက်ဆံနေခြင်းဖြစ်ကြောင်း သိရသည်။
 
Arakan Time 

0 comments:

Post a Comment